Thursday, February 21, 2019

နန်ဆန်ယန်ကျေးရွာသို့ ထပ်မံရောက်ရှိလာမည့် တိုက်ပွဲရှောင် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်

နန်ဆန်ယန်ကျေးရွာသို့ ထပ်မံရောက်ရှိလာမည့် တိုက်ပွဲရှောင် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ် ဘုရားကျောင်းနှင့် ဝိုင်းမော်မြို့၊ စိန်ဂျိုးဇက် ဘုရားကျောင်းတို့တွင် နေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ အုပ်စု၊ နန်ဆန်ယန်ကျေးရွာမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၁ဝ၅ ဦးနှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ဇန်နဝါရီ ၃ဝ ရက်တွင် ပထမအကြိမ် ၎င်းတို့ကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ၎င်းတို့ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
Image may contain: tree, outdoor and nature
ထို့ပြင် ယနေ့တွင်လည်း အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁ဝ၆ ဦးတို့က ၎င်းတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်လိုကြောင်း သိရှိရသဖြင့် ၎င်းတို့၏ နေအိမ်များနှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် အန္တရာယ် ကင်းရှင်းစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် တပ်မတော်သားများက ရေတွင်းရေကန်များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စာသင်ကျောင်း၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား မိုင်းရှင်းလင်းခြင်းများနှင့် သန့်ရှင်းရေး လုပ်ငန်းများအား ဖေဖော်ဝါရီ ၂ဝ ရက်မှစ၍ စတင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

Image may contain: outdoor and nature

0 comments:

Post a Comment