RCSS/SSA အဖွဲ့က ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများ စုံလင်စွာ ပြန်လည်ရရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့်ကျိုင်းတုံမြို့အကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦးထံမှ အသုံးဆောင် ပစ္စည်းများကို RCSS/SSA အဖွဲ့ အင်အား ၅၀ ဦး ခန့်က ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် ယူဆောင်သွားခဲ့သဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ပြီး အဆိုပါ သတင်းကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ အသုံးဆောင်ပစ္စည်းများ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ခြင်းကြောင့် RCSS/SSA အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်၍ ၎င်းတို့ ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများအားလုံးကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
0 comments:
Post a Comment