Tuesday, February 26, 2019

ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ပူးပေါင်းလှုပ်ရှားလျက်ရှိ

ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ပူးပေါင်းလှုပ်ရှားလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆
ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွားလာလှုပ်ရှားနေမှုဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသဖြင့် စိစစ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလနောက်ဆုံးပတ်ခန့်တွင် ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ် ၄၉ အနောက်ဘက်ရှိ ဘာလူခါရာ BGB စခန်းအနီး၊ မြန်မာနိုင်ငံရှိနယ်စပ်မှတ်တိုင် ၅၀ အနီး လိမ္မော်ချယ်ရီ BGB စခန်း၏အနောက်ဘက်၊ မြန်မာနိုင်ငံရှိနယ်စပ်မှတ်တိုင် ၅၀ နယ်ခြားစောင့်ရဲကင်းစခန်း၏အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ ဘာလူခါရာ BGB စခန်းရှိရာဘက်သို့ ကားလမ်းအတိုင်း လွတ်လပ်စွာလှုပ်ရှား သွားလာနေခြင်းဖြစ်ကြောင်း စိစစ် သိရှိရသည်။

ထိုသို့ နှစ်နိုင်ငံနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ARSA နှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ပူးပေါင်းလှုပ်ရှားသွားလာနေမှုအပေါ် သက်ဆိုင်ရာနိုင်ငံသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကန့်ကွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



0 comments:

Post a Comment