Monday, March 8, 2021

သူငယ်ချင်းသို့ .......

 သူငယ်ချင်းသို့ .......

သူငယ်ချင်း .....
အခုအခြေအနေတွေက
အားလုံး တစိမ်းဆန်ခဲ့ကြပြီနော် .....

မင်းတို့ ယုံကြည်ရာအတွက်
ဆဲဆိုခဲ့ကြတယ် .....
ဒါက ခဏတာဆိုတဲ့ ခံယူချက်နဲ့
ငါတို့ မျက်နှာလွှဲထားပါတယ် .....။

မင်းတို့ဘာလုပ်လုပ်ပါ .....
လမ်းမှာ မီးရှို့ခဲ့ကြတယ် .....
ငါတို့တွေကို ခဲနဲ့ပစ်ခဲ့ကြတယ် ....
ငါတို့တွေကို ထမိန်တန်းအောက်ဝင်ခိုင်းခဲ့ကြတယ် ......
ငါတို့တွေကို ဆဲဆိုခဲ့ကြတယ် ....
ရပါတယ် သူငယ်ချင်း
အားလုံးကို ခွင့်လွှတ်ထားတယ် ......

တစ်နေ့ ......
မင်းတို့ ယုံကြည်ရာ နိုင်ခဲ့သည်ရှိသော် .....
ငါတို့ကို ကြိုက်သလို ဆက်ဆံနိုင်တယ် သူငယ်ချင်း .......

တစ်နေ့ .....
ငါတို့ ယုံကြည်ရာ နိုင်ခဲ့ရင်တော့
မင်းတို့ ဆက်ဆံဖူးသလို မဟုတ်ဘဲ
အရင်တိုင်း ပုံမှန်ပဲ ပြုံးပြနှုတ်ဆက်နေမှာပါ သူငယ်ချင်း .......။

ဒါမှ မဟုတ် .....
မင်းတို့ ယုံကြည်ရာ မနိုင်ခဲ့လို့ ......
တစ်ချိန်က လူမိုက်တွေလို .....
လက်နက်ဆွဲပြီး ......
တောခိုမယ်ဆိုရင် .....

ငါတို့ သံယောဇဉ်ကုန်ပြီသာပေ့ါ ......

ဒါဆို .....
ငါတို့ကြားမှာ ရန်သူရယ် မိမိရယ်ပဲ ရှိတော့မယ်
သူငယ်ချင်း .........

ဖိုးစည်


 

 

0 comments:

Post a Comment