Saturday, March 13, 2021

အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မတ် - ၁၃

Covid-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘန်းယဉ်မြို့၊ ဆီဆိုင်မြို့နယ်၊ လွိုင်လင်မြို့၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မိုင်းနောင်မြို့၊ ကျေးသီးမြို့၊ နမ့်စန်မြို့နှင့် ကာယားပြည်နယ်၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းခုတ်မြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမ်းမြို့နယ်၊ တပ်တောင်မြို့နယ်ခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နှင့် မြို့လှမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲများ၊အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်းများတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝင်းများအတွင်း အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




0 comments:

Post a Comment