Monday, February 11, 2019

စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
၁၁ ဖေဖော်ဝါရီ ၂၀၁၉၊ ပြင်ဦးလွင်
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အချင်းချင်းစည်းလုံးညီညွတ်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ စည်းစနစ်ကျမှုတို့ကို ဖော်ထုတ်ပြသကာ တက်ကြွမှုနှင့် အားမာန်ကို အသုံးပြု ယှဉ်ပြိုင်ရသော စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို ယနေ့ ညနေပိုင်းတွင် ဗိုလ်လောင်းတပ်ရင်းအသီးသီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အရာရှိ/စစ်သည်များ၊ မိသားစုများနှင့် ဗိုလ်လောင်းများက တက်ရောက် အားပေးခဲ့သည်။
ပြိုင်ပွဲများတွင် ဗိုလ်လောင်းတပ်ရင်းများမှ တပ်ခွဲအလိုက် ပြိုင်ပွဲဝင် ဗိုလ်လောင်းများက အချင်းချင်း စုပေါင်းညီညွှတ်စွာဖြင့် ကြိုးစားယှဉ်ပြိုင်မှုကို ကျန်ဗိုလ်လောင်းများကလည်း အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့် ပျော်ရွှင်စွာ အားပေးခဲ့ကြသည်။ ထို့အပြင် မြန်မာ့ရိုးရာထမနဲပြိုင်ပွဲနှင့်ပတ်သက်သော နံရံကပ်စာစောင်များကို ဗသုသုတဖြစ်ဖွယ် ခင်းကျင်းပြသခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် စစ်တက္ကသိုလ်မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့် ဆုရရှိသည့် အသင်းများကို ဆုတော်ငွေများနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source: စစ်တက္ကသိုလ် သတင်းစဉ်

Image may contain: 5 people, people standing and outdoor
Image may contain: 1 person, standing, outdoor and food

Image may contain: one or more people, people standing, sky, outdoor and nature

Image may contain: 9 people, people standing and food

Image may contain: 5 people, people smiling

Image may contain: 3 people, outdoor

Image may contain: 9 people, people smiling, people sitting

Image may contain: 14 people, people smiling, people standing and outdoor

Image may contain: 3 people, people standing and outdoor

Image may contain: 3 people, people standing, crowd and outdoor

Image may contain: 12 people, people standing

Image may contain: 11 people, people standing, crowd and outdoor

Image may contain: 7 people, people smiling, people sitting

Image may contain: 3 people, people standing and outdoor

Image may contain: 7 people, people standing and crowd

Image may contain: 10 people, people smiling, crowd

Image may contain: 7 people, people smiling

Image may contain: 5 people, people smiling, people standing, wedding and outdoor

Image may contain: 3 people, people standing and indoor
Image may contain: 2 people, crowd and outdoor

Image may contain: one or more people and crowd
Image may contain: 1 person, standing

0 comments:

Post a Comment