Monday, September 3, 2018

စစ္သားဆိုတာ ..... ျပည္သူကေမြး ႏိုင္ငံေတာ္အေရးအတြက္

စစ္သားဆိုတာ .....
ျပည္သူကေမြး ႏိုင္ငံေတာ္အေရးအတြက္
ျပည္သူၾကားက
စစ္ထုတ္ထားတဲ့ ျပည္သူ႔ရဲ႕သားေတြ

စစ္သားဆိုတာ .....
တိုင္းျပည္အေရး ႏိုင္ငံအေရးအတြက္
ကိုယ္ေရာ စိတ္ပါႏွစ္ႁမွပ္ေနေပမဲ့
မိသားစုအေရးကို
ျပန္မၾကည့္ႏိုင္တဲ့ လူထူးဆန္းေတြ

စစ္သားဆိုတာ .....
ေသမယ္မွန္းသိေနတဲ့ေနရာကို
တက္ ဆိုတဲ့ အမိန္႔သံၾကားရင္
ေျပးတက္ဖို႔ဝံမေလးတဲ့ ေသရြာမေၾကာက္
လူၾကမ္းေတြ

စစ္သားဆိုတာ .....
အျပင္ပန္းကသာ
မာထန္ေနေပမဲ့
တကယ္တန္းက ခံစားခ်က္ကိုယ္စီနဲ႔
တစ္ေယာက္တည္းႀကိတ္ feel တဲ့ အုံပံုးသမားေတြ

ဒီလိုအခ်က္ေတြနဲ႔
ျပည့္စံုသူေတြဟာ စစ္သားျဖစ္ၾကရတယ္
စစ္သားျဖစ္ၾကရလို႔ ဒီအခ်က္ေတြနဲ႔ျပည့္စံုရတယ္
ထို႔ေၾကာင့္ ....
ကၽြႏ္ုပ္တို႔ကို စစ္သားလို႔ေခၚတယ္
------------------------------------
မင္းထက္ေက်ာ္ေဇာ


စစ်သားဆိုတာ .....
ပြည်သူကမွေး နိုင်ငံတော်အရေးအတွက်
ပြည်သူကြားက
စစ်ထုတ်ထားတဲ့ ပြည်သူ့ရဲ့သားတွေ

စစ်သားဆိုတာ .....
တိုင်းပြည်အရေး နိုင်ငံအရေးအတွက်
ကိုယ်ရော စိတ်ပါနှစ်မြှပ်နေပေမဲ့
မိသားစုအရေးကို 
ပြန်မကြည့်နိုင်တဲ့ လူထူးဆန်းတွေ

စစ်သားဆိုတာ .....
သေမယ်မှန်းသိနေတဲ့နေရာကို
တက် ဆိုတဲ့ အမိန့်သံကြားရင်
ပြေးတက်ဖို့ဝံမလေးတဲ့ သေရွာမကြောက် 
လူကြမ်းတွေ

စစ်သားဆိုတာ .....
အပြင်ပန်းကသာ
မာထန်နေပေမဲ့
တကယ်တန်းက ခံစားချက်ကိုယ်စီနဲ့
တစ်ယောက်တည်းကြိတ် feel တဲ့ အုံပုံးသမားတွေ

ဒီလိုအချက်တွေနဲ့
ပြည့်စုံသူတွေဟာ စစ်သားဖြစ်ကြရတယ်
စစ်သားဖြစ်ကြရလို့ ဒီအချက်တွေနဲ့ပြည့်စုံရတယ်
ထို့ကြောင့် ....
ကျွန်ုပ်တို့ကို စစ်သားလို့ခေါ်တယ်
------------------------------------

မင်းထက်ကျော်ဇော

Image may contain: shoes

0 comments:

Post a Comment