Monday, February 18, 2019

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများ အချိန်မီ ပြန်လည် တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများ အချိန်မီ ပြန်လည် တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများအား ၂၃-၁-၂ဝ၁၉ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၂၁-၂-၂ဝ၁၉ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည် ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူ လိုသူများ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထား သူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့ လျှောက်လွှာထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များ သို့ လျှောက်လွှာ ပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်း၊ ဝ၃၆- ၃ဝ၃၃၁ နှင့် ဝ၃၆- ၃ဝ၃၃၈)သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

Image may contain: one or more people, outdoor and nature

0 comments:

Post a Comment