မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ
အာဏာကျင့်သုံးမှုစနစ် နှင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်
ရေး(Military Administration)စနစ် ။
မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်
သုံးမှုစနစ်နှင့် အာဏာတည်ဆဲအစိုးရတစ်ရပ်သည် တပ်မတော်
အား ခေတ္တအုပ်ချုပ်ရေး လွှဲပြောင်းပေးသဖြင့် အရေးပေါ်အခြေအ
နေအရ စစ်အုပ်ချုပ်ရေး (Military Administration) )စနစ် တို့ မတူပေ။
စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် (Martial Law) သည်
စစ်မြေပြင်တွင် တပ်မှူးကအာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူကျင့်
သုံးခွင့်ရှိသည့် အာဏာမျိုးဖြစ်သည်။
စစ်အာဏာပိုင်များအနေဖြင့် အခြေခံဥပဒေကို ထောက်ထားခြင်း၊ အထက်အဆင့်ဆင့် တင်ပြအစီရင်ခံခြင်း၊ အခွင့်အာဏာရယူခြင်းများ လုပ်ဆောင်စရာမလိုဘဲ၊ မိမိကိုယ်တိုင် တာဝန်ခံဆုံးဖြတ် လုပ်
ဆောင်နိုင်သည့် အခြေအနေကို မာရှယ်လောဟုခေါ်သည်။
စစ်အာဏာပိုင်များအထက်တွင် မည်သည့်
အာဏာပိုင် အဖွဲ့အစည်းမျှ မရှိဆိုသည့် သဘောမျိုးဖြစ်သည်။
စစ်အုပ်ချုပ်ရေးစနစ် (Military Administration)
ဆိုသည်မှာ အခြေခံဥပဒေအရ လွှဲပြောင်းတာဝန်ပေးအပ်ရခြင်း
ဖြစ်ပြီး မာရှယ်လောနှင့် များစွာကွာခြားသည်။
စစ်အုပ်ချုပ်ရေးစနစ်သည် အဖွဲ့ဖြင့် အုပ်ချုပ်ရခြင်းဖြစ်ပြီး
ထိုအဖွဲ့သည် အခြေခံဥပဒေ၏ ထိန်းချုပ်မှုကိုခံယူရပါသည်။
စစ်အာဏာပိုင်များ၏အထက်တွင် အာဏာပိုင်အဖွဲ့အစည်း
တစ်ရပ် ရှိနေသေးသည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် မာရှယ်လောကျင့်သုံးရလောက်အောင် အခြေအနေဆိုးရွားနေပါက မာရှယ်လောထုတ်ကာ အုပ်ချုပ် လေ့ရှိ
ကြသည်။
မာရှယ်လောအမှန်တကယ်ကျင့်သုံးလျှင်
အခြေခံဥပဒေကို ဘေးဖယ်ထားခြင်းခံရတတ်သည်။
အခြေခံဥပဒေမှ လိုအပ်သည်များကို သုံးကောင်းသုံးနိုင်သော်လည်း စစ်အာဏာပိုင်များအပေါ်တွင် မည်သည့်အဖွဲ့အစည်းကမှ လွှမ်းမိုးထိန်းချုပ်၍ မရပေ။
စစ်အာဏာ ပိုင်များအပေါ်တွင် လုံး၀အာဏာတည်ပြီး
အခြေအနေ အချိန်အခါ လိုအပ်ချက်အရ စစ်အာဏာပိုင်များက
မှန်ကန်သည်ဟု ယူဆလျှင် အမိန့်၊ ကြေညာချက်များထုတ်ပြန်ပြီး အာဏာကိုကျင့်သုံးပိုင်ခွင့်ရှိ သည်။
မာရှယ်လောကိုကျင့်သုံးလျှင် ထုတ်ပြန်သည့်
အမိန့်နှင့်ဥပဒေ များကို မလိုက်နာသူမရှိရလေအောင် လုပ်ပိုင်ခွင့်
အာဏာများ ပေးထားတတ်သည်။
မာရှယ်လောကို မည်မျှအထိအခွင့်အာဏာပေးထားသနည်း
ဆိုသော် စိတ်စေတနာအမှန်ဖြင့် ယုံကြည်ချက်အတိုင်း ဆောင်ရွက်
သည့်အတွက် မှားယွင်းသွားခြင်းဖြစ်လျှင်လည်း ခွင့်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားချက်များတွေ့ရသည်။
မာရှယ်လောကျင့်သုံးလိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
လူတစ်ဦးချင်း ကာကွယ်နိုင် ၊ ရယူနိုင်သည့် အခွင့်အရေးများ
ရပ်ဆိုင်းသွားတတ်သည်။
ထို့ကြောင့် မာရှယ်လောဆိုသည်မှာ
ပြင်းထန်သည့် စီရင်ခွင့်တစ်ခုဟုဆိုနိုင်သည်။
မာရှယ်လောအရ ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး
နစ်နာခဲ့သူတစ်ဦးသည် နောင်အစိုးရလက်ထက်တွင် အရပ်ဘက်
တရားရုံးများမှ အမှုဖွင့် တိုင်တန်းခွင့်၊ စုံစမ်းစစ်ဆေး ခွင့်လည်း
မရှိပေ။
ထို့ကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်သည်ဆိုလျှင်
ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသော အကန့်အသတ်မဲ့အာဏာဟူ၍
ပြောနိုင်သည်။
ထို့ကြောင့် မာရှယ်လောသည်
စစ်အုပ်ချုပ်ရေးထက် အဆပေါင်းများစွာ ပြင်းထန် သည်ဟု
ဆိုနိုင်သည်။
#Crd - ကျမ်းကိုး / မင်းကိုကိုဦး - ဝိဘာဂ

0 comments:
Post a Comment