Thursday, March 11, 2021

ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများပြန်လည်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်ဆောင်ရွက်

 ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများပြန်လည်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၀

တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်^ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လာခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှု ယန္တရားယိုယွင်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူ လူထုနှင့် ရပ်မိရပ်ဖ များ၏ တောင်းဆိုချက်အရ အထက်ပါဖြစ်စဉ်များဖြစ်ပွားခဲ့သည့်နေရာများတွင် ဆူပူမှု ဖြစ်ပေါ်အောင်လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဥပဒေမဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး ပိတ်ထားသည့် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စုနှင့် ဘနလော ကျေးရွာအုပ်စုတို့ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်း ကျေးရွာအုပ်စု၊ ကော့ဘွတ်ကျေးရွာအုပ်စု၊ ထောင်ရိုက်ကျေးရွာအုပ်စုနှင့် နို့ငွါးကျေးရွာအုပ်စုတို့ရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အေးချမ်းသာ ကျေးရွာအုပ်စုရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံး၊ ထားဝယ်မြို့နယ်၊ သပြေချောင်း ကျေးရွာ၊ သဗျာကျေးရွာနှင့် ရှင်မုတ္တီးကျေးရွာများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေး ရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စု၊ မင်းရပ်ကျေးရွာအုပ်စုနှင့် တီဇစ်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ ရေဖြူမြို့နယ်၊ ကရင်ရှင်ထဘီကျေးရွာ၊ နှမ်းကြဲကျေးရွာ၊ ဝန်ဖို့ကျေးရွာ၊ ဥဿရံကျေးရွာ၊ ရေဖြူမြို့(က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ ကျောကညာကျေးရွာ၊ ညှင်းထွေးကျေးရွာ၊ ကျောက်ထောင့်ကျေးရွာ၊ နတ်တွင်းကျေးရွာ၊ ပုလဲကူကျေးရွာ၊ သစ်တိုထောင့်ကျေးရွာ၊ ဝိန်ရှောင်ကျေးရွာ၊ ရလိုင်ကျေးရွာ၊ ပုဂေါဇွန်းကျေးရွာ၊ ဧကနိကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ထိန်ကြီးကျေးရွာ၊ ပရက်ဒက်ကျေးရွာနှင့် မူဒူးကျေးရွာများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ၊ ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများသို့ ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက သွားရောက်၍ ရပ်မိ^ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ပြီး အုပ်ချုပ်မှု ယန္တရားများ မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများအား အသီးသီး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment