Tuesday, February 19, 2019

ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်

စစ်သားတိုင်းဟာ ယောက်ျားဖြစ်ခဲ့ပေမယ့်...
ယောက်ျားတိုင်းတော့ စစ်သားမဖြစ်နိုင်ပါဘူး။

စစ်သားတစ်ယောက်လို့ အမည်တွင်ဖို့...
လွယ်လွယ်နဲ့ ကင်ပွန်းတပ်ခဲ့ရတာမှ မဟုတ်ဘဲလေ။

ပထမဆုံး မိဘရင်ခွင်ကို ကျောခိုင်းလို့...
တပ်မတော်ရဲ့ရင်ခွင်ထဲ ခြေစုံပစ်ဝင်ခဲ့ရတယ်။

လူငယ်တစ်ယောက်ရဲ့ လွပ်လပ်ခြင်းတွေကိုစွန့်လို့...
ဘဝတစ်ခုလုံးကို ဘောင်ထဲထည့်ခဲ့ရတယ်။

ချစ်သူ ခင်သူတွေရဲ့ လက်ကိုလွှတ်လို့...
ရင်ဘတ်ခြင်းတူသူတွေနဲ့ လက်ချင်းတွဲခဲ့ရတယ်။

နုပျို လန်းဆန်းခြင်းတွေကို စွန့်ပယ်လို့...
ရင့်ကျက်တည်ငြိမ်ခြင်းတွေနဲ့ အစားထိုးခဲ့ရတယ်။

ဖြစ်ချင်တာတွေကို ဘေးချိတ်လို့...
ဖြစ်သင့်တာတွေကို ဦးစားပေးဆုံးဖြတ်ခဲ့ရတယ်။

အလွှာပေါင်းစုံကဘဝတွေကို မေ့ပျောက်လို့...
တင်းကြပ်တဲ့ စည်းကမ်းတွေအောက်မှာ ရှင်သန်ခဲ့ရတယ်။

လူမှုရေးကိစ္စ အဝဝကို လျစ်လျူ ရှုလို့...
အမိန့် နဲ့ တာဝန်တွေကြားမှာ ကျင်လည်ခဲ့ရတယ်။

နောက်ဆုံး ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲ...
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်ရယ်လို့၊
သစ္စာ အဓိဌာန်ပြု နှလုံးသွင်းထားခဲ့ရတယ်လေ ....။

credit-

Image may contain: 1 person

0 comments:

Post a Comment