'' ဦးဗိုလ်ကြီး …
credit- ဇေယျကျော်ထင်
နယ်မရှောင်တဲ့ ကြယ်ပြောင်တွေ ရှေ့တန်းပြန်ဝင်လာတော့ …
လောက်ကိုင်မှာ တိုက်ပွဲကျပြီး ပြန်မလာနိုင်ခဲ့တဲ့
ကျွန်တော့်ရဲဘော်လေးရဲ့ သားက …
ကျွန်တော့်ညီငယ် တပ်ခွဲမှူးကို ဒီလို မေးတယ် - တဲ့ ။
'' ဦးဗိုလ်ကြီး …
သားအဖေဘယ်မှာလဲဟင် … '' တဲ့ ။
စကားလေးတစ်လုံးစနှစ်လုံးစနဲ့
ကမ္ဘာကြီးတစ်ခုလုံး ပျောက်ဆုံးသွားရသလို အဖြစ်မျိုး
ခင်ဗျားတို့ ကြုံဖူးရဲ့လား …
ခင်ဗျားတို့ ကြုံဖူးရဲ့လားဗျ … ဟင် ။ ။
credit- ဇေယျကျော်ထင်
0 comments:
Post a Comment