Wednesday, March 10, 2021

မြန်မာ့နိုင်ငံ​ရေးအကျပ်အတည်းမှာ စစ်တပ်မပါဘဲ ဖြေရှင်းနိုင်ဖို့ နည်းလမ်းမရှိဘူး

 မြန်မာ့နိုင်ငံ​ရေးအကျပ်အတည်းမှာ စစ်တပ်မပါဘဲ ဖြေရှင်းနိုင်ဖို့ နည်းလမ်းမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo ကပြောကြားလိုက်ပါတယ်။

အီရတ်က ဆဒမ်ဟူစိန်ကို အမေရိကန်က ဝင်ရောက်ဖြုတ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း လူတွေအများကြီးသေစေခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အဲဒီကျုးကျော်စစ်ကြောင့် အီရတ်စစ်တပ်ရဲ့ အတော်ဆုံးတပ်မှုးတွေနဲ့ တပ်သားတချို့တွေကို ဆုံးရှုံးခဲ့ရပြီး အဲဒီအကျိုးဆက်အဖြစ် ပြည်တွင်းစစ်ဖြစ်ပွားကာ နောက်ဆုံး ISIS တွေဝင်ရောက်လာခဲ့ကြောင်း။

အလားတူပဲ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးနဲ့ ဖွဲ့စည်းထားပြီး တော်တော်များများက သူတို့ကိုယ်ပိုင် လက်နက်ကိုင်တပ်တွေရှိကြတဲ့အတွက် ကြီးမားတဲ့ပြည်တွင်းစစ်ဖြစ်နိုင်ကြောင်း၊ ဒါကြောင့် စစ်တပ်မပါဘဲ နိုင်ငံရေးအခက်အခဲကို မြန်မာပြည်မှာ ဖြေရှင်းဖို့ နည်းလမ်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ဘယ်လောက်ပဲ မနှစ်မြို့ပါစေ ဘယ်လောက်ပဲ ခက်ခဲပါစေ အပေးအယူလုပ်ဖို့နဲ့ အာဏာချိန်ခွင်လျှာ ညီဖို့ လိုပါတယ်"

စစ်တပ်ကိုဖယ်ရှားမယ် ဆိုရင် ခုလောလောဆယ်အတွက်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံနိုင်ကြမှာဖြစ်ပေမယ့် နောင် ၅ နှစ် ၁၀ နှစ်ကြာတဲ့အခါ ဘာဖြစ်မလဲ ဆိုတာ မသိနိုင်ဘူး လို့ပြောပါတယ်။

"မြန်မာက လစ်ဗျားလို အီရတ်လို ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးရှိတယ်။ အဲဒီလို ကွဲထွက်ပြီး မြန်မာမှာ စစ်ဖြစ်ကုန်ရင် သူ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ် အပါအဝင် ကျုပ်တို့စင်ကာပူကိုပါ ဆွဲချသွားမှာ။ အဲဒီအခါ ကျုပ်တို့ဒေသ ဆယ်စုနှစ်နဲ့ချီပြီး ပြဿနာတက်လိမ့်မယ်"

တနှစ်အရေးပေါ်အခြေအနေ ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်အရ ဆိုရင် ဒီအခြေအနေဟာ အမြဲတမ်းမဟုတ်နိုင်ဘဲ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတပြီး ပြောထားတဲ့အချိန်အတိုင်း မကောင်အထည်ဖော်နိုင်အောင်လို့သာ အာဆီယံအနေနဲ့ တွန်းအားပေးသင့်တယ်လို့ သူက သုံးသပ်ပြခဲ့ပါတယ်။

Naing Tun



0 comments:

Post a Comment