Thursday, February 28, 2019

ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်ဌာနချုပ်၌ အရာရှိတစ်ဦး၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွား

ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်ဌာနချုပ်၌ အရာရှိတစ်ဦး၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈
ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်ဌာနချုပ်၌ အရာရှိတစ်ဦး၏ နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရာရှိ၏ဇနီးမှာ ပေါက်ကွဲမှု ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကာ ပေါက်ကွဲမှု အရှိန်ကြောင့် နေအိမ် မျက်နှာကြက်များနှင့် ပြတင်းပေါက်မှန်တံခါးများ ကွဲအက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုအား အသေးစိတ်စစ်ဆေးခဲ့ရာ ပေါက်ကွဲပြီး မိုင်းပစ္စည်းအစအနများ အနေဖြင့် ပလပ်စတစ် ကွန်ကြူးပိုက်အစအနများ အလျား ၂ လက်မ၊ အနံ ၁ လက်မခွဲခန့် ဆားကစ်ပြား ၁ ခု၊ ကြွခလုတ်အပိုင်းအစ ၁ ခု၊ Panasonic Alkaline AA Size ဓာတ်ခဲ ၂ လုံးတွဲသုံး လျှပ်စစ်ဓာတ်အားပေးပိုင်း ၂ ခု၊ စတီးလ်ဘောစေ့အလုံး ၁၆၀၀ ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ရာ အချင်း ၃ လက်မ၊ အရှည် ၅ လက်မခန့် ကွန်ကြူးပိုက်တွင် ပင်တိုပလပ်စ် အမျိုးအစား ယမ်းများနှင့် စတီးလ်ဘောစေ့ ၂၀၀၀ ခန့်ထည့်၍ လေလုံအောင် ထုပ်ပိုးကာ စနက်တံကို ကြွခလုတ်ဖြင့် ဆက်ထားပြီး ပစ္စည်းကို မယူစဉ် ပေါက်ကွဲအောင် စီမံထားသော ဒေသန္တရလက်လုပ်မိုင်း အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်ပါ အရာရှိမှာ ဗိုလ်မှူး ကျော်စွာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်နန်းမို့မို့ဇော်နှင့် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး တပ်ဌာနချုပ်သို့ အပြန်တွင် ၎င်းတို့၏ အိမ်ထောင်ပရိဘောဂပစ္စည်းများအား ယာဉ်မောင်း ဦးရဲထွန်း ၅၃ နှစ် (ဘ)ဦးကြင်မောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးတိုးတိုးစံ ၂၉ နှစ် (ဘ) ဦးသန်းဝင်း လိုက်ပါသော ယာဉ်အမှတ်၊ MDY-9M 1203 ၄တန်ခွဲ ဖောယာဉ်ဖြင့် နေပြည်တော်မှ ဘူးသီးတောင်သို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပို့ဆောင်စေခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ရသေ့တောင်-ဘူးသီးတောင် လမ်းခွဲသို့ ရောက်ရှိပြီး ဆက်လက်ထွက်ခွာလာခဲ့ရာ ညနေ ၄ နာရီခန့် ကျောက်တန်းကျေးရွာတစ်ဝိုက်၌ အရပ်ဝတ်ဖြင့် ၂ ဦးမှ မော်တော်ယာဉ်အား ရပ်တန့်စေပြီး ကားလမ်း၏အရှေ့ဘက် တောတွင်းတစ်နေရာသို့ မောင်းနှင်စေလျက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထပ်မံ၍လည်း အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၆ ဦးခန့်က ရောက်ရှိလာကာ ပစ္စည်းများအား ယာဉ်ပေါ်သို့ တက်ရောက်ရှာဖွေခဲ့ကြောင်း၊ ထို့နောက် လက်နက်ကိုင်အဖွဲ့က ယာဉ်အား ည ၈ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ဗိုလ်မှူး ကျော်စွာ ၏ နေအိမ်သို့ မော်တော်ယာဉ် ရောက်ရှိကာ ဗိုလ်မှူး ကျော်စွာနှင့် စစ်သည်များက မော်တော်ယာဉ်ပေါ်မှ ပစ္စည်းများအား နေအိမ်အတွင်းသို့ ချနေစဉ် အရာရှိ၏ဇနီးဖြစ်သူက အိမ်ထောင်ပရိဘောဂပစ္စည်းများအား ထုတ်ယူကြည့်ရှုစဉ် နံနက် ၈ နာရီခန့်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

AA ရဲ့ယုတ်မာတဲ့လုပ်ရပ်

AA ရဲ့ယုတ်မာတဲ့လုပ်ရပ်
---------------------
ယနေ့နံနက် ရခိုင်ဒေသ ပုဏ္ဏားကျွန်းဖက်မှာ ဘုရားထီး​တော်​ပင့်​ပြီးပြန်​လာတဲ့ ရဲကား​တွေကို AAကမိုင်းဆွဲတာ ရဲတပ်ဖွဲ့ဝင်၂ဦးသေဆုံးပြီး ၁ဦးဒဏ်ရာပြင်းထန်တယ်လို့ သတင်းရရှိပါတယ် ကျန်သူတွေကတော့ ဘေးလွတ်ရာကိုပြေးလို့ အသက်ဘေးကလွှတ်ခဲ့တယ်လို့သိရှိရပါတယ် AA ရဲ့လုပ်ရပ်တွက် စိတ်မကောင်းစရာပါဗျာ..

Hein Yar Zar

Image may contain: outdoor

Image may contain: car and outdoor

Image may contain: nature

Wednesday, February 27, 2019

ဗိုလ်ကြီးနဲ့ ဆရာမ


အားကျနေပြီမလား .....




UTC-1 တပ်ဖွဲ့ဝင်ကျောင်းသူ၊ကျောင်းသားများ၏ စုပေါင်းအမှိုက်ကောက်ယူခြင်း မှတ်တမ်းပုံရိပ်များ။

UTC-1 တပ်ဖွဲ့ဝင်ကျောင်းသူ၊ကျောင်းသားများ၏ စုပေါင်းအမှိုက်ကောက်ယူခြင်း မှတ်တမ်းပုံရိပ်များ။

credit-

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people sitting, child and outdoor

Image may contain: 1 person, smiling, standing and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people, people standing, crowd, outdoor and nature

Image may contain: one or more people, child and outdoor

Image may contain: one or more people, people standing, sky and outdoor

Image may contain: 5 people, people standing, tree and outdoor


အောင်ပွဲရ ရှေ့တန်းပြန် တပ်မ ၇၇ မှ တပ်မတော်သားများအား ကြိုဆို

အောင်ပွဲရ ရှေ့တန်းပြန် တပ်မ ၇၇ မှ တပ်မတော်သားများအား တပ်မိသားစုဝင်များ ဌာနဆိုင်ရာဝန်ထမ်းများ
တပ်မတော်ကိုချစ်မြတ်နိုးသော မိဘပြည်သူများနှင့်အတူ ရုပ်ရှင်နှင့်ဗွီဒီယိုမင်းသား ကောင်းပြည့်မှလည်း
ဂုဏ်ပြုပန်းကုံးများနှင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါတယ် .....
.
Photos credit .... Original
photograper......myo thiha

credit-

Image may contain: 4 people, people smiling, people standing

Image may contain: 6 people, people standing, flower and outdoor

Image may contain: 6 people, people smiling, people standing and outdoor

Image may contain: 4 people, people smiling

Tuesday, February 26, 2019

မိသားစု အတူတူရှိနေချိန်တွေ

တပ်မိသားစုတွေရဲ့ ပျော်စရာအချိန်တွေက
ဘယ်လောက်ပဲ ပင်ပန်းနေပါစေ
မိသားစု အတူတူရှိနေချိန်တွေပဲ ......

Image may contain: 3 people, people standing, tree, grass, outdoor and nature

တပ်မတော်နဲ့ပြည်သူ လက်တွဲကူ သွေးခွဲလာသူ တို့ရန်သူ

တပ်မတော်နဲ့ပြည်သူ လက်တွဲကူ
သွေးခွဲလာသူ တို့ရန်သူ

Image may contain: 1 person, standing and outdoor

တပ်မတော်သားအယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှုများရှိပါက သက်ဆိုင်ရာများသို့တိုင်ကြားနိုင်


တပ်မတော်သားအယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှုများရှိပါက သက်ဆိုင်ရာများသို့တိုင်ကြားနိုင်
နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေ တည်ဆောက်ရန်အတွက်ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများဆောင်ရွက်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများ၊ လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များ သိမ်းဆည်းရမိကြောင်းကို ဖေဖော်ဝါရီ ၁၉ ရက်နှင့် ယနေ့တို့တွင် သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့ပါသည်။
ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်အသုံးအဆောင် ပစ္စည်းများဝတ်ဆင်၍ တပ်မတော်သားအယောင်ဆောင်ကာ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူများပြုလုပ်ခြင်းများကို ဆောင်ရွက် နေကြောင်း ဒေသခံပြည်သူများ၏သတင်းပေးချက်အရနှင့် သိမ်းဆည်းရမိခဲ့သော အထောက် အထားများအရသိရှိရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ၌လည်း စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။
ထိုသို့ဆောင်ရွက်မှုများသည် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ် အထင်မှားအမြင်မှားဖြစ်စေရန်ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး တပ်မတော်နှင့် ဒေသခံ ပြည်သူလူထုစိတ်ဝမ်းကွဲ၍ ဒေသမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော်သားအယောင်ဆောင်၍ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများပြုလုပ်နေသည်ကို တွေ့ရှိရပါက သက်ဆိုင်ရာရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထားနှင့်တကွ အကြောင်းကြားတိုင်ကြားခြင်းဖြင့် ဒေသလုံခြုံရေး အား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ပူးပေါင်းလှုပ်ရှားလျက်ရှိ

ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ပူးပေါင်းလှုပ်ရှားလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆
ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွားလာလှုပ်ရှားနေမှုဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသဖြင့် စိစစ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလနောက်ဆုံးပတ်ခန့်တွင် ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ် ၄၉ အနောက်ဘက်ရှိ ဘာလူခါရာ BGB စခန်းအနီး၊ မြန်မာနိုင်ငံရှိနယ်စပ်မှတ်တိုင် ၅၀ အနီး လိမ္မော်ချယ်ရီ BGB စခန်း၏အနောက်ဘက်၊ မြန်မာနိုင်ငံရှိနယ်စပ်မှတ်တိုင် ၅၀ နယ်ခြားစောင့်ရဲကင်းစခန်း၏အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ ဘာလူခါရာ BGB စခန်းရှိရာဘက်သို့ ကားလမ်းအတိုင်း လွတ်လပ်စွာလှုပ်ရှား သွားလာနေခြင်းဖြစ်ကြောင်း စိစစ် သိရှိရသည်။

ထိုသို့ နှစ်နိုင်ငံနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ARSA နှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ပူးပေါင်းလှုပ်ရှားသွားလာနေမှုအပေါ် သက်ဆိုင်ရာနိုင်ငံသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကန့်ကွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား၊ လေ့ကျင့်ရေးစခန်းတစ်ခုအားသိမ်းပိုက်ရရှိ

No photo description available.

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ ဆက်သွယ်ထားသော ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့် သည် လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် အခြေခံနယ်မြေတည်ဆောက်ရန်ရောက်ရှိနေပြီး အများ ပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ် စုဆောင်းခြင်းများပြုလုပ်လျက်ရှိကြောင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို မလိုလားသူ ပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားခဲ့သော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနောက်သို့ တပ်မတော်စစ်ကြောင်းများက အသေးစိတ်လိုက်လံ ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ ထိတွေ့မှုရှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ၎င်းတို့သင်တန်း ကျောင်းဖွင့်လှစ်ရန် ရည်ရွယ်ထားသောလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၏ အရှေ့ဘက်နှင့်တောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တပ်မတော်စစ်ကြောင်းများက ထက်ကြပ်လိုက်လံရှင်းလင်းလျက် ရှိသည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံမှ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများ၊ အရက်စည်ခုနစ်ပုံး၊ လမ်းလျှောက်စကား ပြောစက်အား သွင်းခုံများ၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကျူးပိုက်များ၊ ကော်ဘူးများ၊ ၀ါးနင်းခလုတ်များ၊ ယမ်းစိမ်းပုံးများ၊ ဓာတ်မြေသြဇာများနှင့် တပ်မတော်အရာရှိ၊ စစ်သည် အဆင့်တံဆိပ်များ၊ AA အကြမ်းဖက်သောင်းကျန်းသူ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရရှိခဲ့ ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။

.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး













ပါရမီဖြည့်ဖက်

ဘယ်အချိန်အိမ်ပြန်ခဲ့မယ်ဆိုတာ မသိကြပေမယ့်
တိုင်းပြည်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေကြတယ် ဆိုတဲ့ အသိနဲ့
နားလည်ပေးနိုင်တဲ့ ပါရမီဖြည့်ဖက်တွေ .....

Image may contain: one or more people, people standing, outdoor and nature

ဘယ်သိနိုင်ပါ့မလဲ

လူတစ်ယောက်ရဲ့ ခံစားချက်ကို
တခြား လူတစ်ယောက်မသိနိုင်သလို ......

လူတချို့ရဲ့ဘဝတွေကို
တခြား လူတချို့က ဘယ်သိနိုင်ပါ့မလဲ ......

-မိုးဟိဏ်း-

Image may contain: 2 people, people standing, outdoor and nature

သူတို့ရင်ဝယ်သားတွေပါ .....

ခင်ဗျားတို့ သိတဲ့ စစ်သားက
အွန်လိုင်းပေါ်က ဖတ်တဲ့ သတင်းစကားတွေပါ ......

တောတောင်တွေမှာ ရှင်သန်နေထိုင်ကြတဲ့
တိုင်းရင်းသား ပြည်သူတွေ သိတဲ့ စစ်သားက .....
သူတို့ရင်ဝယ်သားတွေပါ .....

-မိုးဟိဏ်း-

Image may contain: 4 people, people standing

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးပေါက်ကွဲမူဖြစ်ပွား

AA လက်​ချက်​ပါသူပုန်​အဆင့်​မဟုတ်​ပါ အကြမ်းဖက်
သမားများဖြစ်​ပါသည်​။
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးပေါက်ကွဲမူဖြစ်ပွား
💣💣💣💣💣💣💣💣💣💣💣💣
(၂၆-၂-၂၀၁၉)
ZawZaw

Image may contain: outdoor
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးခြံထည့်၌ ယနေ့(၂၆-၂-၂၀၁၉)နေ့ ညနေ (၅:၀၀)နာရီခန့်အချိန်တွင် ဗုံးပေါက်ကွဲမူဖြစ်ပွားခဲ့သည်၊၊

၎င်း ပေါက်ကွဲမူသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အစည်းအဝေးခန်းမ ဘေးတွင်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူသုံးဦး ဒဏ်ရာရပြီး အရေးပေါ်ဆေးရုံတင်ထားရကြောင်း သတင်းရရှိပါသည်၊၊

Credit. Zaw Zaw Win

Image may contain: plant and outdoor

မင်္ဂလာ နံနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ .......

မင်္ဂလာ နံနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ .......

Image may contain: 2 people, people smiling, people standing and outdoor

မောင်းတောတောင်ပိုင်းဥဒေါင်းကျေးရွာတွင်AAသူပုန်​နှင့်ဆက်နွယ်သည်ဟုသတင်းအရဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ။

မောင်းတောတောင်ပိုင်းဥဒေါင်းကျေးရွာတွင်AAသူပုန်​နှင့်ဆက်နွယ်သည်ဟုသတင်းအရဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ။

Cd~KyawZayla

Image may contain: one or more people and people standing

No photo description available.

Image may contain: food

Monday, February 25, 2019

နူးညံ့တဲ့ နှလုံးသားတစ်စုံ

ကြမ်းတမ်းတဲ့ လူသားတွေမှာ
နူးညံ့တဲ့ နှလုံးသားတစ်စုံ
ပိုင်ဆိုင်ထားကြတယ် .......

Image may contain: 2 people, bird

ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုတာ စစ်သား ဘဝ ကိုပြောတာ

ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုတာ
စစ်သား ဘဝ ကိုပြောတာ

🥰🥰🥰

Image may contain: one or more people, sky, outdoor and nature

ပါရမီဖြည့်ဖက် 😘

ပါရမီဖြည့်ဖက်
😘
Image may contain: 1 person
ယုံကြည်ရာ တစ်ခုအတွက်
ပေးဆပ်မှု့ ဆိုတာ အနည်းနဲ့ အများတော့ ရှိတာပေါ့

#စစ်သားတစ်ယောက်ရဲ့ နောက်မှာလည်း
ပေးဆပ်တာချည်သက်သက်နဲ့
ပါရမီဖြည့်ဖက် တစ်ယောက် ရှိနေရဲ့ ..

အနေဝေးလို့
ဂရုမစိုက်မိတဲ့ ရက်တွေအတွက်လည်း
နားလည်ရင် ကျော်ဖြတ်လို့
တိုင်းပြည်နဲ့ လူမျိုးအတွက်
ရင်ဘတ်တွေကို စတေး ထားခဲ့တာ ....

#စစ်သားတွေရဲ့ ချစ်ဇနီးတွေ ....

ပိုင်ဆိုင်မှု့ဆိုတာ ကလေးတွေ နဲ့ အကြွေးတွေပေါ့
ဒါပေမဲ့
ချမ်းသာမှု့ လေးတစ်တော့ ရှိပါရဲ့
အတူတူ ရှိနေတဲ့ ရက်တွေတိုင်းမှာ

#စိတ် ချမ်းသာ တယ်




စစ်တိုက်ရတာ ပျော်တဲ့စစ်သား မရှိပါဘူး

စစ်တိုက်ရတာ ပျော်တဲ့စစ်သား မရှိပါဘူး
😡
No photo description available.
စစ်တိုက်မလား ?
မိန်းမနားကပ်မလား ? အမေ့အိမ် ပြန်မလား ? 
၂ ခါ မဖြေပါဘူး ......

#တာဝန်ဆိုတဲ့ စိတ်နဲ့ စစ်တိုက်နေတယ်

ကျေပိုးအိပ်ထဲမှာ မိသားစုဓာတ်ပုံဆိုတာ
A.4 စက္ကူ တစ်ရွက်လောက်တောင်
နေရာ မယူနိုင်ခဲ့ပါဘူး .....

#ရင်ထဲမှာ အလွမ်းကိုယ်စီတော့ ပြည့်နေရဲ့

စစ်သားတစ်ယောက်ဖြစ်ရင်
ဆင်းရဲမယ် ငတ်မယ် ကံမကောင်းရင် သေမယ်
ဘာလို့ စစ်ထဲဝင်လဲ မေးရင်
ခံယူချက်ပဲလေ ....

#စစ်သားဖြစ်ရင် မင်းတော့ ပွတာပဲကွာလို့ ဘယ်သူမှ မပြောခဲ့ဘူး

ယောက်ျား/မိန်းမ အိမ်ထောင်ပြုသလိုပေါ့
ယောက်ျားယူတာ ကောင်းလားလို့ မေးကြည့်
မကောင်းမှန်းတော့သိတယ်
သူလဲ သူ့ခံစားချက်နဲ့ သူပဲလေ .....

#ရင်ထဲမှာ ရှိတာ ပြောလို့မှ မရတာ

ဒါပေမဲ့

စစ်သားတိုင်းမှာ ယောက်ျားဆန်တဲ့ စိတ်တော့ရှိတယ်
ဘယ်တော့မှ ...

#နောင်တ မရဘူး ......

Sit Naung