ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ မတ် - ၁၃
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကြက်ဆင်တံတား ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် လည်းကောင်း၊ အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်နေရာများနှင့် ကျေးရွာချင်းဆက်လမ်းလမ်းများတွင် လည်းကောင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment