Friday, March 5, 2021

ပြစ်မှားခြင်းနှင့်ဒဏ်သင့်ခြင်း


မြတ်စွာဘုရားရှင်က မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်မျိုးကို
ပြစ်မှားမိပြီ ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ အပြစ်ဒဏ်(၁၀)မျိုးထဲကတစ်မျိုးမျိုးကို
ခံရတတ်ပါတယ်တဲ့။

၁။ အမတန်မှကြီးကျယ်ပြီး
ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့
ရောဂါဝေဒနာတွေ
စွဲကပ်လာတက်တယ်။
ဒဏ်သင့်လို့ဖြစ်တာလည်း
ရှိတယ် ၊
သူ့ဟာသူအခြားအကြောင်းကြောင့်ဖြစ်တာလည်း
ရှိတယ်တဲ့။
 ၂။ ခန္ဓာကိုယ်မှာတစ်စုံတစ်ခု လက်ခြေ၊အင်္ဂါစသည်ပျက်စီး ယိုယွင်းခြင်းဆိုတဲ့ ဒုက္ခတွေခံစားလာရတက်တယ်။

 ၃။ ယခင်ပြောခဲ့တဲ့ ဝေဒနာတွေထက်ပိုဆိုးပြီး ကြီးလေးတဲ့ ခံစားရခက်တဲ့ အမြဲတမ်းညည်းညူပြီး
နေရလောက်အောင်ခန္ဓာကိုယ်မှာခံရခက်တဲ့
ကြီးလေးတဲ့‌ရောဂါဝေဒနာတွေ စွဲကပ်လာတတ်တယ်တဲ့။

၄။ စိတ်တွေဟာ ဂယောင်ခြောက်ခြားဖြစ်လာပြီးတော့ ရူးသွပ်သွားရလောက်တဲ့ အခြေအနေမျိုးထိအောင်
ဖြစ်သွားတတ်တယ်။
၅။ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတွေကမိမိကိုရာထူးချပြစ်တာတွေ ၊
ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းသိမ်းခံရတာတို့ စသည့်ဖြင့် မင်းပြစ်မင်းဒဏ်တွေကို
သင့်ပြီးတော့ ထောင်သွင်းအကျဉ်းချခံရတာတွေနဲ့ကြုံရတတ်တယ်။

၆။ တစ်ကယ့်ကို ကိုယ်ဘာမှမလုပ်ပဲနဲ့အကြီးအကျယ်အရှက်တကွဲ အကျိုးနည်းအောင်
စွပ်စွဲခံရတာမျိုးလည်းကြုံရတတ်တယ်တဲ့။

၇။ အားကိုးရတဲ့ဆွေမျိုးမိဘတွေဟာကိုယ်မှာအားကိုးစရာ
မရှိလောက်အောင်တစ်ဦးပြီးတစ်ဦးဘဝနိဂုံးအဆုံးသတ်သွား ကြတော့
ကိုယ့်မှာအားကိုးစရာမရှိအောင်ဘဝမှာအထီးကျန် တစ်ကောင်ကြွက် ဆိုတာမျိုးဖြစ်သွားတတ်တယ်။

၈။ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးတတ်တယ်၊အကုသိုလ်ဖြစ်ပြီ ဆိုရင်ကိုယ်ပိုင်တဲ့ ပစ္စည်းတွေဟာဘယ်လိုနည်းနဲ့ပျောက်သွားမှန်း မသိလောက်အောင် ပျက်စီးသွားတတ်တယ်။

၉။ အိမ်ကိုမီးလောင်တတ်တယ်။
မီးလောင်တယ်ဆိုတဲ့နေရာမှာ အခြားနည်းတွေနဲ့လောင်တာရှိတယ်။ ယခုလို မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်ကိုပြစ်မှားပြီး လောင်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကျတော့ သူများတွေမလောင်ပဲနဲ့ ကွက်ပြီးတော့အလောင်ခံရတာမျိုး ၊ ကိုယ့်ပစ္စည်းမှာ လောင်မီးကျတယ်ဆိုတာမျိုး၊ဘယ်လိုအကြောင်း မှန်းမသိ ပဲလောင်ခံရတာမျိုးရှိတတ်တယ်။

၁၀။ နောက်ဆုံးတစ်ခုကျတော့ဘဝတစ်ခုအဆုံးသတ်သွားပြီ ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ အပါယ်ငရဲရောက်သွားတယ်တဲ့။
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသမေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ။
ကျန်းမာ ချမ်းသာကြပါစေ ။
 🙏🙏🙏🙏🙏🙏🙏🙏🙏

0 comments:

Post a Comment