Sunday, March 31, 2019

နိုင်ငံကို ချစ်တာတော့ အတူတူပဲ


ယူနီဖောင်းအရောင်မတူဘူး .......
ဒါပေမယ့် နိုင်ငံကို ချစ်တာတော့
အတူတူပဲ ......


Image may contain: 2 people, people smiling, hat and closeup 
 
Image may contain: 2 people, people smiling, people standing 
 
Image may contain: 3 people, people smiling, people standing 
 
Image may contain: 4 people, people smiling 
 
Image may contain: 6 people, people smiling, people standing 
 
 

ခင်​ဗျားတို့ပါးစပ်​ထဲကစစ်​​ခွေးအ​ကြောင်း တစ်​ပိုင်းတစ်​စ

ခင်​ဗျားတို့ပါးစပ်​ထဲကစစ်​​ခွေးအ​ကြောင်း တစ်​ပိုင်းတစ်​စ
***************************************
ဟုတ်​ကဲ့ ...
ကျ​နော်​တို့က ခိုင်းရာ​နေ ​စေရာသွား ​ပေးတဲ့လစာ​လေးနဲ့
့လောက်​​အောင်​စား အသက်​ကို​ပေးပြီး သခင်​ကိုကာကွယ်
နေရတဲ့သူ​တွေမို့ စစ်​​ခွေးလို့ဆိုချင်​လည်း ဆိုပါ​လေ ...
.
မျက်​ရည်​နဲ့​သွေးကို​ရောပြီး အမိ​မြေကိုသခင်​မှတ်
တိုင်းပြည်​ကိုကာကွယ်​ရင်း ကျဉ်​မ​ကြောက်​ မီးမ​ကြောက်​ ခ​ယောင်းလမ်း​တွေ​လျှောက်​​နေတဲ့သူမို့လည်း
ခင်​ဗျားစစ်​​ခွေးလို့ဆိုချင်​လည်း ဆိုပါ​လေ ...
.
သေနတ်​ထမ်း
ဓားပိုက်
တိုင်းပြည်​အတွက်​ သူပုန်​ကိုတိုက်​ထုတ်​​နေရတဲ့သူ​တွေမို့ စစ်​​ခွေးလို့ ဆိုချင်​လည်း ဆိုပါ​လေ ...
.
တပ်​ထဲမ​ရောက်​ခင်​ကတည်းက တိုင်းပြည်​အတွက်
ပြည်​သူ့အတွက်​ဆိုပြီး စိတ်​နဲ့ကိုယ်​ကိုသတိ​ပေးထား
မိဘ​တွေရဲ့​ဝေးရာကိုထွက်​ ​မေတ္တာ​တွေအပြည့်​နှက်​နဲ့
ယူနီ​ဖောင်းဝတ်ခဲ့တာမို့ အရာအားလုံးကိုသီးခံထားနိုင်
ခဲ့သူ​တွေမို့ စစ်​​ခွေးလို့​ပြောချင်​က ထပ်​​ပြောပါ​လေ ...
.
ကျေနပ်​​အောင်​သာ ​ပြောပါ​လေ ...
ကျေနပ်​​အောင်​သာဆဲပါ​လေ ...
.
ဒါ​ပေမယ့်
ခင်​ဗျားတို့မုန်းတီးရွံရှာ​နေတဲ့စစ်​​ခွေးအ​ကြောင်းကို
ကိုယ်​တိုင်​သိဖို့​တော့ တပ်​ထဲကိုလာခဲ့ဖို့ဖိတ်​​ခေါ်ပါရ​စေ ...
.
လာခဲ့ပါ ...
ကျ​နော်​တို့တပ်​ထဲ​ရောက်​ခါစကလို အခက်​ခဲ​တွေမရှိ​အောင်​ ကူညီပါ့မယ်​ ...
.
စစ်​​ခွေး​တွေရဲ့ စရိုက်​ အ​နေအထိုင်​ ​မေတ္တာ ​စေတနာ
ဆိုတာ​တွေကို ကိုယ်​တိုင်​လာ​ရောက်​​လေ့လာကြည့်​ပါ ...
.
စစ်​တပ်​ကိုဖာင်းထုချင်​ရင်​ စစ်​တပ်​အ​ကြောင်းကို 
သေချာ​လေ့လာဖို့​တော့ လိုလိမ့်​မယ်​မလား ?
.
သင်​ ....
စစ်​သားတစ်​​ယောက်​မဖြစ်​ဖူးဘဲနဲ့​တော့ 
လေသံကြား တရားနာသူများ​ ယောင်​တိုင်း
လိုက်​​ယောင်​ရင်​​တော့ တစ်​​လောကလုံးမှာ
အမှားကြီးမှားခဲ့သူက သင်​ပဲဖြစ်​သွားပြီဆိုတာ​လေး​တော့
သတိပြုမိပါ​စေ ...
.
အားလုံးကို စစ်​တပ်​က​နေ ဖိတ်​​ခေါ်​နေပါတယ်​ ...
.
ချစ်​သူ မုန်းသူ နှစ်​မျိုး နှစ်​ပါဒမခွဲခြား
ညီကိုအရင်းပမာနဲ့ကြိုဆို​နေဆဲပါ ။။။။။

စိုင်း​ဝေ(ပုတီးကုန်း)

Image may contain: 1 person, outdoor

Saturday, March 30, 2019

(ဝမ်ဟိုင်း)ပူးပေါင်းအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံး၊ လေးဦးဒဏ်ရာများ ရရှိ


(ဝမ်ဟိုင်း)ပူးပေါင်းအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံး၊ လေးဦးဒဏ်ရာများ ရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာနေ ရွာသူ/ရွာသား ခုနစ်ဦးတို့သည် ယနေ့နံနက် ၆ နာရီခန့်တွင် တောင်ယာသို့ သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်၎ ဖာလုံခန့် အကွာသို့အရောက်၌ TNLA နှင့် SSA (ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မအေးအောင်(ဘ)ဦးအိုက်ကွမ်း၊ ဦးအိုက်ဟုန်း (ဘ) ဦးအိုက်မွန်းနှင့် မောင်အိုက်လောင်(ဘ)ဦးအေးဝင်းတို့ သုံးဦးမှာ ၎င်းနေရာ၌ပင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မအေးကော့(ဘ)ဦးအိုက်ခမ်း၊ ဒေါ်အက်ေ ဆး (ဘ)ဦးစလိ၊ ဒေါ်အေးဆိုက်(ဘ)ဦးအိုက်ဆုတ်နှင့် မနန်းမိုနွမ်း(ဘ)ဦးအိုက်ဟင်းတို့ လေးဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာများအား သီပေါမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရမ်းဗြဲ လှေပြိုင်ပွဲ စီစဉ်ပြီးသားလဲ ပျက်ပြီ


AAကဗျူဟာပုံစံတခု​ပြောင်းသုံးလာ​တော့မယ်​ မြို့ထဲ ရွာထဲ အိမ်တွေကပစ်ရင် သေနတ်မသုံးပဲ ဂျင်ကလိတို့ လေးစူးတို့သုံးမယ် သတင်းရတယ် ဂျင်​ကလိ​တွေပန်းပဲဖို​တွေမှာလုပ်​​နေပြီ သူတို့က ဂျင်ကလိနဲ့ ပစ်လို့  စစ်တပ်က သေနတ်နဲ့ပြန်ပစ်မယ်ဆို သူတို့လိုချင်တဲ့အကွက်ကို စစ်တပ်ကရောက်သွားမယ်

လူမျိုး​ရေးအ​ရေးအခင်းတခုအသွင်​ပုံစံ​ပြောင်းပြီး ​မြေ​ပေါ်​မြေ​အောက်​​ပေါင်းလှုပ်​ရှားမယ်
ဧပြီ ၁၀ မတိုင်​မှီကာလမှာ သူတို့က လူထု အုံကြွမှုကိုပါ လိုချင်နေကြတယ်

အာ့​ကြောင့်​ရခိုင်​သင်္ကြန်​ပါ မလုပ်​​တော့တာ
ပွဲတွေလုပ်မဲ့ဟာကို ANP အုပ်စုက လိုက်ဖျက်နေတယ်

ရမ်းဗြဲ လှေပြိုင်ပွဲ စီစဉ်ပြီးသားလဲ ပျက်ပြီ
ဒီ​နေ့ ​မြေ​ပေါ်ရခိုင်​ပါတီ​တွေစစ်​​တွေမှာ ညီလာခံလုပ်​တယ်​ ​မြေ​ပေါ် ​မြေ​အောက်​ဘာ​တွေကြိတ်​ကြံ​နေတယ်​မသိ ခိုင်​သုခကလဲ မီဒီယာ​တွေကြွပါကြွပါနဲ့ဖိတ်​​နေတယ်

မေယုဌာနေသတင်းများ
 
Image may contain: text 
 
No photo description available.

သူတို့တွေကို ပြည်သူတွေချစ်ကြတယ် ......


သူတို့တွေကို ပြည်သူတွေချစ်ကြတယ် ......

ဘာ့ကြောင့်လဲဆိုတော့ .......
ပြည်သူတွေ ကောင်းကောင်း အိပ်နိုင်ဖို့
၂၄ နာရီ တာဝန်အပြည့်ယူထားလို့ပဲ ......

-သိရီ-
 
Image may contain: 2 people 
 
Image may contain: 2 people, people smiling, people standing 
 
Image may contain: 1 person, outdoor 
 
Image may contain: 3 people, people smiling, people sitting 
 
Image may contain: 4 people, people smiling, people standing and outdoor 
 
 

သူငယ်ချင်း သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တယ်။


သူငယ်ချင်း သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တယ်။

သေဖော်သေဖက် ရဲဖော်ရဲဖက်တွေဆိုရင်
ပိုလို့တောင်မှ သံယောဇဉ်ကြီးကြတယ်။

ဘာ့ကြောင့်လဲဆိုတော့ အန္တရာယ်ကို
အမြဲတမ်းလက်တွဲပီးဖြေရှင်းနေကြရလို့ပဲ။

Image may contain: 2 people

ပြည်သူတွေရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ထားတဲ့ တပ်မတော်


လေဘေးလား .....
ရေဘေးလား .....
ပြည်သူတွေအပေါ်
ဘယ်လိုအန္တရာယ်တွေပဲ
ကျရောက်လာပါစေ ......

ပြည်သူတွေရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ထားတဲ့
တပ်မတော်


Image may contain: one or more people, people standing and outdoor

အမြဲသွေးစည်းတယ်။


စစ်သားက စစ်သားအလုပ် လုပ်တယ်။
ရဲက ရဲအလုပ် ရဲလုပ်တယ် ....... ။

အလုပ်တွေ မတူညီကြပေမယ့်
ခံယူချက်တွေ စိတ်ဓါတ်တွေကတော့
ဒီနိုင်ငံ ဒီလူမျိုးအတွက် ဖြစ်လို့
အမြဲသွေးစည်းတယ်။

-မိုးဟိဏ်း-
 

ရန်သူ့ ဆိုက်ဝါးသတိထား

ရန်သူ့ ဆိုက်ဝါးသတိထား
==============
AA သူပုန်အဖွဲ့က တပ်ကပြေးလာတဲ့ စစ်သည်
တစ်ယောက်ကို စစ်ဆေးနေသယောင် ဝါဒဖြန့်တဲ့
video file တစ်ခုတက်နေတာ တွေ့နေရတယ်။

video ထဲက စစ်သည်ဆိုသူပြောတဲ့ ကိုယ်ပိုင်နံ
ပါတ်နဲ့ တပ်ဝင်ရက်စွဲ တလွဲဖြစ်နေတာတွေ့ရတယ်။
အသက်အရ ကိုယ်ပိုင်နံပါတ်နဲ့လည်း ဘယ်လိုမှ
မဖြစ်နိုင်ဘူး။
ရန်သူကို သင်ပေးသလိုဖြစ်မှာစိုးလို့ ရှင်းမပြတော့
ဘူး။ စစ်သားတိုင်း သိနေတဲ့ကိစ္စမို့။ သိတဲ့သူများ
လည်း မပြောကြပါနဲ့။
သေချာတာကတော့
ဒီကောင်တွေ တပ်က ကိုယ်ပိုင်နံပါတ်နဲ့ တပ်ဝင်ရက်
စွဲတွေကို မသိသေးဘူး။ ကိုယ်ပိုင်နံပါတ်နဲ့ ရှိသင့်တဲ့
အသက်ကို မခန့်မှန်းတတ်သေးဘူး။ တပ်ဖွဲ့စည်းပုံ
တွေကို မသိသေးဘူး။
ဒါပေမယ့် ရန်သူဟာ propaganda ကို နည်းမျိုး
စုံနဲ့လုပ်နေတာ သတိထားဖို့လိုနေပြီ။
-
-
Myo Min Naing