Sunday, February 24, 2019

အမေ 😢


အမေ
😢
No photo description available.
ဘုရားနဲ့ တစ်ကိုင်းတည်းထားလို့
မြင့်မိုရ်ကြီးနဲ့ နှိုင်းယှဉ်
ပင်လယ်ပြင်ကြီး ထက်ကျယ်
လမင်းကြီး သဖွယ်တဲ့လား ...
လက်ဦးဆရာ ပမာပြု
အာကာပြင်ကြီးကို ရှု့လို့
အတိုင်းအတာပြုလိုက်တော့
တိုင်းတာမရ နှိုင်းစရာတဲ့လား ..
မေတ္တာနဲ့ကာရံ
ဆင်းရဲတဲ့ဒဏ်တွေနဲ့
လူဖြစ်အောင်မွေး
အသက်ဘေးတောင်မမှု့
သေမင်းကို အံတုလို့
ထာဝရပေးဆပ်
အမေရယ်
ဘယ်အရာနဲ့ နှိုင်းရက်မှာလဲ
အသက်တွေထောက် ဆံဖြူတွေပေါက်လို့
ပါးရိုးပါးရေတွန့်ကြေ
သွားဖြူဖြူတွေ မတွေ့တော့ပေမဲ့
အမေ့ အပြုံးလေးကိုတမ်းတ
လွမ်းသမျှငိုရှိုက်
အော်ငိုလိုက်ချင်တယ်
အမေ ........😢.....

SN

0 comments:

Post a Comment