ခိုလမ်မြို့၌ တည်ထားကိုးကွယ်မည့် ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံးချမ်းသာရ ဆုပြည့်ဝစေတီတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် - ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စေတနာရှင်တိုင်းရင်းသားပြည်သူများက တည်ထားကိုးကွယ်မည့် ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံးချမ်းသာရဆုပြည့်ဝစေတီ တော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နမ်စန့်မြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ သုခိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ အာလောက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားအလှူရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သုခိတာရုံကျောင်းတိုက်ဆရာတော် ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရတနာအုတ်မြစ်တော်များ ဆက်ကပ်လှူဒါန်းကြရာ သံဃာတော်များက မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်များနှင့် တိုင်းမှူးက မင်္ဂလာအချိန်၌ အုတ်မြစ်တော်စီခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြပြီး သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ဂါထာတော် ကို ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သုခိတာရုံကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားများ နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား တိုင်းစစ်ဌာနချုပ်၊ သံလွင်ရိပ်သာ သို့ ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment