နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၁) ကောက်နှုတ်ချက် အကျဉ်း
- အကြမ်းဖက် လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅ ဦး သေဆုံး ခဲ့ပြီးအမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊
- CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထားသည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှု များ ဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် ငွေကြေးစီးဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ် နေကြောင်း၊
-ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေးဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှ တိမ်းရှောင်ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာအချက်အလက်များကို စစ်ဆေး တွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊
-ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ်ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် လူဦးရေ ၃၅၀၇၇၀ ရှိသည်ကိုတွေ့ရသည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်း၊
-တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့်နိုင်ငံသားတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာ သင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း
-မဲမသမာမှုနှင့် ငွေကြေးအလွဲသုံးစား ဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူသို့အသိပေးထုတ်ပြန်ပြောကြား သွားမည်ဖြစ်ကြောင်း၊
0 comments:
Post a Comment