Thursday, February 7, 2019

••• စစ်​သမီး •••

••• စစ်​သမီး ••• 

(၁၉,၁၈,၂၀ အရွယ်​ စစ်​သမီးများ...) မိန်းက​လေး​တွေ​လေ..... -
အလှအပ​လေး​တွေ မက်​​မောလို့​ကောင်းဆဲအရွယ်​... 
ကော်​စမတ်​တစ်​ မျိုးစုံနဲ့ လှလှပပ​လေး ​နေချင်​ကြတာ​ပေါ့....
ဖက်​ရှင်​ကျကျ ဖန်​စီကျကျ အဝတ်​အစားလှလှ​လေး​တွေနဲ့ ​ကျော့​မော့​နေ​အောင်​ ဝတ်​ချင်​ကြတာ​ပေါ့...
မိန်းက​လေးပီပီ...နူးနူးညံ့ညံ့...သိမ်​သိမ်​​မွေ့​မွေ့​လေး​တွေ..​နေချင်​ကြတာ​ပေါ့...
လွတ်​လပ်​​ပေါ့ပါးမှုကို ခုံမင်​တတ်​တဲ့အရွယ်​​တွေ​လေ... ​နေချင်​ကြတာ​ပေါ့...
ဒါ​ပေမယ့်​...စစ်​သမီး​တွေဖြစ်​လို့... စစ်​စည်းကမ်းနဲ့အညီ....ဘာမျှလိမ်းချယ်​ခြင်းမရှိဘဲ ပင်​ကို အလှနဲ့ ​ရောင့်​ရဲနိုင်​ကြတယ်​....

Image may contain: 3 people, people standing and outdoor

တူညီ​သော စစ်​ဝတ်​စုံ​တွေကိုသာ စမတ်​ကျကျ ဝတ်​ဆင်​ကြတယ်​ ...အပြင်​သွားရင်​ မြန်​မာရင်​ဖုံးဆင်​တူ ထမီဆင်​တူ ဝတ်​ဆင်​ကြတယ်​... ..........
ကြမ်းတမ်းပြင်​ထန်​တဲ့ စစ်​ပညာ​တွေလည်းသင်​ကြားကြရတယ်​.... ကျရာ​ဒေသမှာ...တာဝန်​​ကျေ​အောင်​ထမ်း​ဆောင်​ပီး...
တာဝန်​​ပေါ်မှာ စိတ်​နှစ်​ထားကြတယ်​.... မိန်းက​လေးပီပီ...မိမိအသား​ရေမပျက်​ဆီးလှပ​နေ​အောင်​ ​ပေါင်းတင်​တာတို့ lotion လိမ်းတာတို့ လုပ်​ပီး အသား​ရေလှလှ ဖြူဖြူ​လေး​တွေ လိုချင်​တာ​ပေါ့...
ဒါ​ပေမယ့်​....​ယောက်ျားရင့်​မာစစ်​သားကြီး​တွေ​တောင်​ အရမ်းပင်​ပန်းကြတဲ့ တပ်​မ​တော်​​နေ့လို စစ်​​ရေးပြအခမ်းနားကြီး​တွေမှာ မြန်​မာ့တပ်​မ​တော်​စစ်​သမီး​တွေရဲ့ ဂုဏ်​ကိုပြသဖို့...​နေပူပူထဲ ​နေ​လောင်​လို့
အသား​ရေပျက်​ဆီးပါ​စေ...မိမိတပ်​မ​တော်​တွက်​ အားထည့်​ကြတယ်​... ရှင်းရှင်းထပ်​​ပြောရရင်​..... မိန်းမတို့ ဘာသာဘာဝ...Menstruation ဖြစ်​​ပေါ်​နေတဲ့ချိန်​မှာ မိန်းက​လေး​တွေဟာ ပင်​ပန်းမှု ဒဏ်​​တွေကို မခံနိုင်​ကြပါဘူး....
သို့​သော်​ငြား....စစ်​သမီး​တွေက. အဲ့လိုချိန်​မျိုးမှာ​တောင်​ ​ပေးအပ်​တဲ့ တာဝန်​ကို ထမ်းရွက်​ဖို့ရာ ဝန်​မ​လေးတတ်​ပါဘူး.....
ဟုတ်​ပါတယ်​....စစ်​သမီး​တစ်ယောက်ဖြစ်​လာဖို့ဆိုတာ...​တော်​ရုံနဲ့ မလွယ်​လှပါဘူး....
ကျ​နော်​ က​တော့ ...​လေးစားလျက်​ပါ....

သံလွင်​​ဆေး᠌᠌᠌

0 comments:

Post a Comment