Sunday, September 30, 2018
ယနေ့(၃၀.၉.၂၀၁၈)
မိုးထဲရေထဲက ...
လှိုင်သာယာ ၊ ရန်ကုန်
Credit ;
Cp#စ
ယနေ့(၃၀.၉.၂၀၁၈)
မိုးထဲရေထဲက ...
ရဟန်းရှင်လူပြည်သူများရဲ့...
" နိုင်ငံတော်၏အချူပ်အခြာအာဏာ နှင့် တပ်မတော်အား ဝင်ရောက်စွက်ဖက်နေသော ပြည်ပနိုင်ငံများမှအဖွဲ့အစည်းမျာအား ကန့်ကွက်ရှူံ့ချပွဲ "
လှိုင်သာယာ ၊ ရန်ကုန်
Credit ;
Cp#စသ
Saturday, September 29, 2018
တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့်ဆန္ဒဖော် ထုတ်ပွဲ တစ်နိုင်ငံလုံးတွင် ၄၆ကြိမ် ပြုလုပ်ပြီး စုစုပေါင်း အင်အား ၅၉ဝဝ၈၅ ဦး ဖြင့် ဆန္ဒဖော်ထုတ်ခဲ့
နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပမည်ဖြစ်
ကျောက်မဲမြို့နယ်၊ ဘူးခါးကျေးရွာ အနီး၌ နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်များအား SSA (ဝမ်ဟိုင်း) အဖွဲ့မှ လက်နက် ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ဖြတ်သန်း သွားလာ လျက် ရှိသော မော်တော်ယာဉ်များအား အကြမ်းဖက်သောင်းကျန်းသူများက မကြာခဏ နှောင့်ယှက်ပစ် ခတ်မှုများ ပြုလုပ်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလထိ နောင်ပိန် ကျေးရွာအနီးတွင် လေးကြိမ်၊ လွယ်လန်း လမ်းဆုံအနီးတွင် တစ်ကြိမ်၊ ကုန်းသာကျေး ရွာအနီးတွင် တစ်ကြိမ်၊ ရေပူကျေးရွာအနီး တွင် တစ်ကြိမ်၊ ခိုက်တုန်ဟုန်းကျေးရွာအနီး တွင် တစ်ကြိမ်နှင့် ဘူးခါးကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ်ဖြစ်ပွား ခဲ့သည်။
ယနေ့နံနက် ၁နာရီခန့်တွင်လည်း ကျောက်မဲမြို့နယ်၊ ဘူးခါးကျေးရွာ အနီး၌ ပျော်ဘွယ်မှ မူဆယ်သို့ ပြည် ထောင်စု ကားလမ်းမကြီး အတိုင်း နွားများတင်ဆောင်၍ မောင်းနှင်လာသော သိန်းသန်းမြင့်ကျော် ကုမ္ပဏီမှ မော်တော်ယာဉ်ငါးစီးအား အကြမ်းဖက် သောင်းကျန်း သူ နှစ်ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး နားခေါ် ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်တွင် နွားသယ်ယာဉ်ငါးစီး အနက်ရှေ့ဆုံးမှ မောင်းနှင်လာသော NISSAN အမျိုးအစား ၁၂ဘီး ယာဉ် အမှတ်၊ YGN/ 6J--— မော်တော်ယာဉ် ကားရှေ့ဘီးဘယ်ဘက်တွင် တစ်ချက်၊ ကားနောက်တံခါးတွင် နှစ်ချက် ထိမှန်ခဲ့ပြီး ယာဉ်ပေါ် ပါ နွားအကောင် ၂ဝ အနက် တစ်ကောင် လက်နက်ငယ် ထိမှန် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ် ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိစဉ် ဘူးခါးကျေးရွာ၏အနောက်တောင်ဘက် မီတာ ၇ဝဝ ခန့်အကွာတွင် Tricker အမျိုးအစား မော်တော် ဆိုင်ကယ်မောင်းနှင် လာသော မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ဆိုင်ကယ် အားထား၍ ထွက်ပြေးခဲ့ပြီး လိုက်လံဖမ်းဆီးရာ ၎င်း၏လွယ်အိတ်အတွင်းပါရှိသော တရုတ် လက်ပစ်ဗုံး တစ်လုံးဖြင့် ပြန်လည် ပစ်ခတ်ရန် ဆောင်ရွက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ ရသည်။ 
ဖမ်းဆီးရမိသူအား စစ်ဆေး မေးမြန်းချက် အရ ၎င်းသည် SSA (ဝမ်ဟိုင်း)အဖွဲ့ တပ်မဟာ၁ မှ တပ်သားအဆင့်ရှိ စိုင်းခိုင်လင်း ဆိုသူဖြစ်ကြောင်းနှင့် ယနေ့နံနက် နွားကား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်းသိရှိရပြီး ၎င်းနှင့်အတူ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ရှမ်းဘာသာဖြင့်ရေး သား ထားသော ဖုန်းမှတ်တမ်း စာအုပ်တစ်အုပ်၊ ပြည်ထောင်စုကားလမ်းမ ကြီးပေါ်တွင် နွားကားများအား ပစ်ခတ် ရန် လက်ရေးဖြင့် ရေးဆွဲထားသော မြေပုံကြမ်း တစ်စောင်တို့အား သိမ်းဆည်းရမိခဲ့ကာ အဆိုပါ သောင်းကျန်း သူအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
(Unicode Version)
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကားလမ်းမကြီးအား TNLA အကြမ်းဖက် သောင်းကျန်းသူများက လမ်းကြောင်း ပိတ်ဆို့ ဆက်ကြေး ကောက်ခံ
နေပြည်တော် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် မန်ပြိန်းကျေးရွာ အနီးရှိ ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယနေ့ နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က မော်တော်ယာဉ်များ အားရပ်တန့်၍ လမ်းကြောင်းပိတ်ဆို့ကာ ဆက်ကြေး ကောက်ခံလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွား ရောက် ရှင်းလင်း ခဲ့ရာ ညနေပိုင်းတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
အလားတူ ယနေ့နေ့လယ်ပိုင်းတွင်လည်း မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီးတစ်ဝိုက်ရှိ ပြည်ထောင်စုကား လမ်းမကြီးပေါ်၌ TNLAအကြမ်းဖက်သောင်းကျန်းသူအင်အားတချို့က ဆက်ကြေးကောက်ခံရန်အတွက် လမ်း ကြောင်း ပိတ်ဆို့ ထားသော ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းလျက်ရှိသည်။ ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ပြည်သူများ ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ တံခါးကျိုးပေါက်၍ ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်တွင် ရေစီးနှင့် အတူမျော ပါသွားခဲ့သည့် အရာရှိတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ
ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ တံခါးကျိုးပေါက်၍ ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်တွင် ရေစီးနှင့် အတူမျော ပါသွားခဲ့သည့် အရာရှိတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ 
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၏ ရေပို လွှဲတံခါးသည် ၂ဝ၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆ဝ ခန့်ကျိုးပေါက်ခဲ့သည့်ဖြစ်စဉ်၌ ဆွာမြို့ ရှိ နယ်မြေခံ တပ်ရင်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး မြတ်စံသည် ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ယင်းနေ့နံနက် ၈ နာရီ ၁ဝ မိနစ်ခန့်တွင် ရေစီးအားများပြား လာမှု ကြောင့် မျောပါသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါရေစီး နှင့်အတူ မျောပါသွားသည့် အရာရှိအား သြဂုတ် ၃ဝ ရက်မှစတင်၍ ရှာဖွေလျက်ရှိရာ စက်တင်ဘာ ၂၈ရက် ည ၆ နာရီခန့်တွင် ဆွာမြို့၊ ရွှေကဇောင်း ကျေးရွာ၏အရှေ့ဘက် မီတာ ၁ဝဝ ခန့်အကွာ ရှိ စစ်တောင်းမြစ်အတွင်း၌ စစ်ယူနီဖောင်းဖြင့် အလောင်းတစ်လောင်း မျောပါနေကြောင်း သတင်းအရ ရှာဖွေရေး အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရုပ်အလောင်း၏ အိတ်ကပ်အတွင်းမှ အရာရှိ စိစစ်ရေးကတ်၊ နိုင်ငံသား စိစစ်ရေး ကတ်နှင့် ယာဉ်မောင်း လိုင်စင်တို့အား တိုက်ဆိုင် စစ်ဆေးချက်အရ ဗိုလ်မှူးမြတ်စံ၏ ရုပ်အလောင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအရာရ ရုပ်အလောင်းအား ဆွာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ယနေ့ညနေပိုင်းတွင် စစ်အခမ်း အနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(Unicode Version)
Credit;
သိန္နီမြို့နယ် ၃၈မိုင်၊ မန်ပြိန်းရွာတွင် ..
အခွန်ကောက်ခံနေသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Credit;
ကျောက်မဲ၊ စက်တင်ဘာ-၂၉
နွားများသယ်ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီးပစ်ခတ်ခံရ
ကျောက်မဲ၊ စက်တင်ဘာ-၂၉
Image may contain: one or more people
ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာနှင့်ဗူးခါးကျေးရွာကြား၊ နားခေါ်ကျေးရွာအထွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာ(၂၉)ရက် နံနက် ၁း၀၀ နာရီခန့်က သိန်းသန်းမြင့်ကျော်ကုမ္ပဏီမှ တရားဝင်စာရွက်စာတမ်းများဖြင့် သယ်ဆောင်လာသည့် နွားကား ၅ စီးအနက် ရှေ့ဆုံးယာဉ်ဖြစ်သည့် ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာနေ ယာဉ်မောင်း ဝေလင်းခိုင် မောင်းနှင်လာသော ၁၂ ဘီးယာဉ်အား မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းသိရသည်။ ထိုသို့ဆိုင်ကယ်စီးလာသူ အရပ်ဝတ် လူနှစ်ဦးမှ မော်တော်ယာဉ်အား ရှေ့မှပစ်ခတ်ခဲ့ပြီး ကျော်ဖြတ်သွားစဉ်တွင်လဲ ထပ်မံပစ်ခတ်သွားကြောင်းသိရသည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် မော်တော်ယာဉ်၏ ရှေ့ဝဲဘက်ဘီးကျည်ဆံတစ်ချက်ထိမှန်၊ နောက်ပိတ်တံခါးကျည်ဆံတစ်ချက်ထိမှန်ပြီး ယာဉ်ပေါ်ရှိနွားတစ်ကောင် ကျည်ဆံနှစ်ချက်ထိမှန်ခံခဲ့ရကြောင်းနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်တို့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိကြောင်းသိရသည်။
No automatic alt text available.
No automatic alt text available.
Credit Tiger Tiger
နမ့်အွန်မှာ ပိတ်နေပြီ လက်နက်ကြီးသံတွေက ဗျောက်ဖောက်သကဲ့သို ဆူညံ(မူဆယ်လမ်း)
Credit Tiger Tiger
Image may contain: one or more people and outdoor
ကွတ်ခိုင်မြို့နယ် မန်ပိန်းရွာ စာသင်ကျောင်းရှေ့
နှင့် မူစယ်မြို့နယ် နမ့်အွန်ရွာတို့တွင် 
စက်တင်ဘာလ ၂၉ ရက် မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့က ဘီးခွန်ကောက်။ ခရီးသည်တင်
ကုန်တင်ကားတန်း လမ်းတွင် ၂ နာရီခန့်အကြာ လမ်းပိတ်မိ။
Photo credit to..မြောက်ပိုင်းခရီးသွား
Image may contain: plant, outdoor and nature
Image may contain: one or more people, sky, tree, outdoor and nature
Friday, September 28, 2018
ဖိတ်ကြားခြင်း
အချူပ်အခြာအာဏာအား 
နေ့စွဲ။ ။(30.9.2018)တနင်္ဂနွေနေ့
အချိန်။ ။နေလည်(2:00)မှညနေ(6:00)အထိ
တပ်မတော်နှင့်မြန်မာနိုင်ငံ၏ 
အချူပ်အခြာအာဏာအား 
ဝင်ရောက်စွက်ဖက်နေသော
ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းမျာအား 
ကန့်ကွက်ရှူံ့ချပွဲအား တက်ရောက်ပေးပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့စွဲ။ ။(30.9.2018)တနင်္ဂနွေနေ့
အချိန်။ ။နေလည်(2:00)မှညနေ(6:00)အထိ
စုရပ်။ ။BOCကားမှတ်တိုင်းအနီး၊လှိုင်သာယာမြို့နယ်၊ 
ရန်ကုန်တိုင်းဒေသကြီး။
မန်းတောင်ခြေက
မန်းတောင်ခြေက
ကိုရွှေဘတို့ အိမ်ပြန်ချိန်
ချစ်သောသဘာဝ လှပစုံနေ
PT ပြေးနေ ဂျိုးဖြူမြေ။
ငါချစ်မိပေ ငါ့အမိမြေ။
ကာလတစ်ခု အခြေပြု၍
Credit- AMY ZAW IR.
Image may contain: 4 people, people standing, tree, outdoor and nature
စိမ်းရောင်ထူထူ အလံတလူလူနှင့်
တောတောင်ရေလမ်း စစ်ရောင်လွှမ်း၍
ချစ်သောသဘာဝ လှပစုံနေ
ငါတို့ချစ်ပေ ဂျိုးဖြူမြေ။
မနက်မိုးသောက် အာရုံရောက်၍
လမင်းထိန်ထိန်အရောင်မှိန်ချိန်
ကြံခိုင်စွမ်းအား တပ်မတော်သားတို့ 
ဆောင်ပုဒ်ကိုယ်စီ သံပြိုင်ဆိုပြီး
PT ပြေးနေ ဂျိုးဖြူမြေ။
နေပူမရှောင် မိုးရွာမရှောင် 
အောင်လံထူဖို့ သေနတ်ဆွဲလို့ 
တောတောင်ကိုတက် ရေပြင်ဖြတ်၍
အမိမြေအတွက် ကြိုးစားနေပေ 
ငါတို့ချစ်တဲ့စစ်သားတွေ……………။
သစ္စာလေးရပ် ဓိဋ္ဌာန်ချက်တွေ 
မပြတ်နေ့စဉ် ဆိုစဉ်ခါ၌
ရင်မှာလှိုင်းသိမ့် မျိုးချစ်စိတ်က
နိုးကြားတက်ကြွ ကြက်သီးထမိ 
ငါချစ်မိပေ ငါ့အမိမြေ။
တက္ကသိုလ်လူငယ် တို့တတွေလဲ
ခြေဖဝါးနုနု သွေးခြေဥပါစေ
ရစဉ်ခဏ အခွင့်ရေးတမျှကို 
ကောင်းစွာအသုံးချ လေ့ကျင့်ကြပေ
စစ်ရေးစစ်ရာ အတတ်ပညာတွေ။
ကာလတစ်ခု အခြေပြု၍ 
မောင်ရင်းညီမသဖွယ် သံယောဇဉ်တွေမြဲလို့ခိုင် 
အိမ်ပြန်ခရီးဆို၏ငြားလဲ အပြုံးပန်းတို့မပွင့်နိုင်
ချစ်တဲ့မြေတွင် ဆက်နေဆိုလဲမဖြစ်နိုင် 
တပ်မတော်ထမင်းဟင်းအမြဲစားဆိုလဲမစားနိုင်
နေမိုးမရှောင်လေ့ကျင့်ဆိုလဲမကျင့်နိုင် 
သို့သော် သို့သော် ချစ်တဲ့မြေကို
မခွဲနိုင်လေ့တော့ ကျလေဦးတော့မျက်ရည်တွေ
ကျန်ရစ်ပေဦးသာသည့်မြေ။
အမှတ်တရတွေ ကျန်လို့နေ
ငါတို့ချစ်တဲ့ချစ်စရာ့ဂျိုးဖြူမြေ။
Credit- AMY ZAW IR.
တပ်မတော်သား/သမီးတို့၏ ချစ်စရာ့ပုံရိပ်များ
ဒါလေးထိုးတာကို
ဖြစ်နေတာ ဖြစ်နေတာ
ဒါလေးထိုးတာကို
ဖြစ်နေတာ ဖြစ်နေတာ
Image may contain: one or more people and people sitting
………………………
မောင် ပြန်လာပြီပေါ့
ကျွန်မ သနားမိပါသည်။
မျက်ရည်လည် မိပါရဲ့။
သုတ်မိပါတယ်။
မောင်ရယ်။
မောင့်အတွက်ဆိုရင်
ပြေစေနိုင်တဲ့။
(စမ်းကျမေတ္တာ
Image may contain: one or more people, people standing and outdoor
ကျွန်မရင်မှာမှေးစက်ပါမောင်
………………………
မောင် ပြန်လာပြီပေါ့
ရှေ့တန်းကပြန်လာတဲ့မောင့်ကို
ကျွန်မ သနားမိပါသည်။
ပါးရိုးတွေကျနေအောင် ပိန်နေတဲ့မောင့်ရဲ့မျက်နှာ
နှုတ်ခမ်းမွှေးကားကားနဲ့
ဆံပင်က ဖရိုဖရဲ ညစ်စုပ်နေတဲ့မောင့်ခန္ဓာ
ကျွန်မ တစေ့စေ့ကြည့်ရင်း
မျက်ရည်လည် မိပါရဲ့။
ကျွန်မ ပါးပြင်က မျက်ရည်စတွေကို
မောင်မသိအောင် တိတ်တိတ်ကလေး
သုတ်မိပါတယ်။
သြော်…မောင်ရယ် ဘုရားပေးတဲ့ဆု
ကောင်းခြင်းကံကြမ္မာတွေကြောင့်လား အသက်မသေပဲ ပြန်ရောက်လာလို့ ကျေးဇူးတင်ပါတယ်မောင်။
မောင် စစ်ဆင်ရေးကပြန်လာတော့
ကျန်းမာရေးက သိပ်မကောင်းဘူးလေ
အိပ်နေလိုပ်တာ အပြစ်ကင်းစင်တဲ့
ကလေးလေးတစ်ယောက်လိုပါပဲလား
မောင်ရယ်။
မောင် ကျွန်မရဲ့ညာလက်မောင်းလေးပေါ်မှာ ခေါင်းအုံး မောင့်ရဲ့ ညာလက်ကလေးက ကျွန်မ ရင်ဘက်ပေါ်ကိုတင်ပြီး အိပ်စက်နေလိုက်ပုံက သနားစရား
ကလေးတစ်ယောက်လိုပါပဲလား။
မောင်အိပ်ပါစေလေ ကျွန်မ လက်မောင်းတွေဘယ်လောက်ပဲ
ညောင်းပါစေ နာကျင်ပါစေ
ဒီအချိန်လေးမှာ မောင်ကအနားယူရတာလေ။
ကျွန်မ ခင်ပွန်းစစ်သားကြီးက
ဘယ်လိုပင်ရုပ်ဆိုးနေပါစေ
ကျွန်မ မျက်ဝန်ထဲမှာတော့
အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လိုပါပဲ။
ကျွန်မ မောင့်ရဲ့ဇနီးတစ်ယောက်ဖြစ်ရလို့
ကံကြမ္မာကြီးကို ကျေးဇူးတင်မိတယ်
မောင့်အတွက်ဆိုရင်
ကျွန်မ နှလုံးသားက အခန်းနားဆုံးသော ဧည့်ခန်းကြီးတစ်ခုဖြစ်နေမှာပါမောင်
မောင် မှေးစက်ဖို့ ရင်ခွင်ကြီးပါမောင်
မောင် ပင်ပန်းလာတဲ့အခါတိုင်
အမောတွေပြေစေသလို ပင်ပန်းမှုတွေ
ပြေစေနိုင်တဲ့။
(စမ်းကျမေတ္တာ
မွှေးသစ္စာ သာယာလှပ စိမ်းမြမြသာ
ကြည်နူးကမ္ဘာ ဥယာဉ်မှူးပမာ
သာယာချမ်းမြေ့ ရင်ခွင်ငွေ့မှာ
မှေးစက် ခိုရာ မေ့ရင်မဟာ)
ခိုပါနားပါ တွယ်တာစွာဖြင့် ထာဝရအရိပ် ထွေးသိပ်မှာပါ မောင်။
credit-ဇွန်မမမိုး ( ဧရာဝတီ)
အၿပံဳးကုိယ္စီ
credit-Mg Htay
Image may contain: 3 people, people smiling, people sitting
ကြည်နူးစရာ အပြုံးကိုယ်စီ .......
credit-Mg Htay
==========================
။။။။။။။။။နေ့တစ်နေ့။။။။။။။။
---မနက်---
=======
"ရှိရင်းဘယ်လောက်...
တန်းစီဘယ်လောက်..
ပျက်ကွက်(၂)ယောက်"
"ဘာဖြစ်တာလည်း ၂ယောက်က"
"ဟိုအဖွဲ့က .. ဟိုနေရာ....
မသာ....ရအောင် လိုက်ရှာ...
ပြန်သတင်းပို့ကွာ"
ပြန် သတင်းပို့"
ရောက်ရင်သတင်းလာပို့"
ဟုတ်တယ်...."
"ဗိုလ်ကြီး"
"အောင်မလေးးးးး"
---နေ့လည်--
========
အေးပါကွားး"
"သင်္ကြန် ကျသလိုသာ ရေဖြန်ပေးဗျာ..
ထူးရင် သတင်းပို့"
"မနက်ဖြန် လပြည့် ဓမ္မာစင်္ကြာရွတ်ဖို့ရှိတယ် ဗိုလ်ကြီး"
--ညနေ---
======
ရော့..ရော့..သွားဝယ်..ဟူးး"
လခွီးးပဲ.."
---ည--
=====
"ဗိုလ်ကြီး"
"ဟေ"
သွား..ရအောင်ပေါင်း"
"ဘာထူးသေးလည်း"
"ခြင်ကိုက်တယ် ခင်ဗျ"
နနွင်းမှိုင်းတိုက်...
ခုတောင် ညတစ်နာရီ...
ပြန်သတင်းပို့"
"ဟိုဟာ.......သတင်းပို့............."
"ဒီဟာ........သတင်းပို့..............."
"ကလင်~~~~~~ကလင်~~~~~~~ကလင်~~~~~~~~"
"ဟဲ့....ပလုတ်တုတ်...."
"ဟဲလို"
@#$&$$€^¥€£©¥÷×±~±÷±~~±×
"ဘာ!!!!!!!" "
credit-By Hain Aung
Image may contain: 1 person, text
တပ်မတော် အရာရှိတစ်ဦး၏ တစ်နေ့စာအလွဲများ
==========================
။။။။။။။။။နေ့တစ်နေ့။။။။။။။။
---မနက်---
=======
"ရှိရင်းဘယ်လောက်...
တန်းစီဘယ်လောက်..
ပျက်ကွက်(၂)ယောက်"
"ဘာဖြစ်တာလည်း ၂ယောက်က"
"ရိပ်သာမှာ ရန်ဖြစ်လို့ ညက အချုပ်ထဲ ထည့်ထားတာပါခင်ဗျ"
"ပြီးရင် ရုံးတင်ဖို့ လုပ်ဗျာ"
"ဗိုလ်ကြီး ... ဝန်ထမ်းဘယ်နေရာ ခိုင်းရမလဲဗျ"
"ဟိုအဖွဲ့က .. ဟိုနေရာ....
ဒီအဖွဲ့က...ဒီနေရာခိုင်းဗျာ..ပုတ်ပြတ်ပေး"
"ဗိုလ်ကြီး ဝက်ခြံမှာ ညက ဝက်နှစ်ကောင် ခြံကျော်ပြီးလွတ်သွားတယ်"
"အာ..ဒေါင်းစားးတပည့်..ရဲစခန်းမှာအမှုသွားဖွင့်...
မသာ....ရအောင် လိုက်ရှာ...
တွေ့ရင် ပြန်သတင်းပို့"
"ဗိုလ်ကြီး ဆိတ်နှစ်ကောင် ဘောက်ဖတ်စားမိလို့ သေပီခင်ဗျ"
"ဟေ..နောက်တစ်ခါ ဆိတ်မစားခင် မင်းအရင်စားကြည့် သိလား....
ပေါ်ပြီး လူပျိုလိုင်းနဲ့အိမ်ထောင်သည်လိုင်း ဝေလိုက်ကွာ..ဟူးးး"
"ဗိုလ်ကြီး ဥစားကြက်တွေ ဥနှုန်း ကျသွားတယ်ခင်ဗျ"
"ဖင်ထဲက လိုက်နှိုက်ထုတ်ကွာ...လခွီးပဲ...
ဥတိုးဆေးကျွေး..အစာနဲ့ရေ ပုံမှန်ကျွေး..
မရရင် ကုမ္ပဏီကို ငါမေးပေးမယ်..
ပြန်သတင်းပို့ကွာ"
"ဗိုလ်ကြီး နွေစပါး ဘယ်အကွက် စစိုက်ရမလဲဗျ"
"တွေ့တဲ့အကွက်သာ ပိတ်စိုက်ပစ်..ပေါက်ဖို့လိုတယ်..
ပြန် သတင်းပို့"
"ဗိုလ်ကြီး ရိက္ခာထုတ်သွားမလို့ ဝါးတီးကဒ် လက်မှတ်ထိုးပေးပါအုံး"
"အေး..လာဗျာ..ရော့ကွာ..ရော့ကွာ..
ရောက်ရင်သတင်းလာပို့"
"ဗိုလ်ကြီး ငှက်ဖျားလူနာဆေးရုံပို့ရမယ်ခင်ဗျ..
ဗိုက်ကြီးသည် နှစ်ယောက်ပါ ပါမယ်ခင်ဗျ"
"ရိက္ခာထုတ်ကား နဲ့ တစ်ခါတည်း လိုက်ပီးပြ...
နောက်တစ်ခါ ဗိုက်မပူစေနဲ့ တစ်ခါတည်းပြောလိုက် MA ကြီး....
ဟုတ်တယ်...."
"ဗိုလ်ကြီး A4 ရော လီဂယ်ရောကုန်နေပီ..
ပရင်တာလည်း ဆေးမရှိတော့ဘူး"
"နေဦး စာရေးကရိယာဆိုင်က တရုတ်မကြီး ကျုပ်ယူထားလိုက်မယ်...
ရုံးအကူ လွှတ် ဝယ်ခိုင်းဗျာ...
ဒီမှာ ပိုက်ဆံ..ရော့..ရော့...ဟူးးး"
"ဗိုလ်ကြီး"
"အောင်မလေးးးးး"
"ပြန်တမ်းတွေ လက်မှတ်ထိုးပေးပါအုံး...
ရန်ပုံငွေနဲ့ ဆောင်ငွေတွေလည်း ချုပ်ရအုံးမယ်"
"အေးးးယူခဲ့ဗျာ...ရော့ဟာ...အင်းးဟာ..."
---နေ့လည်--
========
"တပည့် ဟင်းတွေကငန်လိုက်တာကွာ"
"ဟုတ်...အချိုမှုန်နဲ့ မှားထည့်မိလို့ ခင်ဗျ...
အေးပါကွားး"
"ဗိုလ်ကြီး နေပူတော့ အသားတိုးကြက်တွေ သေကုန်ပီဗျ"
"သြင်္ကန် ကျသလိုသာ ရေဖြန်ပေးဗျာ..
ထူးရင် သတင်းပို့"
"ဗိုလ်ကြီး အိမ်ထောင်သည်လိုင်းဘက်က ရေမလာဘူးဗျ"
"GE က ရေမီးအဖွဲ့တွေ အခုလိုက်ကြည့်ခိုင်း ...
ပြီးရင် ပြန်သတင်းပို့"
"မနက်ဖြန် လပြည့် ဓမ္မာစြင်္ကာရွတ်ဖို့ရှိတယ် ဗိုလ်ကြီး"
"လိုင်းထဲက ရဲမေတွေ လိုက်အော်ပြော..ကလေးခေါ်မလာစေနဲ့..
ယောဂီဝတ်စုံ အကုန်ဝတ်လာခိုင်း....
ပြီးရင် ပြန်သတင်းပို့ "
--ညနေ---
======
"ဗိုလ်ကြီး ... ဘောလုံးကန်ဖို ဘောလုံးကပေါက်နေပီခင်ဗျ"
"ကိုယ့် ဘောသာ ကိုယ် ဖြုတ်ကန်ကြကွာ...
ရော့..ရော့..သွားဝယ်..ဟူးး"
"ကင်း တန်းစီမဲ့နှစ်ကောင် နောက်ကျနေတယ်ဗိုလ်ကြီး"
"တာဝန်မှူး လိုက်ခေါ်ခိုင်း...
စုံရင် လာသတင်းပို့ဗျာ..."
ဗိုလ်ကြီး ...လိုင်းထဲမှာ ရဲမေနှစ်ယောက် ဘူးသီးလုရင်း ရန်ဖြစ်နေပီခင်ဗျ"
"အေးးRP ကို အရင်သွားပြော..ပြီးရင် ငါလာခဲ့ပါ့မယ်ကွာ..
နပန်းလုံးခိုင်းလိုက်ကွာ...နိုင်တဲ့သူ ဘူးသီးပေးလိုက်...
လခွီးးပဲ.."
"ဗိုလ်ကြီး စစ်ခရာအသံမကောင်းတော့ဘူးဗျ..တိုက်ချင်လို့ အာမီရမ်လေး"
"တပ်ထောက်စတိုမှာ သွားထုတ်...
ခရာလည်းတိုက်အုံး ...လူပဲလှိမ့်သောက်မနေနဲ့..ကြားလား"
---ည--
=====
"ဗိုလ်ကြီး လူပျိုလိုင်းက စကိုင်းနက်ကဒ်ကုန်နေပီဗျ...
ပရီးမီးယားလိဒ်ပွဲတွေတော့ လွတ်ပါပြီဗျာ"
"အေးပါ တပည့်တို့ရာ..ငါ ကန်ပြပါ့မယ်..
မနက် ထည့်ပေးပါ့မယ်..ဟူးး"
"ဗိုလ်ကြီး"
"ဟေ"
"ကျွန်မ ..ဒီကောင်နဲ့ မပေါင်းနိုင်တော့ဘူး...
ညညဆို မူးမူးပြီးတော့..အ..ဟီးးဟီးး လူလိုမလုပ်ဘူးးး ဟီးးးဟီးးးး"
"ဟဲ့.. နင့် ... ဘာတွေလုပ်လို့လဲ"
"ကျောကုန်းကို တတောင်နဲ့ထောင်းတယ် ပြောတာပါ"
"အာ...မပေါင်းချင်ရင် ငှက်ပျောတုန်းသာခုတ်ပေါင်း...
သွား..ရအောင်ပေါင်း"
"ကင်းလူစုံလားဟေ့" "ဟုတ်,စုံပါတယ်ခင်ဗျ" 
"ဘာထူးသေးလည်း"
"ခြင်ကိုက်တယ် ခင်ဗျ" 
"မသာ..ယပ်တော် လာသွင်းပေးရအုံးမလား...
နနွင်းမှိုင်းတိုက်...
ခြင်ထောင် သေချာထောင် အိပ်..ဟူးးး"
ဗိုလ်ကြီး မနက်ဖြန် စစ်ထွက်နဲ့ တန်းစီရမယ်ခင်ဗျ"
"အကုန်သိအောင် လိုက်ပြောဗျာ..မကျန်စေနဲ့...
ခုတောင် ညတစ်နာရီ...
ညွှန်ကြားချက်ကို ဖြစ်အောင်လုပ်ရမှာက ကျုပ်တို့တာဝန်ပဲ....
ပြန်သတင်းပို့"
"တာဝန်မှူး လူစုံရင်....,သတင်းပို့........."
"ကင်းမှူး လူစုံရင်.....သတင်းပို့......."
"ဟိုဟာ.......သတင်းပို့............."
"ဒီဟာ........သတင်းပို့..............."
"သတင်းပို့..........သတင်းပို့..........သတင်းပို့.........."
"မနက်ဖြန်.......မနက်ဖြန်.............မနက်ဖြန်....zzzzzzzz"
"ကလင်~~~~~~ကလင်~~~~~~~ကလင်~~~~~~~~"
"ဟဲ့....ပလုတ်တုတ်...." 
"ဟဲလို"
"နင်ငါ့ကို ဘာလို့ တစ်နေကုန် ဖုန်းမဆက်တာလဲ"
"ရည်းစားတစ်ယောက် ရှိသေးတယ် ဆိုတာရော သတိရသေးလား"
"နင် ငါ့ကို ဘယ်လို မိန်းမမှတ်နေလို့လည်း"
"နင်က ဘာတွေ ဒီလောက်လုပ်နေရလို့ ဖုန်းမဆက်နိုင်ရတာလဲ"
"သူများတွေဆို ၅ မိနစ်ခြား တစ်ခါလောက် ခေါ်နေတာ"
@#$&$$€^¥€£©¥÷×±~±÷±~~±×
"နင်နဲ့ ငါနဲ့ ..... ခုချိန်က စ ပြတ်ပီ"
"အေးးးး ပြတ်ရင်လည်း သတင်းတော့ ပို့ဟာ....
နင့် အရင်က ၃ယောက်လည်း အာ့လိုနဲ့ ပြတ်တာပဲ...."
"ဘာ!!!!!!!" "
credit-By Hain Aung
ပျော်ရွှင်ဖွယ် မိသားစုလေး
Image may contain: 1 person, sitting and outdoor
Thursday, September 27, 2018
ရန်ကုန် စက်တင်ဘာ ၂၆
တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ လှိုင်မြို့နယ်၌ ပြုလုပ်
ရန်ကုန် စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးရှေ့၌ ပြုလုပ်သည်။
''ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း အဖွဲ့က တပ်မတော်ရဲ့အရန်အင်အား ဖြစ်တာနဲ့အညီ တပ်မတော်ကို ထောက်ခံရင်းနဲ့ ပြင်ပကနေ ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့တပ်မတော်ကို နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်တင်ပုတ်ခတ် ဝေဖန်ပြောဆိုနေတာတွေကို ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ တပ်မတော်ရဲ့အရန်အင်အားဖြစ်တဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ဒို့တာဝန် အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက် ပေးနေတဲ့ တပ်မတော်ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ယုံကြည်လို့ တပ်မတော် ထောက်ခံပွဲ ပြုလုပ်တာပါ'' ဟု လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးတင်မြင့်(ငြိမ်း) ကပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော ၤ Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး နှစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၅ဝ ကျော်က ပါဝင် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၄၂ ကြိမ်၊စုစုပေါင်းအင်အား ၅၈၉၂၃၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဘားတိုက်ထဲမှာ
အန်နေတာကဘယ်နှယောက်၊
လို့ မပီကလာပီကလာပြော...
တာဝန်မှုးကလည်း
" ဟုတ်ကဲ့ပါရင်းမှူး။"
နောက်တန်းမှာ 
၄၃၆ ကို သူတို့ မသိဘူး..
ခံယူချက်က တာဝန်👍
နာခံမှုက အမိန့်👍
Credit မင်း​မော်
#ယ;နေ့ ရှေ့တန်းပြန်ဝင်သည့်နေ့
တပ်ရင်းမှူးက စစ်ဝင်မိန့်ခွန်းပြောပြီးသည်နှင့် သကောင့်သားများက သေနတ်အပ်၊ ရေချိုး အာမီရမ်ဆီသို့သဝေထိုးကြလေပြီ။ 
ည ၉နာရီခွဲတန်းစီတော့ ဖိနပ်ခါးကြားထိုးသူကထိုး၊ တစ်ယောက်ပုခုံး တစ်ယောက်ဖက်လို့ စိုင်းစိုင်မောဝ်ရဲ့ 'တောင်ပြာတန်းကသိတယ်' သီချင်းကို အာလေးရှာလေး ဆိုကြလေသတည်းပေါ့။
"ငါ့တို့ကောင်ကြီးသာ ပြန်ပါလာရင် သိပ်ပျော်ဖို့ကောင်းမှာ"
ငိုချင်းချလျက်ပြောသူက ပြောနေကြပြီ။ 
တန်းစီတာဝန်ခံ လူပျိုလိုင်း အင်ချပ်ကတော့ သူ့တပည့်တွေကို လူလိုက်စုနေချိန်။ 
ဓါတ်မီးတိုင်အောက်မှာ မှောက်နေတာက ဘယ်နှယောက်၊
သက်သာဆိုင်မှာ မထနိုင်တာက ဘယ်နှစ်ယောက်၊
ဘားတိုက်ထဲမှာ
အန်နေတာကဘယ်နှယောက်၊
ဆရာ့ကို တပည့် လေးစားပါတယ်ဆိုပြီး ဘာမဆိုင်ညာမဆိုင် အလေးလာပြုနေသူက ဘယ်နှယောက် စသည်ဖြင့်ပေါ့ ။
ဒီအချိန်မှာ အလုပ်အရှပ်ဆုံးလူကတော့ သုံးယောက်ရှိတယ်... တပ်တွင်းသက်သာဆိုင်က တပ်ကြပ်ကြီးရယ်၊ ဗဟိုကင်းကင်းမှူးရယ် တပ်ရင်းတာဝန်မှူးရယ်ပါ။
ဗဟိုကင်း အချုပ်ကတော့ ဝင်လာမစဲတသဲသဲပေါ့။
အချုပ်ခန်းကို ဒရွတ်ဆွဲဝင် ပါးစပ်ကလည်း
"ဗိုလ်ကြီးတပည့် တာဝန်ကျေတယ်နော်" 
လို့မပီကလာပီကလာပြော...
တာဝန်မှုးကလည်း
"မတတ်နိုင်ဘူးကွာ..မူးရင်တော့ထည့်မှာပဲ" လို့ ပြန်ရှင်းရတယ်။ 
မိုးလင်းတော့ တပ်ရင်းမှူးက တပ်ရေးဗိုလ်ကြီးကို
" အထဲမှာဘယ်လောက်တောင်ရောက်နေပြီလဲကွ"...
"တစ်ခွဲစာလောက်တော့ရှိပါပြီ ရင်းမှူး"
" အေးအေး ပြန်ထုတ်ပေးလိုက်တော့
ကွာ နောက်ထပ်ရောက်လာကြဦးမှာ"
" နှစ်ရက်လောက်အနားပေးပြီးရင်တော့ ပုံမှန်ဆက်လုပ်ပါ..တပ်က တစ်လခွဲပဲနားရမှာ..။"
" ဟုတ်ကဲ့ပါရင်းမှူး။"
အဲ တစ်ခုတော့ရှိတယ်..တချို့တပ်ခွဲက ကောင်တွေကျတော့ တစ်လခွဲနားတာ တစ်လလောက် အချုပ်ထဲ နေရသူကလည်း ရှိသေးတာပေါ့ 
တပ်ခွဲမှူးကတော့ ပြောတယ်..
"ဒီကောင်တွေ အပြင်မှာထားလို့ကို မရတာဗျ ဒီနေ့ထုတ် ဒီနေ့သောက်နဲ့ တစ်ချိန်လုံးမူးနေတာ ထည့်ထားတာပဲအေးတယ်" တဲ့။
အဲလိုမျိုး စစ်သားဆိုးဆိုးတဲ့ကောင်ကြီးတွေ၊
ရှေ့တန်းကပြန်လာတာတာနဲ့ ခံစားချက်မှန်သမျှ အရက်ပေါ်ပုံချတဲ့ကောင်ကြီးတွေ၊ 
နောက်တန်းမှာ 
အချုပ်ကို အိမ်လိုသဘောထားတဲ့ကောင်ကြီးတွေ၊ 
ပဲဟင်းတစ်ခွက် သေနတ်တစ်လက်
နဲ့ဘဝကိုချခင်းထားတဲ့ကောင်ကြီးတွေ။
ရှေ့တန်းရောက်ပြီဆိုရင်တော့..
"ပွိုင့် ဘယ်သူထွက်မလဲ" ဆို...
" ကျနော်ထွက်မယ်ဗိုလ်ကြီး" လို့ပါးစပ်ကတန်းခနဲ ပြောတတ်ကြတယ်။
" ဟိုတောင်ကုန်းဘယ်သူရှင်းမလဲ" ဆို...
"ကျနော်တို့ချမယ်ဗိုလ်ကြီး" လို့ မဆိုင်းမတွဖြေကြတယ်။
"ဒီချောင်းကိုဘယ်သူအရင်ဖြတ်မလဲ "ဆိုရင်
ကြိုးခွေကို ကိုယ်မှာသိုင်း၊ ပါးစပ်က ကြိုးစကိုကိုက်လို့ ရေပြင်ထဲ အရင်ဆုံးဒိုင်ဗင်ထိုးဆင်းတယ်။
ရဲဘော်ရဲဘက်တစ်ယောက် ကျကျန်ခဲ့ပြီဆို...
" ကျနော်ပြန်ဆွဲမယ်ဗိုလ်ကြီးရာ" လို့ခံစားချက်အပြည့်နဲ့ ပြောတတ်ကြတယ်။
ရှေ့မှာမိုင်းကွင်းရှိနိုင်တယ်ဆို...
"ကျနော်အရင်ဖြတ်မယ် ဗိုလ်ကြီး " လို့ ရဲရဲဝံ့ဝံ့ဖြေတတ်ကြတယ်..။
"တစ်ယောက် ဝင်တိုးဖို့လိုနေပြီ " လို့ တပ်ခွဲမှုးကပြောရင် သတ်ကွင်းကို မဆိုင်းမတွ ပြေးတက်ကာ သေမင်းကိုစိန်ခေါ်တတ်ကြတယ်။
သတ္တိသိပ်ကောင်းကြတယ်..
Do or Die စိတ်မွေးကြတယ်။
ဘယ်ရန်သူကိုမှ ထီမထင်တတ်ကြဘူး။ သိပ်ကိုအားကိုးရတဲ့ စစ်သားဆိုးကြီးတွေဖြစ်ကြတယ်။
သူတို့အတွက် ဘဝဆိုတာတိုက်ပွဲမဟုတ်၊
တိုက်ပွဲဆိုတာဘဝပဲလို့ ခံယူထားကြတယ်။
တပ်ခွဲမှူးတွေက ဒီလိုစစ်သားတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမလဲ ဘယ်နေရာရောက်ရင် ဘယ်လို အုပ်ချုပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းသိကြတယ်။
ဒီလိုပါပဲ တချို့တွေခေါ်ခေါ်နေကြတဲ့(စစ်ခွေး) ဆိုတဲ့သူတွေ တိုင်းပြည်အတွက် အသုံးမတည့်တဲ့ နေရာမရှိပါဘူး။
အထက်မှာကျနော်ပြောခဲ့တဲ့ စစ်သားဆိုးကြီးတွေဟာ...
နိုင်ငံရေးနားမလည်ဘူး
၄၃၆ ကို သူတို့မသိဘူး..
၅၉(စ)ကို ငှက်ပျောအူပြုတ်ဟင်းလောက် စိတ်မဝင်စားဘူး..
ပေါ်လစီဆိုတာ နားလည်ဖို့မပြောနဲ့ စာလုံးတောင် မပေါင်းတတ်ကြဘူး..
ဒီမိုကရေစီဆိုတာလည်း ကြားဖူးရုံပဲရှိတယ်..
ဖေ့ဘွတ်ကို သူတို့အများစုက မသုံးတတ်ဘူး..
တစ်ချို့တွေ သူတို့ကိုထိုင်ဆဲနေလည်း သူတို့မကြားရ မမြင်ရဘူး...
အခွင့်ထူးခံလို့ပြောလည်း သူတို့မသိဘူး...
သူတို့သိတာ သစ္စာလေးချက်👍
သူတို့သိတာ သေနတ်တစ်လက်👍
ခံယူချက်က တာဝန်👍
နာခံမှုက အမိန့်👍
တစ်နေ့နေ့မှာ သူ့နိုင်ငံတော် သူ့နိုင်ငံသား သူ့တပ်မတော်အတွက် အသက်ပေးဖို့လိုအပ်လာပြီဆိုရင်တော့....
[{( အသက်ရှုဖို့ကို မစဉ်းစားတတ်ကြတော့ဘူး...)}]
Credit မင်းမော်