ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
နေပြည်တော်၊ မတ် - ၉
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ ကန့်ဘလူမြို့နယ်နှင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ စုစုပေါင်း ၇ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ဃဥဠှီု - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ အရာတော်မြို့၊ ကန့်ဘလူမြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၁၃ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက မတ် ၈ ရက်နံနက်ပိုင်းတွင် မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အမှူးပြုသော သံဃာတော်များအား အဆိုပါမြို့ရှိ ချင်းတွင်းခန်းမတွင် သွားရောက်ဖူးမြော်၍ သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းကြသည်။
၎င်းအပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေကြာစွယ်ဓမ္မရိပ်သာကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ ခြေရာတော်မြောက်ကျောင်းတိုက်နှင့် ကန့်ဘလူမြို့နယ်၊ ချောင်းကန်ကျေးရွာ၊ ရွှေကျောင်းတိုက်တို့ရှိ ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား တပ်မတော်မှဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment