,-----------------------
တစ်လောက စစ်တက္ကသိုလ် ဘောလုံးကွင်းမှာ ကျွန်တော်တို့စစ်သား
တွေနဲ့ ပြင်ဦးလွင်က ကလပ်အသင်းတစ်သင်း ချိန်းပြီးဘောလုံးကန်ကြတယ်။
ပွဲကအကြိတ်အနယ်ရှိလှတယ် နှစ်သင်းစလုံးကောင်းတယ်
တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်နေကြတယ်
နောက်တန်းကလဲ နှစ်ဘက်စလုံးကောင်းတယ်
ဘယ်ဘက်ကမှ ဂိုးမသွင်းနိုင်ကြဘူး။
စစ်တက္ကသိုလ်ပရိတ်သတ်ကလဲ အိမ်ကွင်းဆိုတော့
တော်တော်များများလာအားပေးကြ
ဒီလိုနဲ့ ကန်လာလိုက်တာ ပွဲပြီးဘို့ ၅ မိနစ်လောက်သာလိုတော့တယ်
ဘယ်သူ့ဘက်ကမှ ဂိုးမသွင်းနိုင်သေးတဲ့အချိန
အဲဒီအချိန်မှာပဲ ကျွန်တော်တို့အသင်းကတိုက်စစ
တစ်ဖက်အသင်းဂိုးရှေ့ကို တစ်ယောက်ထဲ
လွတ်လွတ်ကျွတ်ကျွတ်ဘောလုံးက
ပရိတ်သတ်ကလဲ ဟေးခနဲ ဟားခနဲ
တစ်ဖက်အသင်းက ဘယ်သူမှလဲ လိုက်မလာနိုင်ဘူး တော်တော်မြန်
တယ်။
အဲဒီလို ဆွဲထွက်သွားတဲ့ တိုက်စစ်မှုးဟာ
သေချာပေါက် ဂိုးရဖို့သေချာနေတဲ့ အချိန်မှာပဲ
တုန့်ခနဲရပ်လိုက်ပြီး ချက်ချင်းသတိကောက်ဆွဲတယ်
ကျန်တဲ့ကျွန်တော်တို့အသင်းက
ပွဲကြည့်စင်ပေါ်မှာရှိတဲ့ ပရိတ်တစ်ချို့ကလဲ သတိဆွဲပြီးထရပ်တယ်
စစ်သားတွေချည်းပဲမဟုတ် အရာရှိဇနီးတွေ မိသားစုတွေကလဲ
အားလုံးမတ်တပ်ထရပ်တယ်။
ဘယ်သူမှ စေ့စော်မှုမလုပ်ဘဲနဲ့ အားလုံးကိုယ်စီထရပ်ကြတယ်
စောနက ဝေးဟေးဟေးနဲ့ အားပေးသံတွေညံနေတဲ့
စစ်တက္ကသိုလ်ဘောလုံးကွင်းကြီ
အဲဒီအချိန်မှာပဲ အရပ်သား ကလပ်အသင်းက နောက်တန်းခံစစ်မှုးက
ကျွန်တော်တို့အသင်းက တိုက်စစ်မှုးရဲ့ခြေထောက်ထဲက ဘောလုံးကို ပြေးပြီးလုတယ်။
တိုက်စစ်မှုးကပြန်လဲမလုဘူး သူ့ဘာသူသတိဆွဲပြီးရပ်နေတယ်
ကွင်းပတ်ပတ်လည်ကိုကြည့်တော့
အားလုံးသတိဆွဲ မတ်တပ်ရပ်နေကြတာကို သူမြင်တယ်
တစ်ဖက်အသင်းက တော်တော်အံ့သြသွားတယ်။
ပြီးတော့ ကြောင်ပြီးကျွန်တော်တို့ကို
ဘာဖြစ်တာလဲပေါ့။
အကြိတ်အနယ် ဘောလုံးပြိုင်ပွဲတစ်ခုမှာ ပွဲပြီးခါနီးအထိ သရေကျနေတဲ့အချိန်
သေချာပေါက်ဂိုးရမယ့် အနေအထားမှာ ဘောလုံးဆက်မကန်ဘဲ
ရပ်နေတဲ့ ကျွန်တော်တို့အသင်းရယ်၊ ဆူညံပွက်လောရိုက်ပြီးအားပေး
တိတ်ဆိတ်သွားပြီး မတ်တပ်ထရပ်တဲ့ ပရိတ်သတ်ကိုကြည့်ပြီး
သူတို့တော်တော်အံ့သြနေတယ်။
နောက်ပြီး သူတို့ပါ ရောယောင်ပြီး ရပ်နေကြတယ်
အကြောင်းတစ်ခုခုတော့ရှိရမယ်
တစ်မိနစ်လောက်ကြာတဲ့အချိန်မ
အော်တယ်
ကျွန်တော်တို့အသင်းကဘောလုံး
အော်တယ်
ကျွန်တော်တို့ ဘောလုံးဆက်ကန်တယ်
အဲပွဲက ဂိုးမရှိသရေပွဲ
ပွဲပြီးတော့ သူတို့ဘက်က အသင်းသားလေးက ကျွန်တော့်ကိုလာမေးတယ်မေးတယ
"ဗိုလ်ကြီးတို့ ခုနက ဂိုးသွင်းရမှာကို ဘာလို့မသွင်းဘဲ အကုန်လုံးရပ်နေတာလဲ "တဲ့
"အော် ညီလေးကလဲ မင်းတို့မကြားရဘူးလား"
"တော်တီးတော် ဆိုပြီး ခရာရှည်ကြီးမှုတ်နေတာလေ"
"ဟုတ်ကြားတယ်အစ်ကို အဲအသံကြီးပြီးတော့လဲ အစ်ကိုတို့ရပ်နေတုန်းပဲလေ "တဲ့
"အေး အဲဒါက ညနေ ၅နာရီခွဲ အလံချ ခရာမှုတ်တာညီလေးရ"
အလံချခရာဆိုတာ ဗဟိုကင်းရှေ့မှာ လွှင့်ထားတဲ့ နိုင်ငံတော်အလံကို
ညနေ၅ နာရီခွဲဆိုရင် ပြန်ချရတယ် အဲအချိန်မှာ စစ်ခရာရှည်မှုတ်ရတယ်ကွ"
"စစ်သားမှန်ရင် အဲဒီအချိန်ရောက်လို့ အဲဒီခရာသံကြားတာနဲ့
မင်းဘာ အလုပ်လုပ်နေနေ ရောက်တဲ့နေရာမှာ
သတိဆွဲပြီး မတ်တပ်ရပ်ရတယ်"
"ခရာသံပြီးတော့ ဘာလို့ ဆက်ပြီး ရပ်နေသလဲဆိုတာက"
"အဲဒါ ဗဟိုကင်းက ကင်းစစ်သည်တွေ"
"သစ္စာလေးချက်ဆိုနေတဲ့အချိန်
"အလံချပြီးတာနဲ့ သစ္စာလေးချက်ကို ဆိုရတယ်"
"အစ်ကိုတို့တော့မကြားရပေမယ်
"စိတ်ထဲကနေ မှန်းပြီး မတ်တပ်ရပ်နေရတာ"
ကောင်လေးက ပြန်ပြောတယ်
"အော်.... မိုက်တယ် နော် ဗိုလ်ကြီး" တဲ့
"ဟဟ ဘာမိုက်တာတုန်းဟ"
"ကျွန်တော်မပြောတတ်ဘူးဗျ"
"ဒါပေမယ့် ကိုယ်စီ ကိုယ်စီ အသိစိတ်ဓါတ်ရှိတာကို မိုက်တယ်လို့ပြောတာ
ဘယ်သူမှလဲ ဘာမှမပြောပဲနဲ့ အကုန်လုံး အဲလိုဖြစ်သွားတာ
ကျွန်တော်တို့တောင်ကြောင်သွ
"ဟဟဟ မင်းတို့ကတော့ ကြောင်မှာပေါ့"
"အစ်ကိုတို့အတွက်က အလေ့အကျင့်လိုဖြစ်နေတာ"
"နောက်ပြီးတော့ အလေ့အကျင့်ဆိုတာထက်"
"တန်ဖိုးထားတာလို့လဲပြောလို
"အော် ဟုတ်မယ်နော် ဗိုလ်ကြီး
ရေလည်လန်းတယ်ဗျာ လေးစားတယ်"
ကောင်လေးကတော့ သူပြောတတ်သလိုပဲပြောသွားတယ်
ကျွန်တော်တို့ စစ်သားတွေ နဲ့ မိသားစုဝင်တွေ တန်ဖိုးထား လေးစားတဲ့ သစ္စာတရားတစ်ခုကို
သာမာန် အရပ်သားကောင်လေးတစ်ယောက်က လေးစားသမှုပြုသွားတာကိုတော့ ကျွန်တော်ဝမ်းသာခဲ့တယ်။
(ဓါတ်ပုံကတော့ ခြေလျင်တပ်ရင်းတစ်ခုမှာ ညနေ၅ နာရီခွဲ အလံချခရာမှုတ်တဲ့အချိန်
စစ်သည်အားလုံး ရောက်ရာ နေရာမှာ သတိဆွဲ မတ်တပ်ရပ်နေကြတဲ့ပုံပါ။)
Crd.Sithu
အမှန်ဘဲဗျာ
ReplyDelete