တချို့က လူလိမ်တွေပါ... 😔
အစိမ်းရောင် စစ်ကားကြီးတွေဘီးမလှိမ့်ခင်
မိသားစုကို နုတ်ဆက်ကြတော့ ..
အချို့ကပြောတယ် -
အမေ ကျမ်းမာရေးကို ဂရုစိုက်
သားအတွက် ဘာမှစိတ်မပူနဲ့
နောက်တန်းပြန်ဝင်ရင် အမေလိုချင်တဲ့
နံသာဖြူပုတီးလေး ဝယ်လာခဲ့မယ်တဲ့
တချို့တွေက မုသားဆိုတယ်-
ကိုယ့်ကိုကိုယ်ရော ခလေးတွေကိုရော
သေချာဂရုစိုက် မိန်းမ
ဒီတစ်ခါ ယောကျာ်း နောက်တန်းပြန်ရင်
တို့သားလေးကို ရှင်ပြုပေးကြတာပေါ့တဲ့
တချို့က ကတိပေးလွယ်တယ်
ဒီတစ်ခေါက် စစ်ဆင်ရေးက နည်းနည်းကြာမယ်ပြောတယ် သဲ
ရှေ့တန်းမှာ ရတဲ့လစာလေးစု
ပြီးရင် နောက်တန်းပြန်အဝင်
အဘဆီမှာလက်ထပ်ခွင့်တင်ပြီး
ကိုယ်တို့ လက်ထပ်ကြတာပေါ့တဲ့

တွယ်တာစရာ သံယောဇဉ်မရှိသူ
လူပျိုစစ်သည် တချို့ကျ စစနောက်နောက်နဲ့
ပြောကြတယ်-
ဂျီးဒေါ် ဒီကောင် ခင်ဗျား မုန့်ဟင်းခါး အကြွေးမပေးရသေးဘူးမှလား
ဒီကောင် သေရင် ရမဲ့ကူငွေထဲကဖြတ်ယူလိုက်တဲ့
တချို့ကသူတို့အဘ RSM ကြီးကိုလှမ်းစတယ်
ဗိုလ်လေး ပြန်လာရင် သမီးလာတောင်းမယ်နော် တဲ့
တချို့ကလည်း ပြောကြတယ်
ဒီတစ်ခေါက်ပြန်ရင်တော့
လမ်းထိတ်က ငါကြိုက်နေတဲ့ကောင်မလေးကို
ဖွင့်ပြောတော့မယ်ကွာ တဲ့
မတည်နိုင်တဲ့ ကတိ
ရိုးသားတဲ့မုသား
အပြစ်မဲ့ လိမ်လည်မှုတွေ ရေပက်မဝင်ပြောလို့
သူတို့ ကားကြီး စတင်ထွက်ခွာသွားတယ်။
အမေအိုက သားမောင်ဘေးကင်းစေကြောင်း
ဆုတောင်းရင်း နံ့သာဖြူပုတီးလေးကို
မျှော်လျှက်-
ကိုရင်လောင်း ကလေးငယ်နဲ့ ရဟန်းအမလောင်း ဇနီးသည်က
အဖေပြန်အလာကို နားစွင့်လျှက်-
မိန်းမပျိုက စစ်ထွက်တဲ့ ချစ်သူအပြန်
သပြေပန်းနဲ့ လက်ကမ်းကြိုရန် မျှော်လင့်လျှက်
လမ်းထိပ် မုန့်ဟင်းခါးဆိုင်က ဂျီးဒေါ်ကတော့
သူ့ဖောက်သည် ရဲဘော်လေးတွေကို
ဒီတစ်ခေါက်ပြန်လာရင်တော့
မုန့်ဟင်းခါး အဝကျွေးလိုက်မယ်ဟဲ့ လို့
စိတ်ကူးယဉ်နေလျှက်
တပ်ရင်းအရာခံဗိုလ်ကြီးကလည်း
ပျော်ပျော်နေတက်တဲ့ တပည့်တွေပြန်အလာ
စောင့်စားနေလေရဲ့
ဒါပေမဲ့ သစ္စာလေးချက်ထဲက
" ငါ့ နိုင်ငံတော် ငါ့ နိုင်ငံသား
ငါ့ တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန်
အဓိဌာန်ပြုပါ သည်" ဆိုတဲ့ စကားရပ်နောက်
တချို့က နောက်မလှည့်စတမ်းနဲ့
သူတို့ချစ်တဲ့ နိုင်ငံအတွက် ပေးဆပ်သွားကြတော့-
အမေအိုရဲ့ နံ့သာဖြူပုတီးလေးလည်း ကတိမတည်တဲ့သားမောင်ကြောင့် ကြိုးပြတ်ခဲ့ရတယ်။
ရဟန်းလောင်း ခလေးငယ်လည်း မိခင်လက်
ကိုဆွဲ စစ်ကြောင်းတွေတွေ့တိုင်း အဖေပျောက်ကိုရှာဖွေခဲ့ရတယ်။
မိန်းမပျိုကတော့ မုသားပြောသွားတဲ့ ချစ်သူအတွက် ပူဆွေးနေခဲ့ရတယ် ။
လမ်းထိတ်က မုန်းဟင်းခါးဆိုင်လေးလည်း
ဝယ်သူမရှိ တိတ်ဆိတ်နေရင်းးးး။
အရာခံဗိုလ်ကြီးက ယောကျာ်းရင့်မာ စစ်သားကြီးဖြစ်ပါလျှက် လူမမြင်အောင် မျက်ရည်ခိုးသုတ်နေရင်းက-
ဝမ်းနည်းဒေါသနဲ့ ရုတ်တရက်ထအော်လိုက်တယ်- "လူလိမ်တွေ မင်းတို့ ကတိမတည်ကြဘူး
တပည့်တို့ ရာ" တဲ့လေ ။
Copy- Hmue Sitt Aung
0 comments:
Post a Comment