လုံခြုံရေးဝန်ထမ်းများအပေါ် အပြန်အလှန်လေးစားသင့်
ခရီးတစ်ခုကိုသွားမည်ဆိုလျင်
လူတစ်ယောက်အနေနှင့် မိမိသွားမည့်နေရာ လမ်းကြောင်းအကွာအဝေး တွေကို တွက်ချက်ရပါမည်။မိမိနှင့်အတူသွားမည့်
ခရီးအဖော်၊ယာဉ်မောင်းမည့်သူ သူတို့ကို ရွှေးချယ် ကြရမည်ဖြစ်ပါသည်။မိမိမိသားစုအတွက် ယာဉ်မောင်းနှင်လိုက်ပါပေးရမည့်သူအဖြစ်သင်ရွှေးချယ်ခံရ
လျှင် ပထမဆုံး သင်ဘာစလုပ်မလဲ စဉ်စားကြည့်လိုက်ပါ။သင့်မိသားစုတစ်ခုလုံးအပေါ် သင်ဦးဆောင်
မောင်းနှင်ခေါ်ဆောင်သွားရမှာဖြစ်လို့  မိမိ ယာဉ် ကြံခိုင်မှုရှိမရှိ ၊ ဆီ ၊ ရေ ၊ လေ
၊ မီး ၊ ဘရိတ်ကောင်း မကောင်းကို သင်ကျိမ်းသေပေါက်စစ်ဆေးတော့မည်ဖြစ်ပါသည်။
ဒီလိုသာမန်
မိသားစု လမ်းကြောင်းတစ်ခုအတွက် ရွှေးချယ်ခံရပင်လျှင် သင့်အနေဖြင့် အစရှိသည့် လုပ်ငန်းဆောင်တာတွေကို
ဆောင်ရွက်မှာ မလွဲဧကန်ဖြစ်ပါက အရေးကြီးပုဂ္ဂိုလ် ရဟတ်ယာဉ်မောင်း နှင်သူ Pilot နေရာအဖြင့်
သင်ရွှေးချယ်ခံရလျှင် တာဝန်ပေးအပ်ခြင်းခံရလျှင် မိမိ Pilot လုပ်ငန်းတာဝန် ကျေပွန်စွာထမ်းဆောင်နိုင်ဖို
့ သင်အကောင်းဆုံး ဆောင်ရွက်ပြင်ဆင်ရတော့မှာဖြစ်ပါသည်။
လမ်းခရီးသွားစဉ်
မတော်တစ်စဖြစ်ရပ်များကြုံတွေ့လာနိုင်ခြင်းကိုတော့ သွားလာနေစဉ် သတိထား မောင်းနှင်သွားရမည်ဖြစ်ပါသည်။ယာဉ်ရဲ့
အချက်ပြမီးများတွင် ချို့ယွင်းမှုများ ပြလာပါက၊ ရာသီဥတု ဆိုးရွားစွာ တွေ့ကြုံရလာပါက
ဆက်၍ခရီးနှင်ခြင်း(သို့)ခေတ္တရပ်နားယာဉ်စစ်ဆေးခြင်း တို့ကို လုပ်ဆောင်ဖို့ သင်ဆုံဖြတ်ချက်ချရတော့မည်ဖြစ်သည်။
သင်၏ ဆုံးဖြတ်ချက်သည် မောင်းနှင်နေသော သင့်တွင်သာ ရှိပြီး ဖြစ်သမျှကိစ္စတိုင်းအပေါ် သင်တာဝန်ခံပေးရမည်သာဖြစ်သည်။
နိုင်ငံတော်အဆင့်အရေးကြီးပုဂ္ဂိုလ်သွားရောက်ရမည့်
ခရီးစဉ်တစ်ခုကို သာ သင်တာဝန်ယူရမည် ဆိုလျှင် သင့်အတွက် ပိုမို တာဝန်ကြီးမားမည်ဖြစ်ပြီး
ပါးစပ်အပြောဖြင့် ဆောင်ရွက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ မိုင်းတုံမြို့ တွင် ဖြစ်ပွားခဲ့သော
ဖြစ်စဉ်မှာဆိုလျှင်လည်း တပ်မတော်သားရဟတ်ယာဉ် မောင်း Pilot ဟာ မိမိ သွားရောက်မည့် ခရီးစဉ်အတွက်
အစစ အရာ ကြိုတင်ပြင်ဆင်ထားရှိခဲ့ပြီးဖြစ်ပါ သည်။
ဟိုက်ဒရောလစ်ဆီယိုဖိတ်မူဖြစ်စဉ်ဆိုသည်မှာ
မတော်တစခရီးသွားရင်းဖြင့် ဖြစ်လာသော စက်ပစ္စည်း ပိုင်းဆိုင်ရာချို့ယွင်းမူဖြစ်ပါသည်။လမ်းခရီးအတွက်
စိတ်ချရမူမရှိနိုင်သည်ကို သိရှိသည်နှင့် ပြန်လည် ဆင်းသက်ဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို
ချက်ချင်းချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ပြန်လည်ဆင်း သက်လာသည်နှင့် တပ်မတော်မှ နောက်ထပ်
ရဟတ်ယာဉ်များကို ချက်ခြင်းအသင့်စီစဉ်ပေးခဲ့တာ ဖြစ်ပါသည်။
ဒီအပေါ်မှာ
နိုင်ငံရေး အမြတ်ထုတ်မူတွေ ဆောင်ရွက်လာတာတွေဟာ တကယ်တော့မဖြစ်သင့်တဲ့ကိစ္စ တွေ ဖြစ်ပါသည်။တပ်မတော်သားတွေအပေါ်
လေးစားမူပျက်ယွင်းတာလည်းဖြစ်ပါတယ်။စက်ပစ္စည်း တွေဆိုသည်မှာ ရာသီဥတုဆိုသည်မှာ တစ်နေရာနှင့်
တစ်နေရာခန့်မှန်းရခက်ပြီး အမြဲကောင်းနေမည် ဟု ယူဆ၍ မရနိုင်ပါ။နိုင်ငံတကာတွင်လည်း တပ်မတော်ပိုင်ရဟတ်ယာဉ်များကို
သုံးစွဲခဲ့သည့် အရေး ကြီး ခရီးများစွာရှိခဲ့ပါသည်။ကိုယ်ပိုင်လေယာဉ် ရဟတ်ယာဉ်များဖြင့်လို့
မတော်တစမူမကြုံဖူးဆိုတာ လည်း မရှိပါဖူး။ဒါကြောင့်မို့ မိမိထင်မြင်ချက်ယူဆချက်မှတ်ချက်တွေဖြင့်
တကယ်လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေရသည့် တာဝန်ရှိဝန်ထမ်းများအပေါ် မစွပ်စွဲ သင့်ကြောင်း
ရေးသားတင်ပြအပ်ပါသည်။
credit-

0 comments:
Post a Comment