ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များပေးဝေလှူဒါန်း
နေပြည်တော်၊ မတ် - ၁၂
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်ရှိ အိမ်ထောင်စု များအတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment