မြန်မာရေတပ်စစ်ရေယာဉ်တစ်စီးပေါ်မှာ
နိုင်ငံတော်အလံကို လွှင့်ထူထားတယ်။
အဓိပ်ပါယျက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ စစ်ရေယာဉ်ပေါ်မှာ
အပြည့်အဝ ရှိနေတယ်ဆိုတဲ့ အဓိပ်ပါယျပါ။
ပိုင်နက်ပင်လယ် အပြင်ဖက် နိုင်ငံတကာရေပြင်မှာဖြစ်စေ အခြားနိုင်ငံရဲ့ရေပြင်မှာရောက်နေပါစေ တရားဥပဒေနဲ့ အညီ
အဲ့ဒီစစ်ရေယာဉ်ကို နိုင်ငံတစ်နိုင်ငံကဲ့သို့ လေးလေးစားစားဆက်ဆံရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အင်ဒမန်ကျွန်းကို ရောက်ရှိနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို
တပ်မတော်ရေ စစ်ရေယာဉ် တပင်ရွှေထီးက
Mission တစ်ခုအဖြစ်သွားရောက်ခေါ်ဆောင်ခဲ့
ပါတယ်။
စစ်ရေယာဉ်ပေါ် Onboard ဖြစ်တဲ့ အချိန်မှာ
မြန်မာနိုင်ငံသားတွေက နိုင်ငံတော်အလံကို
တရိုတသေ တရှိုက်မက်မက် ဆုပ်ကိုင်နေပုံ
မြင်ကွင်းကတော့ မြင်ရသူအပေါင်းကို
စိတ်နှလုံးပီတိဖြစ်စေပါတယ်။
ဘာလို့လည်းဆိုတော့ နိုင်ငံရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ စစ်ရေယာဉ်ပေါ်
ရောက်ရှိပြီး နိုင်ငံတော်ရဲ့
ကာကွယ်စောင့်ရှောက်မှုကို ၁၀၀ ရာခိုင်နှုန်း
အပြည့်အဝရလိုက်တဲ့ အခိုက်အတန့်ကို
အပီပြင်ဆုံး သရုပ်ဖေါ်ပြနေတဲ့
မြင်ကွင်းဆိုရင်လည်း မှားမယ်မထင်တော့ပါ
ခင်ဗျား...... 😍
Credit-
0 comments:
Post a Comment