Sunday, February 24, 2019

ဆယ်တန်းဖြေမည့် ကျောင်းသားအား စစ်တပ်က သေနတ်ထောက်ဖမ်းဆီးခဲ့သည်ဆိုသည့် သတင်း မှန်ကန်မှုမရှိ

ဆယ်တန်းဖြေမည့် ကျောင်းသားအား 
စစ်တပ်က သေနတ်ထောက်ဖမ်းဆီးခဲ့သည်ဆိုသည့် 
သတင်း မှန်ကန်မှုမရှိ
*****************************************
ကျော်လှိုင်(ကျောက်တော်)
ဖေဖော်ဝါရီ ၂၃
Image may contain: 4 people, people standing and text
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်တန်းကျောင်းမှ 
ဆယ်တန်းဖြေဆိုမည့် ကျောင်းသား တစ်ဦးအား စစ်တပ်မှ ဖမ်းဆီးပြီး ပြန်လည်လွတ်ပေးရရှိခဲ့သော ဒဏ်ရာများ
ကြောင့် ကျောက်တော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံ
ရမည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း 
ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး
နှင့် ရဲစခန်းတာဝန်ရှိသူများ၏ ပြောကြားချက်များအရ 
သိရသည် ...
.
ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်မောင်ကို 
ဆက်သွယ်မေးမြန်းခဲ့ရာ ဖေဖော်ဝါရီလ ၂၃ ရက် နေ့လည်
ပိုင်းက ၁၀ တန်း ကျောင်းသား ဇော်နိုင်နိုင်ဌေး ဖခင်ဖြစ်သူ ရွှေစိန်ဦးတို့နှင့်အတူရဲစခန်းက ခေါ်သဖြင့် သွားရောက်ခဲ့
ရကြောင်း ...
.
ရဲစခန်းအတွင်း ကျောင်းသားရဲ့အဖေဖြစ်တဲ့ ရွှေစိန်ဦး က 
သားဖြစ်သူ ဇော်နိုင်နိုင်ဌေးအား စစ်တပ်က ဖမ်းဆီးခြင်း 
မဟုတ်ကြောင်း ...
.
သားဖြစ်သူကို အမည်မဖော်လိုသည့် အဖွဲ့တစ်ခုမှ 
တောတွင်းသို့ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဆယ်တန်းဖြေ
ဆိုမည့်ကတ်အား ပြသသဖြင့် ပြန်လွတ်ပေးခဲ့ဖြစ်သည်ဟု 
ထွက်ဆိုခဲ့ကြောင်း သိရသည် ...
.
ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ စခန်း တာဝန်ရှိသူ
တစ်ဦးက -
" ဟုတ်ပါတယ် ဒီနေ့ နေ့လည်ပိုင်းလောက်က 
မောင်ဇော်နိုင်နိုင်ဌေး၊ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦး၊ 
တပ်မတော်တာဝန်ရှိသူတွေအပါအ၀င် ရပ်ကွက်
အုပ်ချုပ်ရေးမှူး တွေနဲ့ အဲ့ကိစ္စကို ရဲစခန်းမှာ ဖြေရှင်း
ကြပါတယ်။ 
အစပိုင်း သတင်းတွေက ပြန့်နေတော့ ဟုတ်မယ်လို့
ထင်ခဲ့တာ၊ အခုမှ စစ်တပ်က ဖမ်းတာမဟုတ်ဘူးဆိုတာ 
ကို ကျောင်းသားဖခင်ဖြစ်သူက ပြောတော့မှ 
ကျွန်တော်တို့လည်း သိရတာ ဖြစ်ကြောင်း ပြောကြား
ခဲ့သည်။ 
ပြန့်နေတဲ့သတင်းအမှားကို ကျောင်းသားဖခင်ဖြစ်သူ
ကိုယ်တိုင်က သတင်းပေးခဲ့တာဖြစ်ပြီး အဖွဲ့တစ်ခုက 
စေခိုင်းတာဖြစ်တယ်လိုလည်း သိရကြောင်း ပြောဆိုခဲ့
သည် "

အဆိုပါသတင်းကို ကျောက်တော်မြို့ မှုခင်းသတင်းထောက် ကျော်လှမြင့်ဆိုသူ (Kyaw Hlamyint ) FB အကောင့် 
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဆယ်တန်းကျောင်းသား
တစ်ဦးအား စစ်တပ်မှ သေနတ် ထောက်ဖမ်းဆီးခေါ်
ဆောင်ခြင်းခံခဲ့ရသည့် လူငယ်အား ကျောက်တော်မြို့၊ 
ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု သိရဟု 
ရေးသားဖော်ပြရာမှ ပြည်သူများအကြား စိတ်ဝင်စားမှု
တက်ခဲ့ပြီး စစ်တပ်အပေါ်ဝေဖန်မှုများလည်း မြင့်တက်ခဲ့
ကြောင်း သိရသည် ...
.
လက်ရှိတွင် သတင်းအမှားရေးသားသူ ကျော်လှမြင့်နှင့် 
သတင်းအမှားပေးသူ ရွှေစိန်ဦးတို့အား စစ်တပ်တာဝန်ရှိ
သူတွေက ကျောက်တော်ရဲစခန်းမှာ အမှုဖွင့်မယ်လို့ 
ကြားသိရပါတယ် ။။။။။

CRD
 KT 

0 comments:

Post a Comment