Tuesday, February 19, 2019

ကျောက်တော်မြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများ နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား

ကျောက်တော်မြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများ နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပေါင်းတုတ်ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်၌ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းအား မိုင်းဆွဲခံရသော နေရာ၏ မြောက်ဘက် ၃၁ ကီလိုမီတာနှင့် အရပ်ယာဉ် ၁ စီး အား ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုင်းဆွဲခြင်းခံရသောနေရာ၏အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်ရှိ တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့်သည် လေ့ကျင့်ရေး စခန်း ဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေတည်ဆောက်ရန်ရောက်ရှိနေကြောင်း AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များကို မလိုလားသူပြည်သူများ၏သတင်းပေးပို့မှုအားရရှိခဲ့ပြီး ၄င်းအကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက် လာသောကြောင့် တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ခဲ့ရာ ယနေ့နေ့လည်ပိုင်းတွင် ကျောက်တော်မြို့၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့်နှင့်ထိတွေ့မှု ၂ ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် တောင်ဘက်သို့ဆုတ်ခွာသွားခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များကအသေးစိတ် လိုက်လံရှင်းလင်းလျက်ရှိသည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံမှ အလောင်း ၉ လောင်း၊ အာရ်ပီဂျီ ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment