Friday, September 14, 2018

အညတရစစ္သားတစ္ဦး၏သမီး

အညတရစစ္သားတစ္ဦး၏သမီး
=====================
! ကိုယ္ခ်င္းစာတရားဆိုတာ
သင္ျပရံုနဲ႔တတ္မယ္႔အရာမဟုတ္ပါဘူး
ကိုယ္တိုင္ခံစားဖူးမွသာနားလည္မွာပါ ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
အေမ႔၀မ္းထဲကထြက္တဲ႔အခ်ိန္
ကၽြန္မအေဖတာ၀န္တစ္ဖက္နဲ႔
ဇနီးနဲ႔သမီးအနားမွာမရွိႏိုင္ခဲ႔ဘူး ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
ေက်ာင္းစေနရတဲ႔အရြယ္မွာ
ကၽြန္မအေဖတာ၀န္တစ္ဖက္နဲ႔
ေက်ာင္းလိုက္မအပ္ေပးခဲ႔ႏိုင္ဘူး ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
မိဘေတြအပို၀င္ေငြရွာခ်ိန္မရွိလို႔
ေမာင္ႏွမေတြႀကီးစဥ္ငယ္လိုက္
ေက်ာင္း၀တ္စံုအသစ္ ႏွစ္စဥ္မ၀တ္ႏိုင္ခဲ႔ဘူး ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
ေက်ာင္းၿပီးလို႔ဘြဲ႔ယူခါနီးမွာ
ကြ်န္မအေဖေရွ႕တန္းထြက္ေနရလို႔
မိစံုဖစံုမတက္ႏိုင္မွာစိုးရိမ္ေနခဲ႔ရဖူးတယ္ ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
အေဖေရွ႕တန္းကျပန္လာတိုင္း
ေတာစီးဖိနပ္အျမဲစီးရလို႔အပူေလာင္ေနတဲ႔
ေျခေထာက္ကိုၾကည့္ရင္းမ်က္ရည္ေတြ၀ဲခဲ႔ဖူးတယ္ ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
အေဖတို႔စစ္ေၾကာင္းလႈပ္ရွားေဟ႔ဆိုတိုင္း
ထိုင္မရထမရ ရင္ထဲကအပူလံုးၾကြလို႔
ေသာကေတြၾကားအိပ္လို႔ေတာင္မေပ်ာ္ခဲ႔ဘူး ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
ေရွ႔တန္းမွာ အငတ္ငတ္အျပတ္ျပတ္
ထမင္းေတာင္နပ္မမွန္တဲ႔အေဖ႔အေၾကာင္းေတြးရင္း
အစားအေသာက္ေကာင္းေတြေတာင္မစားရက္ခဲ႔ဘူး ...။

! ရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
ေရွ႕တန္းေတြအျမန္ျပန္၀င္ရဖို႔ဆုေတာင္းရင္း
ေရွ႕တန္းျပန္စစ္သည္ေတြၾကားမွာ
အေဖ႔မ်က္ႏွာျမင္ရမွသက္ျပင္းခ်ႏိုင္ခဲ႔ဖူးတယ္ ...။

! ဒါေတြရွင္တို႔ခံစားဖူးမွာမဟုတ္ပါဘူး
စစ္သားတစ္ေယာက္ရဲ႕သမီးမို႔
စစ္ေခြးလို႔သမုတ္သံေတြၾကားရင္
အသည္းထဲဆတ္ဆတ္ခါေအာင္နာလို႔
ရင္ထဲမွာ၀မ္းနည္းေၾကကြဲခဲ႔ရဖူးတယ္ ...။

! ဒါေပမယ္႔ ကၽြန္မအားမငယ္ပါဘူး
ကၽြန္မအေဖဟာအဖ်က္ရန္ကိုကာကြယ္လို႔
ႏိုင္ငံ႔အက်ိဳးအတြက္သယ္ပိုးထမ္းရြက္ေနတဲ႔
စေတးခံသူရဲေကာင္းႀကီးတစ္ေယာက္အျဖစ္
ကၽြန္မဘ၀တစ္ေလွ်ာက္လံုးဂုဏ္ယူေနခြင္႔ရွိတယ္ေလ ...။

အညတရစစ္သားတစ္ဦး၏သမီး

credit- A Lin Yaung


Image may contain: 1 person, standing

အညတရစစ်သားတစ်ဦး၏သမီး
=====================
! ကိုယ်ချင်းစာတရားဆိုတာ
သင်ပြရုံနဲ့တတ်မယ့်အရာမဟုတ်ပါဘူး
ကိုယ်တိုင်ခံစားဖူးမှသာနားလည်မှာပါ ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
အမေ့ဝမ်းထဲကထွက်တဲ့အချိန်
ကျွန်မအဖေတာဝန်တစ်ဖက်နဲ့
ဇနီးနဲ့သမီးအနားမှာမရှိနိုင်ခဲ့ဘူး ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
ကျောင်းစနေရတဲ့အရွယ်မှာ
ကျွန်မအဖေတာဝန်တစ်ဖက်နဲ့
ကျောင်းလိုက်မအပ်ပေးခဲ့နိုင်ဘူး ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
မိဘတွေအပိုဝင်ငွေရှာချိန်မရှိလို့
မောင်နှမတွေကြီးစဉ်ငယ်လိုက်
ကျောင်းဝတ်စုံအသစ် နှစ်စဉ်မဝတ်နိုင်ခဲ့ဘူး ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
ကျောင်းပြီးလို့ဘွဲ့ယူခါနီးမှာ
ကျွန်မအဖေရှေ့တန်းထွက်နေရလို့
မိစုံဖစုံမတက်နိုင်မှာစိုးရိမ်နေခဲ့ရဖူးတယ် ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
အဖေရှေ့တန်းကပြန်လာတိုင်း
တောစီးဖိနပ်အမြဲစီးရလို့အပူလောင်နေတဲ့
ခြေထောက်ကိုကြည့်ရင်းမျက်ရည်တွေဝဲခဲ့ဖူးတယ် ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
အဖေတို့စစ်ကြောင်းလှုပ်ရှားဟေ့ဆိုတိုင်း
ထိုင်မရထမရ ရင်ထဲကအပူလုံးကြွလို့
သောကတွေကြားအိပ်လို့တောင်မပျော်ခဲ့ဘူး ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
ရှေ့တန်းမှာ အငတ်ငတ်အပြတ်ပြတ်
ထမင်းတောင်နပ်မမှန်တဲ့အဖေ့အကြောင်းတွေးရင်း
အစားအသောက်ကောင်းတွေတောင်မစားရက်ခဲ့ဘူး ...။

! ရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
ရှေ့တန်းတွေအမြန်ပြန်ဝင်ရဖို့ဆုတောင်းရင်း
ရှေ့တန်းပြန်စစ်သည်တွေကြားမှာ
အဖေ့မျက်နှာမြင်ရမှသက်ပြင်းချနိုင်ခဲ့ဖူးတယ် ...။

! ဒါတွေရှင်တို့ခံစားဖူးမှာမဟုတ်ပါဘူး
စစ်သားတစ်ယောက်ရဲ့သမီးမို့
စစ်ခွေးလို့သမုတ်သံတွေကြားရင်
အသည်းထဲဆတ်ဆတ်ခါအောင်နာလို့
ရင်ထဲမှာဝမ်းနည်းကြေကွဲခဲ့ရဖူးတယ် ...။

! ဒါပေမယ့် ကျွန်မအားမငယ်ပါဘူး
ကျွန်မအဖေဟာအဖျက်ရန်ကိုကာကွယ်လို့
နိုင်ငံ့အကျိုးအတွက်သယ်ပိုးထမ်းရွက်နေတဲ့
စတေးခံသူရဲကောင်းကြီးတစ်ယောက်အဖြစ်
ကျွန်မဘဝတစ်လျှောက်လုံးဂုဏ်ယူနေခွင့်ရှိတယ်လေ ...။


အညတရစစ်သားတစ်ဦး၏သမီး

0 comments:

Post a Comment