Sunday, February 10, 2019

ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် နယ်မြေကျော်လွန်လှုပ်ရှားမှုများဆောင်ရွက်လာသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများထိတွေ့မှုဖြစ်ပွား

ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် နယ်မြေကျော်လွန်လှုပ်ရှားမှုများဆောင်ရွက်လာသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများထိတွေ့မှုဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၁၀

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးလှုပ်ရှားမှုများအားရပ်ဆိုင်းခဲ့သော်လည်း MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းထားသည်ကို အခွင့်ကောင်း ယူ၍ ကွမ်းလုံမြို့နယ်အတွင်း လူသစ်စုဆောင်းမှုကိုးကြိမ်နှင့် နယ်မြေကျော်လွန်လှုပ်ရှားမှု ခြောက်ကြိမ် အထိ ပြုလုပ်လာခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက် နှင့် ၉ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ မုံးကျက်ကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ၌ လူသစ် စုဆောင်းရန်ရောက်ရှိနေသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ယာယီအခြေပြုထားသည့် စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် လူသစ်စုဆောင်းခံရသည့် ဒေသခံပြည်သူများ ပြန်လည်လွတ်မြောက်ရေး အတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No photo description available.


0 comments:

Post a Comment