Saturday, March 13, 2021

မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီးရမိ

 မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ၊ မတ် - ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် တရားမဝင်ဘင်္ဂါလီများရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေး ရာ မတ် ၁၂ ရက် မွန်းတည့် ၁၂ နာရီတွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ အတွင်း၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၂ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment