
စစ်တက္ကသိုလ်ထမင်းဝိုင်း
🌟 🌟 🌟 🌟 🌟 🌟 🌟
First Year ဒီနေ့ မင်းကို Second year
ထိုင်ခွင့် ထွက်ခွင့်တောင်းပြမယ်
သေချာကြည့်ထား နောက်နေ့ကစ ထမင်းစားတိုင်း
အဲ့လိုတောင်းပြီးထိုင်ရမယ်ြ
Final year ဗိုလ်လောင်း၏ ပြတ်သား၍
စစ်မိန့်သံပေါက်နေသော အမိန့်သံနောက်
မကြာခင် Second year ဗိုလ်လောင်း၏
Smart ကျသော စစ်ရေးပြကို မြင်တွေ့ လိုက်ရသည်
အိမ်ကထမင်းဝိုင်းကို အတွေးထဲမြင်ယောင်ရင်း
ထမင်းတစ်လုတ်သည် ငရဲတစ်ခုအလား …
First year မင်းက ငပိဘာလို့မစားတာလဲ ??
ရှေ့ကြည့်အနေအထားဖြင့်
ကျွန်တော် ငယ်ငယ်ထဲက မကြိုက်လို့ပါ...
အဲဒါဆိုရော့ !
ငါ့ဟာပါကုန်အောင်စား
ဟုတ် ..
ဟုတ် ဟုသာ ပါးစပ်ကပြောလိုက်ရသည်
မျက်လုံးထဲ မျက်ရည်မကျအောင် မနည်းထိမ်းရသည်...
အိမ်က အမေချက်ကျွေးခဲ့သော ထမင်းနဲ့ ဟင်းများ
မြင်ယောင်ရင်း အတင်းကြိတ်မှိတ် မြိုချလိုက်သည်...
ကျွန်တော် စားလို့ မပြီးခင်
Final year ဗိုလ်လောင်းမှ စားပြီးသွားခဲ့ပြီး...
ဒီမှာ First year
မင်းတို့ငါတို့ဆိုတာ
ဒီကျောင်းကို လာတက်တာ အနုပညာလာသင်တာမဟုတ်ဘူး...
စစ်ပညာလာသင်တာ...
တစ်နေ့ကျ မင်းစစ်မြေပြင်
ရောက်လို့ငတ်ခဲ့ရင် ငပိမကြိုက်ပါဘူးလို့ ပြောလို့မရဘူး
အဲခါကျမှ ဂျီးများနေရင် ရန်သူကြောင့်မသေပဲ
ငတ်ပြီးသေလိမ့်မယ်...
အခုထဲက ဘာနဲ့ဖြစ်ဖြစ်
စားနိုင်အောင်ကြိုးစား နောက်နေ့ကစ ထမင်းများများ..
ပဲဟင်းသုံးခွက်..စားနိုင်အေ
အရင်ဆုံးထွက်တဲ့လူဟာ မင်းဖြစ်ရမယ်...
Second year မင်းညီကို
သေချာသင်ပေးလိုက်ပါ
ပုံမလာရင် မင်းသိပါတယ်...
Second year ၏
ပြောင်းလဲသွားသော မျက်ဝန်းအဓိပ္ပာယ်ကို
အနက်ဖွင့်ရန်ကျွန်တော် နားမလည်ခဲ့!!!!
စစ်တက္ကသိုလ်၏ ပထမဆုံးထမင်းဝိုင်းအတွေ့အကြ
ပန်းများပွင့်ခဲ့ခြင်းမဟုတ်
နောက်နေ့အတွက် ထမင်းစားဖို့အရေးတွေးရင်း..
စားရိပ်သာဘေးက ချယ်ရီပင်ပျိုကတော့ လေအတိုက်တွင်
ယိမ်းနွဲ့ကာသူနဲ့မသိသယောင် ပန်းများပင်
ပင်လုံးကျွတ်ဝေနေလိုက်သေး …
နောက်နေ့ကစ First year hall နှင့်
Second year hall သည် ကျွန်တော့်အတွက်
နေ့စဉ် အလည်သွားရာ နေရာများဖြစ်လာခဲ့သည်
စိတ်ထဲကတော့ Second year က Final year
နည်းနည်းလောက်ပြောလိုက်သည်န
ငါ့ကိုဘယ်ဘဝကရေစက်ကြောင့် ဒီလောက်မုန်းနေတာလဲ..
ဟု အတွေးများက ဟိုတစ်စ ဒီတစ်စ
(အမှန်တော့ ကျွန်တော်ကိုယ်တိုင်ကပင် ပုံမလာခဲ့)
ညဘက် အိမ်မက်ထဲမှာတောင် ထို Second year
နာမည်ကြားလျင်ပင်လန့်နိုးသည
တကယ်တော့ ကျွန်တော် အပြစ်ပေးခံရသလောက်
သူလည်းအနားမနေခဲ့ရ …
နောက်ပိုင်းအသားကျသွားတော့
ကျွန်တော့် ထမင်းပန်းကန်ထဲတွင် အသားတုံးများက
ကျွန်တော်စားရသည့် scale ထက်ပိုနေလေ့ရှိသည်...
Final year ဗိုလ်လောင်းများက ကျွန်တော့်ထဲ သူတို့စားသည့်ထဲမှအမြဲထည့်ေ
Second year ကတော့ Final year
အမိန့်မရလျှင် ဘာမှမလုပ်...
Final year တပ်ပြင်လေ့ကျင့်ခန်းထွက်သွာ
ထမင်းဝိုင်းမှာ Second year များနဲ့စားရသည်...
First year အခုတစ်ပတ်ကို
အေးအေးဆေးဆေး စားပါ..
Final year ဝင်လာရင်တော့ အရင်လိုပြန်နေပေါ့..
ဒါနဲ့ မင်းလည်း ငါ့ကိုတော်တော်မုန်းနေပြီလာ
မဟုတ်...
မလိမ်ပါနဲ့ကွာ...
ဒါပေမယ့် ညီလေးရာ
ငါတို့ကျောင်းဟာ စစ်ပညာသင်ပေးတဲ့ကျောင်းဆိုေ
သင်ကြားပြသတဲ့အပိုင်းကလည်း
စည်း နဲ့ ဝါး နဲ့တော့ မဟုတ်ဘူး...
ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်တော့ မကျပါနဲ့
အခက်အခဲရှိရင် ဂါဒီယန်တစ်ယောက်လို အချိန်မရွေးလာပြောပါ...
ဒီအခက်အခဲလေးတစ်ခုအတွက်တော့
DSA Never Surrender တဲ့...
အဲဒါဘယ်တော့မှမမေ့နဲ့..
အဓိကက မင်းရဲ့လုပ်ဆောင်နိုင်မှုထက်
မင်းရဲ့ အခက်အခဲတွေကြားထဲက ဘယ်တော့မှ
လက်မလျှော့တဲ့ မင်းရဲ့စိတ်ဓာတ်ကို သင်ပေးတာ...
ဒါတွေခုပြောလည်း
အပြည့်အဝသဘောပေါက်ဦးမှာမဟု
မင်း စီနီယာဖြစ်လာတဲ့တစ်နေ့ သိလာမှာပါ...
… … …
မြူနှင်းတွေ ချယ်ရီမြေပေါ်
နောက်တစ်ခေါက်ပြန်ရောက်တော့
အမေ့ရင်ခွင် ခေတ္တခိုဝင်ရင်း …
သား ဘာဖြစ်နေတာလဲ...ထမင်းစားတာ
မျက်စိက အငြိမ်မနေဘူး
စားမကောင်းလို့လား...
ပြုံးလိုက်ရင်း
ပုရွတ်ဆိတ်တွေ တွေ့လားလို့
အော် ဟုတ်လား အမေတို့က
မျက်စိမကောင်းတော့မမြင်ဘူး.
စိတ်ထဲမှာတော့
အမေ မျက်စိမကောင်းတာမဟုတ်ပါဘူး.
သားက မြင်ခွင့်မပေးတာပါ...
ရှင်းပြလည်းနားလည်ဖို့ခက်မည
ကိစ္စတစ်ခုကို ရှင်းပြလည်း
စိတ်မကောင်းဖြစ်မည်က ပိုများသည်
ဒါ မိဘတိုင်းရဲ့ မေတ္တာ...
တော်ကြာ ထမင်းစားရတာ
အဲ့လောက်ဒုက္ခရောက်လားဆိုပြီ
ငယ်ငယ်ကလို အမေ ထမင်းချိုင့်
လာပို့မယ်လေဆို အခက်သား
ဒေါက်တင်ပွဲတုန်းကတောင် စစ်တက္ကသိုလ်
အဝေးသင်တက်ပါလားလို့ ပြောတဲ့အမေ နောက်မှအေးအေးဆေးဆေးရှင်းပြ
… … …
ဒီနေ့ ထမင်းဝိုင်းမှာ မနှစ်ကထက်
ရင်ခုန်သံပိုများနေတယ်လို့ထ
စစချင်းတော့ ရာသီဥတု ကိုယ့်ဘက်ပါသည်..
ဒီမောင် ကိုယ့်ထက်ပုံလာသည်..
စားပြီး ခါနီးမှ ကိုယ်တော်ချောက ထဖောက်တော့သည်..
အစ်ကို သတင်းပို့ခွင့်ပြုပါ
အေး ပြော …
ဟင်းသိပ်မကောင်းလို့
နောက်နေ့
အမေပို့လိုက်တဲ့ ငပိကြော်လေး
ဒို့ညီကိုတွေစားရအောင် ယူခွင့်ပြုပါ
ဘာာာာာာာ !!!!!!!!
Final year ဗိုလ်လောင်း၏ အာမေဋိတ်သံက
ကျွန်တော့်အတွက် ဟီရိုရှီးမားကို အမေရိကန်ဗုံးကြဲတာကို
အပြင်မှာ ကြားဖူးသွားစေသည်
Second year …
ညနေ ၆း၁၅ ကိုယ့်ဆီ လာခဲ့ပါဦး...
ပြောပြီး Final year က
မျက်နှာသှုန်မှုန်ကာ ထွက်သွားသည်...
First year ကြားလား
Final year ပြောသွားတာ..
မင်းလည်း ကိုယ့်ဆီ Study ဖြုတ်
ဒို့ညီကိုတွေ ဆုံကြတာပေါ့နော့..
ဟုတ်!!!
နားလည်သွားပြီ
မနှစ်က Second year ၏ မျက်ဝန်းကို
Lလွန်းဝါ ခံစားထားသည်ထက်ပိုပါသည်...
ဘာတဲ့ ဒို့ညီကိုတွေတဲ့ …
ညနေကျတော့မှ
Second year မင်းလည်း စီနီယာဖြစ်ပြီ
အကို အပြစ်မပေးချင်တော့ဘူး...
First year ကို အကုန်သင်ပေးပါ... နောက်ဒီလိုထပ်ဖြစ်ရင်တော့လံ
Final year ထပ်က
ပြန်ဆင်းလာမှ ရင်ထဲပေါ့သွားသည်...
ဟူးးးး
ဒီတစ်ခါချသော သက်ပြင်းသည် အရသာရှိလှပေစွ
Study ချိန်ပြီးမှ ဒို့ညီကိုကြီး ရောက်လာသည်...
လုပ်လိုက်ပါဦး Intake ပတ်လည်လေး👉👉👉
ဖားခုန်နေသော ညီငယ်ကိုကြည့်ရင်း
ရင်ထဲ ပီတိတစ်မျိုးက ဖြတ်စီးသွားသည်
အမျိုးအမည်တော့မသိ သို့ပေမယ့်
ကျွန်တော်စီနီယာဖြစ်ပြီ...
ချွေးစို့နေသော မျက်နှာအား
တံဘတ်ဖြင့်သုတ်ပေးရင်း
First year မနက်ဖြန် စားရိပ်သာရှေ့မှာ
စားရိပ်သာစည်းကမ်းကပ်ထားတယ်
အဲဒါ အလွတ်ကျက်ပြီး ကိုယ့်ဆီလာပြန်
ဟုတ်ပြီလား...
ပြီးတော့ ရေးမထားပေမယ့်
လိုက်နာရမယ့် စည်းကမ်းပြောပြမယ်...
ထမင်းစားနေရင်း Final year
ထမင်းကုန်မကုန် ခိုးခိုးကြည့် ကုန်ပြီဆိုရင်
လက်နှစ်ဖက်နဲ့ ကမ်းပေးရမယ်...
ပဲဟင်းလည်း အဲ့အတိုင်းဘဲ..
တစ်ဝိုင်းလုံး မင်းအရင်ပြီးအောင် စားရမယ်...
ပဲဟင်း ၃ ခွက် ကုန်အောင်သောက်...
ဘာမှမကျန်ခဲ့ရဘူးနော် အကုန်စား ထမင်းစားနေတုန်း
မင်းမျက်စိက ကစားနေရမယ်.. ဟုတ်ပြီလား...
ထိုင်ခွင့် ထွက်ခွင့်လည်း ကင်းချိန်မှာ
ကျင့်ထားဦး..
ဟုတ်ပြီလား...!!!
တိုက်ပွဲဝင်မည့် ဂျာမာန် ဗိုလ်ချုပ်ကြီးများကို
ဟစ်တလာလည်း ယခုကဲ့သို့ စိုးရိမ်စိတ်မျိုးဖြင့်
မှာခဲ့ဖူးလား..ဟု တွေးမိသည်...
… … …
စားရိပ်သာနံဘေးက ချယ်ရီပင်ပျိုကတော့
ရိုးရာမပျက် ပန်းများဝေနေဆဲ....
ထမင်းဝိုင်းမှာ ကျွန်တော် စ,ထိုင်တော့
Second year ညီငယ်မှ
အစ်ကို First yearတွေ
ဒီနေ့စပြီး ထမင်းအတူတူစားတော့မှာ...
အေး ညီလေး …
မင်း ညီလေးကို သေချာသင်ပေးလိုက်ဦးနော်...
သိပ်တော့ကြမ်းကြမ်းတမ်းတမ်း
အခုမှစရောက်ခါစဆိုတော့
ကလေးစိတ် အရပ်သားစိတ်မပျောက်သေးဘူး..
ကလေးရုပ်မပျောက်သေးသော
လူကြီးဖြစ်ရန်ကြိုးစားနေသော
First year လေးတစ်ယောက် ရောက်လာပါပြီ..
Second year ကတော့ အကဲခတ်သည့် မျက်လုံးဖြင့်
တစ်ချက်တစ်ချက် ခိုးခိုးကြည့်သည်...
ဘာမှမသင်ပေးရသေးသဖြင့်
ဒီတစ်နေ့တော့ စားတတ်သလိုစားပါစေတော့..
ဟု တွေးရင်း စားပြီးကာမှ
ထခါနီး ဘာရယ်မဟုတ်..
First year စားကောင်းလား ??
ဟုတ်
အေး ဟုတ်ပါပြီ ဘယ်နယ်သားတုန်းကွ
အဲ့ကျမှ Second year မျက်နှာ
ဆီးရွက်လောက် ဖြစ်သွားသည်...
သားက ရန်ကုန်သားပါ အစ်ကိုတဲ့....
ရင်ထဲမှာတော့ ပြုံးလိုက်ရင်း
Second year ညကျ ကိုယ့်ဆီလာခဲ့ဦးနော်...
ဆီးရွက်မျက်နှာနဲ့ Second year က
တစ်ခွန်းတည်း ဟုတ်..!!!
စားရိပ်သာက အလေးပြုပြီး ပြန်အထွက်
နှစ်တုံးဘက်အသစ်စက်စက်နဲ့
ဒို့ညီကိုကြီးမျက်နှာ မည်းနေပါလား
စားရိပ်သာဘေးက ချယ်ရီပင်ကိုပြုံးရင်းမေြာ့
ဒီနှစ်လည်း ပွင့်တုန်းပါလား
နောက်နှစ်လည်းပွင့်ဦးနော် ဟု
တိုးတိုးလေးရေရွတ်ကာ
… … …
ဒီတစ်နှစ်တော့ ပြုံးနိုင်ပြီ
မနေ့က မထင်မှတ်တဲ့သူနဲ့ ဖုန်းရသည်...
ရင်ထဲ အတိုင်းမသိ ဝမ်းသာသည် ဖုန်းဆက်ရင်း
သူက ကျွန်တော့်ကို ကလေးငယ်
တစ်ယောက်လို တတွတ်တွတ်မှာသည်...
တစ်ချိန်က ကျွန်တော့်အား နာကျင်စေခဲ့သူဟု
ကျွန်တော်ယူဆခဲ့သူက အခု ကျွန်တော့်အား
စိုးရိမ်စိတ်ဖြင့် အဖေတစ်ယောက်လို
အကိုတစ်ယောက်လို မှာကြားနေသည်...
အမှန်တော့ သူဆိုတာ ကျွန်တော့်ထက်
အသက်တစ်နှစ်မျှသာကြီးသူ...
ဖုန်းချပြီးမှ တစ်ယောက်သောသူကို သတိရသည်...
ဒို့ညီကိုကြီးဘယ်မှာတာဝန်ကျ
အဆင်ရောပြေရဲ့လား...???
မေးခွန်းပေါင်းများစွာ ရင်ထဲတွေးရင်း...
စစ်တက္ကသိုလ် စားရိပ်သာဘေးက
ချယ်ရီပင်ရော ပန်းတွေပွင့်သေးရဲ့လားမသိ … ။ ။
( တချိန်က ထမင်းဝိုင်းတူတူစားခဲ့ရတဲ့ည
အလွမ်းပြေ
credit-
0 comments:
Post a Comment