ေက်ာက္မဲၿမိဳ႕အနီး လက္နက္ကုိင္ေသာင္းက်န္းသူမ်ား ပစ္ခတ္မႈေၾကာင့္ ကၽြဲ၊၊ ႏြားတင္လာေသာကား ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ေသဆံုး
မႏၲေလး-မူဆယ္ ျပည္ေထာင္စုလမ္းမေပၚ ေက်ာက္မဲၿမိဳ႕အနီးတြင္ ကၽြဲ၊ ႏြားမ်ားတင္ ေဆာင္လာသည့္ ၁၂ ဘီးယာဥ္ကို ေသာင္းက်န္းသူ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ယမန္ေန႔ အေစာပိုင္းတြင္ ေသနတ္ျဖင့္ ပစ္ခတ္ရာ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ေသဆံုးခဲ့ သည္။
ျပည္ေထာင္စုလမ္းမႀကီး၏ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕အၾကား ဗူးခါးရြာအနီးတြင္ စက္တင္ဘာ ၈ ရက္နံနက္ ၇ နာရီခန္႔က အဆို ပါပစ္ခတ္မႈျဖစ္ပြားခဲ့သည္။
‘‘ကားက ေမာင္းလာခ်ိန္မွာ လမ္းေဘးေျပာင္းခင္းထဲကေန အရပ္ဝတ္နဲ႔ေသနတ္ကိုင္ထားသူ ေတြ ထြက္လာၿပီး ပစ္ခတ္တာလို႔ သိရတယ္။ ယာဥ္ေမာင္းေရာ၊ ယာဥ္ေနာက္လိုက္ေရာ ေသဆံုး သြားတယ္။ ဘယ္အဖြဲ႕က ပစ္လဲ ဆိုတာေတာ့ စံုစမ္းစစ္ေဆးေန တုန္းပါပဲ’’ဟု ရွမ္းျပည္နယ္ရဲတပ္ ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ေဇာ္ခင္ေအာင္က ေျပာသည္။
မူဆယ္နယ္စပ္သို႔ တရားဝင္ပို႔ေဆာင္မည့္ ကၽြဲႏွင့္ႏြားေကာင္ ေရတစ္ရာကို ၁၂ ဘီးယာဥ္ေလးစီး ျဖင့္ တင္ေဆာင္လာစဥ္ ပစ္ခတ္ ခံရျခင္းျဖစ္သည္။ ယာဥ္ေမာင္း သည္ ေသနတ္ဒဏ္ရာငါးခ်က္၊ ယာဥ္ေနာက္လိုက္သည္ ေလး ခ်က္ရရွိၿပီး လူမႈကူညီေရးအဖြဲ႕ မ်ားက ေဆး႐ံုသို႔ ပို႔ေဆာင္ေသာ္ လည္း ေသဆံုးခဲ့သည္။ ေသနတ္ သမားမ်ားက ပစ္ခတ္ၿပီးေနာက္ ထြက္ေျပးၿပီး က်န္ကားသံုးစီး ဆက္လက္ထြက္ခြာသြားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။
‘‘ျပည္ေထာင္စုလမ္းမႀကီး ရဲ႕ ေက်ာက္မဲခ႐ိုင္လမ္းပိုင္းမွာ ၂၀၁၈ အတြင္း အခုလိုအပစ္ခံရ တာ ခုနစ္ႀကိမ္ရွိၿပီ။ တစ္နည္းနည္းနဲ႔ တားဆီးထိန္းခ်ဳပ္သင့္တယ္’’ ဟု ေက်ာက္မဲၿမိဳ႕နယ္ ဇီဝိတဒါန လူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိမ္းက ေျပာသည္။
ျပည္ေထာင္စုလမ္းေပၚတြင္ ေနာင္ခ်ိဳ-ေက်ာက္မဲ-သီေပါ လမ္းပိုင္းတြင္ မူဆယ္နယ္စပ္သို႔ ပို႔ေဆာင္ေသာ ႏြားကားမ်ား ေသ နတ္ျဖင့္ မၾကာခဏ ပစ္ခတ္ခံေနရ သည္။ ၂၀၁၈ အတြင္း ပစ္ခတ္မႈ ခုနစ္ႀကိမ္တြင္ အနည္းဆံုးငါးဦး ေသဆံုးခဲ့သည္။ ေသနတ္ျဖင့္ ပစ္ ခတ္ခံရေသာ ယာဥ္မ်ားသည္ ျပည္ပတင္ပို႔မည့္ ႏြားမ်ားကို အစိုးရ ခြင့္ျပဳခ်က္ျဖင့္ တရားဝင္သယ္ ေဆာင္ျခင္းျဖစ္ၿပီး လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မ်ားက ဆက္ေၾကးမရရွိ၍ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ေဒသခံမ်ားက သံုးသပ္ေျပာ ၾကားသည္။ အဆိုပါပစ္ခတ္မႈမ်ားႏွင့္ ပတ္သက္၍ မည္သည့္လက္နက္ကိုင္ေသာင္းက်န္းသူ အဖြဲ႕အစည္းကမွ် က်ဴးလြန္ေၾကာင္းဝန္ခံျခင္း၊ တာဝန္ခံ ျခင္းမရွိေပ။
သီေပါႏွင့္ ေက်ာက္မဲအပါ အဝင္ ရွမ္းေျမာက္ေဒသသည္ တအာင္း လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕ (TNLA)၊ ရွမ္းျပည္ျပန္လည္ထူ ေထာင္ေရးေကာင္စီ(RCSS)၊ ရွမ္း ျပည္တိုးတက္ေရးပါတီ (SSPP)ႏွင့္ ကခ်င္လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕ (KIA) တို႔လႈပ္ရွားေနသည္။ ထုိ႔အျပင္ ျပည္သူ႔စစ္အဖြဲ႕မ်ားလည္း ရွိသည္။

ကျောက်မဲမြို့အနီး လက်နက်ကိုင်သောင်းကျန်းသူများ ပစ်ခတ်မှုကြောင့် ကျွဲ၊၊ နွားတင်လာသောကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံး
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ် ကျောက်မဲမြို့အနီးတွင် ကျွဲ၊ နွားများတင် ဆောင်လာသည့် ၁၂ ဘီးယာဉ်ကို သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယမန်နေ့ အစောပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံးခဲ့ သည်။
ပြည်ထောင်စုလမ်းမကြီး၏ ကျောက်မဲနှင့် သီပေါမြို့အကြား ဗူးခါးရွာအနီးတွင် စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခန့်က အဆို ပါပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
‘‘ကားက မောင်းလာချိန်မှာ လမ်းဘေးပြောင်းခင်းထဲကနေ အရပ်ဝတ်နဲ့သေနတ်ကိုင်ထားသူ တွေ ထွက်လာပြီး ပစ်ခတ်တာလို့ သိရတယ်။ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော သေဆုံး သွားတယ်။ ဘယ်အဖွဲ့က ပစ်လဲ ဆိုတာတော့ စုံစမ်းစစ်ဆေးနေ တုန်းပါပဲ’’ဟု ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ပြောသည်။
မူဆယ်နယ်စပ်သို့ တရားဝင်ပို့ဆောင်မည့် ကျွဲနှင့်နွားကောင် ရေတစ်ရာကို ၁၂ ဘီးယာဉ်လေးစီး ဖြင့် တင်ဆောင်လာစဉ် ပစ်ခတ် ခံရခြင်းဖြစ်သည်။ ယာဉ်မောင်း သည် သေနတ်ဒဏ်ရာငါးချက်၊ ယာဉ်နောက်လိုက်သည် လေး ချက်ရရှိပြီး လူမှုကူညီရေးအဖွဲ့ များက ဆေးရုံသို့ ပို့ဆောင်သော် လည်း သေဆုံးခဲ့သည်။ သေနတ် သမားများက ပစ်ခတ်ပြီးနောက် ထွက်ပြေးပြီး ကျန်ကားသုံးစီး ဆက်လက်ထွက်ခွာသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
‘‘ပြည်ထောင်စုလမ်းမကြီး ရဲ့ ကျောက်မဲခရိုင်လမ်းပိုင်းမှာ ၂၀၁၈ အတွင်း အခုလိုအပစ်ခံရ တာ ခုနစ်ကြိမ်ရှိပြီ။ တစ်နည်းနည်းနဲ့ တားဆီးထိန်းချုပ်သင့်တယ်’’ ဟု ကျောက်မဲမြို့နယ် ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိမ်းက ပြောသည်။
ပြည်ထောင်စုလမ်းပေါ်တွင် နောင်ချို-ကျောက်မဲ-သီပေါ လမ်းပိုင်းတွင် မူဆယ်နယ်စပ်သို့ ပို့ဆောင်သော နွားကားများ သေ နတ်ဖြင့် မကြာခဏ ပစ်ခတ်ခံနေရ သည်။ ၂၀၁၈ အတွင်း ပစ်ခတ်မှု ခုနစ်ကြိမ်တွင် အနည်းဆုံးငါးဦး သေဆုံးခဲ့သည်။ သေနတ်ဖြင့် ပစ် ခတ်ခံရသော ယာဉ်များသည် ပြည်ပတင်ပို့မည့် နွားများကို အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင်သယ် ဆောင်ခြင်းဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက ဆက်ကြေးမရရှိ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်ဒေသခံများက သုံးသပ်ပြော ကြားသည်။ အဆိုပါပစ်ခတ်မှုများနှင့် ပတ်သက်၍ မည်သည့်လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းကမျှ ကျူး လွန်ကြောင်း ဝန်ခံခြင်း၊ တာဝန်ခံ ခြင်းမရှိပေ။
သီပေါနှင့် ကျောက်မဲအပါ အဝင် ရှမ်းမြောက်ဒေသသည် တအာင်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (TNLA)၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ကချင်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (KIA) တို့လှုပ်ရှားနေသည်။ ထို့အပြင် ပြည်သူ့စစ်အဖွဲ့များလည်း ရှိသည်။

0 comments:
Post a Comment