(တစ်ခါတုန်းကတက္ကသိုလ်မှာ)
တနင်္လာနေ့ဆို"ဘင်ထု"လို့ခေါ်တ
စစ်တီးဝိုင်းကိုကြောက်ရတယ်.
ဒီတီးဝိုင်းကြောင့် ဗိုလ်လောင်းတက်စမှာ Academic(စာသင်ခန်း)သွားရမှ
ကြောက်ခဲ့ကြတယ်..
ကုလားပဲပါး မဝသေးတဲ့
စစ်သားဘဝအစမို့
စစ်သီချင်းတွေကလည်း ခုမှကျက်ခါစ
ချက်ခြင်းက မရ..
တနလာင်္နေ့..
ကိုယ်ရတဲ့သီချင်းဆို
အာပြဲကြီးနဲ့လှိမ့်အော်ကြ..
ဘင်ခရာကလည်း ပထမဆုံး အပတ်မို့
ရလောက်တယ်ဆိုတာလေးတွေရွေးတီ
ဒါကို ကိုယ်တွေက မသိ..
ဒုတိယပတ်မှာစပြီ..
Intro စတီးလာကတည်းက ဘာသံစဉ်မှန်းလည်းမသိ..
ဘေးဘယ်ညာ ရှေ့နောက်အတူလျှောက်မဲ့ ဖိုင်နယ်ရီးယား Second year တွေကလည်း..
ပြုံးစိစိနဲ့ တစေ့တစ်စောင်း..
စပိတ်တစ်ကို ဘေးသုံးတန်းနဲ့ရှိုးပြီ.. ![]()
ဘယ်လက်မှာ
Academic အိတ်ကိုင်..
ညာလက်ကလွှဲ..
ဘယ်ညာမမှားအောင်လျှောက်..
ရှေ့က senior ဖိနပ်သာ နင်းမိကြည့်
သေပြီ.. 😖😖
ဇာတ်ကားတွေ..
တယ်လီဗေးရှင်းထဲ မြင်ခဲ့တုန်းက
အဟုတ်မှတ် အားကျခဲ့သမျှ
ခုမှ နဖူးတွေ့ဒူးတွေ့ဇောချွေးတွေ
ပါးစပ်က သီချင်းလိုက်ဆို..
သီချင်းကမရ..
ခပ်တည်တည်နဲ့ ဝါးချ..
ပါးစပ်ကလေး ဟလိုက်ပိတ်လိုက်လုပ်ကြ
![]()
"ဟိုမောင်..ဖတ်စ်ရီးယား "
"ဟုတ်.."
"မင်း သီချင်းရလား"
"ဟုတ်"
"ဒါဆို ဆိုပြကွာ
မင်းတစ်ယောက်တည်း"
"ဟင်.." သေပြီလေ..😖😖
Extra ၁၀ ခေါက်
အခေါက် ၂၀ရေးရပြီလေ..
စာမကြည့်ခင် တိုက်ပုံကလေးနဲ့..
2nd year ကိုတန်းအပ်..
ဘယ်ညာနင်းပြီး ဆိုပြကြရပြန်..
နောက်ရက်...
ဘင်ထုကသီချင်းထပ်ပြောင်းလို
Extra ထပ်ရေးလိုက်..
ညနေ ဘယ်ညာထပ်နင်းလိုက်..
ချွေးပြန်လိုက်နဲ့ နှစ်ဝက်ကုန်မှ
သီချင်းကြေတော့တယ်..
ချွင်းချက်ကတော့
လေချည်းသက်သက်ချွန်ရတဲ့
သီချင်း တစ်မျိုးရှိတယ်..
လေချွန်တတ်ရင် ပြဿနာမရှိပေမယ့်
မချွန်တတ်တဲ့မောင်များက..
နှုတ်ခမ်းကြီးစူပြီး တဖူးဖူးနဲ့ မှုတ်နေ..
Final year ကဘေးကကြပ်..
ညကျ အဆောင်ထဲပြန်ဖွကြ
ရယ်ကြ ဟေးလေးဝါးလား..
![]()
(ကိုယ်တွေကသာရီနေ..
အဲဒီအချိန် ဒင်းတို့က
Academic မရောက်မချင်း
မျက်လုံးကြီးပြူးပြီး ချွေးတွေပြန်နေရှာတာ)
မိုးရွာတဲ့နေ့တွေမှာတော့..
ဘင်ထုအဖွဲ့ဟာ လိုက်တီးမပေးတော့ပါ...
မိုးကာလေးတွေကိုယ်စီခြုံ..
စီနီယာ ဘယ်ညာအော်ပေးတဲ့အတိုင်း..
မိုးရွာရင်ဆိုလေ့ရှိတဲ့သီချ
"မိုးတွေကလည်း မစဲပဲရွာနေတယ်..🎼
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့..
ငါတို့တိုက်ရတယ်..🎼🎼 တို့ဗိုလ်က ဓားဆွဲလို့..
ရှေ့ကတက်ပါတယ်..🎼 ဘယ်မှာ ကြောက်စိတ်ရှိမယ်
ငါတို့စစ်သားရယ်.."🎼🎼
(ဟိုနေ့ကစစ်ကားထဲ မိုးရွာထဲ
ဘာဂျာမှုတ်ရင်း သေနတ်ဒင်ခေါက်တဲ့သီချင်း..
ဤကား စကားချပ်
)
"တို့ဗိုလ်က ဓားဆွဲလို့ ရှေ့ကတက်ပါတယ်..🎼
ဘယ်မှာ ကြောက်စိတ်ရှိမယ် ငါတို့စစ်သားရယ် " 🎼
ဆိုတဲ့ သီချင်းထဲကဗိုလ်က..
စောမိုးဇက်လိုရဲဘော်တွေ လိုချင်တဲ့ဗိုလ်မျိုး..
အဲဒီသီချင်းကြားရင်
စစ်သားတိုင်း တစ်ခုခုကို
လွမ်းလွမ်းဆွေးဆွေးရှိတတ်တယ
အဲဒီအချိန်တုန်းက
အမေ့အိမ်ကိုလွမ်းခဲ့တယ်..
ခုတော့ ၁၇ နှစ်သားတုန်းကစီးခဲ့တဲ့
Combat ဖိနပ်စုတ်ကြီးကိုလွမ်းတယ်..
![]()
(နိုင်ဟိန်း)
Credit...
0 comments:
Post a Comment