Monday, March 15, 2021

ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား NLD ဝန်းရံသူများက မီးရှို့

 ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား NLD ဝန်းရံသူများက မီးရှို့

နေပြည်တော် ၊ မတ် - ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ကျေးရွာနေ NLD ဝန်းရံသူများက မတ် ၁၄ ရက် ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည ၈ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင် မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရုံးခန်းအတွင်းရှိ ပရိဘောဂ ပစ္စည်းများမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကန်ကြီးထောင့်မြို့မရဲစခန်းမှ စုံစမ်း ဖော်ထုတ်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

 ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်၊ မတ် - ၁၅




COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ဃဥဠှီု-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ် ယူလျက်ရှိကြသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက် ဆူပူမှုတွေကြောင့် ထုတ်ပြန်လိုက်သည့် စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုများ ......

အကြမ်းဖက် ဆူပူမှုတွေကြောင့် ထုတ်ပြန်လိုက်သည့် စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုများ ......




မနေ့က ရန်ကုန်မှာရှိတဲ့ မြို့နယ်တော်တော်များများမှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေဖြစ်ခဲ့တယ်၊ စက်ရုံတွေကို မီးရှို့တယ်၊ ကားတွေကို မီးရှို့တယ်၊ အဖျက်အမှောက်လုပ်ငန်းတွေကို တော်တော်များများလုပ်ခဲ့ကြတယ်။ ဒါတွေကြောင့် မနေ့ကပဲ လက်ရှိအစိုးရဟာ အခြေအနေဆိုးရွားလွန်းတဲ့ နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အများပြောပြောနေတဲ့ Martial Law ကို ထုတ်လိုက်တယ်။ ဒီစစ်အုပ်ချုပ်ရေး ထုတ်လိုက်တာနဲ့ အမျှ အချိန်နဲ့ တစ်ပြေးညီ စစ်ဆေးမယ့် ပြစ်မှုတွေကို ဒီနေ့ ထပ်ထုတ်ပြန်လိုက်တယ်။ ဒီပြစ်မှုတွေထဲမှာ အဆိုးရွားဆုံး ပြစ်မှုတွေဟာ သေဒဏ်ပေးနိုင်သည်အထိ ပြင်းထန်တဲ့ ဥပဒေတွေပါပါတယ်။ သို့ပေမယ့်လည်း အပိုဒ်(၄) အပိုဒ် ခွဲ (ခ)မှာ အတည်ပြုခြင်းမှာတော့ ပြစ်မှုကို လျော့ပေ့ါစေဖို့ ဆိုတာလည်းပါနေပြန်တယ်။ ဒီတော့ လက်ရှိအစိုးရက သက်သက်ညှာညှာ ဆောင်ရွက်ဖို့ သဘောရှိတယ်ဆိုတာ ပေါ်လွင်တယ် .....။ ဒီလိုပြောလို့ လက်တည့်တော့ မစမ်းစေချင်ဘူး။ ကိုယ့်ကိုပြန်ပြီး စံနမှုနာလုပ်သွားမှာလည်း စဉ်းစားဖို့ လိုမယ် ....။ ဆိုတော့က လက်ရှိ မြေပြင်မှာ လုပ်နေတဲ့ CDM ကိစ္စတွေ၊ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ ပြည်သူ့ဝန်ထမ်းတွေကို နှောင့်ယှက်မှု တစ်နည်းအားဖြင့် ခင်ဗျားတို့ ပြောနေတဲ့ SP ပေ့ါ၊ လက်နက်ဥပဒေဟာလည်း Online ပေါ်က မြှောက်ပေး သွေးထိုးပေးနေတဲ့ လူတွေရှိတယ် ဒီလူတွေပြောတိုင်း ပေါက်ကရ လက်နက်တွေ မကိုင်မိပါစေနဲ့၊ ပြစ်မှုထဲမှာပါပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ပုဂ္ဂလိက ပိုင်ပစ္စည်းတွေဖျက်ဆီးဖို့လည်း မတွေးပါနဲ့ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေလည်းပါနေပါတယ်။ နောက်ဆုံးပြောချင်တာကတော့ သတင်းမီဒီယာတွေပါ ...... ခင်ဗျားတို့လည်း ပါတယ်ဆိုတာ မမေ့ပါနဲ့ စစ်အုပ်ချုပ်ရေးမှာ စီရင်မှာဆိုတော့က ....... :)

Gz လေးတွေကို ထိုင်ဝမ်က စော်ကားလိုက်ပြီ

 မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုင်ဝမ်စက်ရုံတွေကို ထိုင်ဝမ်အလံတွေလွှင့်ဖို့ သံရုံးကနေ သတိပေးလိုက်တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့ ..... စိတ်ထဲလည်း အတော်မကောင်းဖြစ်မိတယ်ဗျ ..... တရုတ်နိုင်ငံသားတွေ ပိုင်တဲ့ စက်ရုံတွေကို အကြမ်းဖက်ပြီး လိုက်မီးရှို့နေတာကို ထိုင်ဝမ်တင်မဟုတ် ကမ္ဘာကလူတွေသိတယ် .....။ ယနေ့ အကြမ်းဖက်မှုတွေမှာလည်း G z ဆိုပြီး နာမည်တပ်ပြီး လုပ်နေကြတာလည်း ရှိတယ် .....။ စဉ်းစားကြည့်ဗျာ ထိုင်ဝမ်က လက်ရှိ G z လေးတွေကို တရုတ်နဲ့ ထိုင်ဝမ်တောင် မကွဲဘဲ ထိုင်ဝမ်စက်ရုံတွေကို မှားလုပ်မိမှာ စိုးတာကြောင့် ထိုင်ဝမ် အလံလွှင့်ခိုင်းတဲ့ သဘောဖြစ်နေတယ် .....။ ဒါဆို ထိုင်ဝမ်က G z လေးတွေဟာ အဖြူအမည်းတောင် ကောင်းကောင်း မခွဲတက်တဲ့ ချာတိတ်လေးတွေလို့ သူတို့ ရင်ထဲမှာ သိသွားတာဗျ .....

နောက်တစ်ချက် .... တရုတ်ပိုင်တွေကို လိုက်ဖျက်စီးနေတာကို ထိုင်ဝမ်က ဘယ်လို သိလဲ ..... ထိုင်ဝမ်တောင် သိပြီဆိုရင် တခြားနိုင်ငံတွေကလည်း သိမှာဘဲ .....။ ဒီတော့ အဖျက်အမှောက်တွေလုပ်လို့ လက်ရှိအစိုးရက ထိန်းသိမ်းတာဟာ တရားဝင်ဖြစ်တယ်ဆိုတာ နားလည်ဖို့လိုလာပြီ .....။ ဒီအချိန်မှာ သေမှု သေခင်း ဖြစ်ခဲ့ရင် R2P အော်အော် US အော်အော် UK အော်အော် ဘယ်သူမှ လာပြီး ဖြေရှင်းပေးလို့ မရဘူး .....။

နောက်ဆုံးတစ်ချက်ကတော့ တော်တော့်ကို စိတ်ပျက်စရာပါ .....ဒါဟာ ဘာလဲဆိုတော့ သံရုံးမဟုတ်ဘဲ စက်ရုံတွေမှာ တိုင်းတစ်ပါး အလံလွှင့်တာပါပဲ ....။ နိုင်ငံတစ်နိုင်ငံမှာ သံတမာန်ရေးအရ အခြားနိုင်ငံက သံတမန်တွေ လာရောက်နေထိုင်ကြရပါတယ်။ ဒီသံတမန်တွေရဲ့ ရုံးတွေမှာ မိမိတို့ နိုင်ငံဆိုင်ရာ အလံတွေ လွှင့်ထားကြရတယ် .....။ သို့ပေသိ အမေရိကန် နိုင်ငံထဲက စက်ရုံမှာ ဘယ်နိုင်ငံက အလံလွှင့်တာမြင်ဖူးလည်း ....။ ဆိုလိုတာက ဒီနိုင်ငံထဲက နယ်မြေ သံတမန်အတွက် ပေးထားတဲ့ မြေမဟုတ်ဘဲ တခြားနိုင်ငံအလံ လွှင့်လိုက်ပြီဆိုရင် ဒီနယ်မြေက ဘယ်သူ့အပိုင်ဖြစ်ပြီလဲ ....။ 



ကမ္ဘာကြီးကို ဝိုင်းလိမ်နေကြတာ

Mizzima မှာတင်ထားတဲ့ Post တစ်ခုပါ။ မန္တလေးမှာ ဆန္ဒပြနေမှု မြင်ကွင်းဆိုပြီး တင်လာတယ် .....။ အမှန်ကတော့ လက်ထဲမှာ ဓါတ်ဆီတွေထည့်ထားတဲ့ ပုလင်းတွေ အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်တယ် ....။ ဒါကို တင်ထားလို့ ပြန်ဖျက်ဖို့ အတွက် US မှာ နေပြီး တိုင်းတစ်ပါးအတွက် စစ်မှုထမ်းနေတဲ့ ကလေးမလေးက ဝင်ရေးထားတယ် ...။ ဒီ Post ကို ဖျက်ပေးဖို့ပေ့ါ ....။ ဒါကိုကြည့်ခြင်းအားဖြင့် ကျုပ်ဘာသွားမြင်လဲဆိုတော့က .....။ လက်ရှိအခြေအနေတွေကို မြန်မာကလူတွေက ကမ္ဘာကို ဝိုင်းလိမ်နေကြတယ်ဗျ ....။  ပြောနေကြအတိုင်းပါပဲ အမှန်တရားကို လိုချင်ကြတာမဟုတ်၊ ကိုယ်ဖြစ်ချင်တာကိုပဲ အမှန်တရားဆိုပြီး အော်ဟစ်နေကြတယ် ...။ ကမ္ဘာကြီးက လိမ်တာမဟုတ်ဘူး။ လူနည်းစုက ဝိုင်းလိမ်တာ....။ ကမ္ဘာပေါ်က လူတွေကို ဝိုင်းလိမ်ချင်ကြတာ ......။




Sunday, March 14, 2021

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအား ဖြိုခွဲရှင်းလင်းရာမှ အကြမ်းဖက်အဖွဲ့အစည်းအသုံးပြုသည့် လက်လုပ်မိုင်းများနှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအား ဖြိုခွဲရှင်းလင်းရာမှ အကြမ်းဖက်အဖွဲ့အစည်းအသုံးပြုသည့် လက်လုပ်မိုင်းများနှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ်လ ၁၄

နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသည့် အကြမ်းဖက် လူအုပ်စုတို့သည် ဆူပူအကြမ်းဖက်မှု အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လာကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ထိပ်တိုက်ရန်ပြုအကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာ လျက်ရှိ သည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လည်း ပြည်မြို့၊ ပြည်သာယာရပ်ကွက် ရွှေတစ်ချောင်းလမ်းမပေါ်တွင် လူစုလူဝေး များဖြင့် ဆူပူလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ လူစုခွဲခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

၎င်းဖြစ်စဉ်တွင် ပါရှိခဲ့သူ ထက်ဝေယံ(ခ) အိုးလေး (၂၃)နှစ် (ဖ)ဦးအေးချို၊ ပြည်မြို့နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ သတင်းဖော်ထုတ်မှုအရ အကြမ်းဖက်အဖွဲ့အနေဖြင့် အသုံးပြုသည့် လက်လုပ်မိုင်း ၂၆ လုံး၊ အဆိပ်ငွေ့ဗုံး ၂ လုံး၊ ဓား ၂ ချောင်း၊ ဒိုင်း ၆ ခု၊ ကျည်ကာ ၃ ခု၊ မီးသတ်ဆေး ဘူး ၇ ဘူး၊ အခြားပစ္စည်းမျိုးစုံ ၇ မျိုးနှင့် WY စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉ ပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့၍ ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်ဆူပူသူများအနေဖြင့် အသက်အန္တရာယ်ရှိသော လက်နက်များကို အသုံးပြုခြင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို ကိုယ်တိုင်သုံးစွဲခြင်း၊ လူငယ်လူရွယ်များထံ ဝေငှ၍ သောက်သုံး စေခြင်း ဖြင့် အမှားအမှန်ခွဲခြားနိုင်မှုမရှိ၊ ဆင်ခြင်ပိုင်းခြားနိုင်မှုမရှိအောင် သွေးထိုးလှုံ့ဆော် ဆောင်ရွက် လာခြင်း ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ သားသမီးများ၊ ဆွေမျိုးများ အကြမ်းဖက်မှုတွင် မပါဝင်စေ ရေး အသုံးချခံမဖြစ်စေရေး လိုအပ်သလိုထိန်းသိမ်းဆောင်ရွက်ကြရန် အသိပေးထုတ်ပြန် အပ်ပါသည်။

ပဲခူးမြို့၊ မီးရထားရဲစခန်းအားလူစုလူဝေးမှ အကြမ်းဖက်ရန်ပြုမီးကွင်းပစ်ခတ်မှုအားလူစုခွဲ

 ပဲခူးမြို့၊ မီးရထားရဲစခန်းအားလူစုလူဝေးမှ အကြမ်းဖက်ရန်ပြုမီးကွင်းပစ်ခတ်မှုအားလူစုခွဲ

နေပြည်တော်၊ မတ်လ၁၄


နိုင်ငံတော်အတွင်းတည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသော အကြမ်းဖက်ရမ်းကားသည့် လူအုပ်စုများ သည် အချို့ မြို့ကြီးများနှင့် မြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများ နှင့် လူနေရပ်ကွက်နှင့် ဆက်စပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ စခန်းများ သို့ စီးနင်းဝင်ရောက်ခြင်း အကြမ်းဖက်ရန်ပြုခြင်းများ ကိုတစ်နေ့ တစ်ခြား ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေ သည်ကိုတွေ့ရှိရပါသည်။

ယနေ့နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးမြို့၊ ပဲခူးဘူတာနှင့်ကိုက် ၁၅၀ ခန့်အကွာရှိပဲခူးမီးရထားရဲစခန်းအားဦးဆောင်သူ (စိစစ်ဆဲ)၊ ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်သည် ဂျင်ကလိ၊ လေးခွ၊ မီးကွင်းတို့ဖြင့် အကြောင်းမဲ့ အော်ဟစ်ဆဲဆိုကာ အကြမ်း ဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့ကြသဖြင့် မီးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များမှဆူပူ အကြမ်းဖက် သူလူစု လူဝေးအားခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရပါသည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ မီးကွင်းဖြင့်ပစ်ခတ်မှုကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိသော်လည်းမီးကွင်းမှာစခန်းအတွင်းရှိအမှိုက်ပုံပေါ်သို့ ကျရောက်မီးလောင် ခဲ့ သဖြင့် တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်းနှင့် မီးရထားရဲစခန်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ကာလုံခြုံရေးရယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လူစုခွဲရှင်းလင်းစဉ် အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လူစုခွဲရှင်းလင်းစဉ် အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မတ်လ ၁၄

ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဦးဆောင်သူ (စိစစ်ဆဲ)၊ ဆူပူဆန္ဒပြသူ လူစုလူဝေး အင်အား ၄၅၀ ဦးခန့်သည် နိုင်ငံတော်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်း နိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆူပူဆန္ဒပြလူစုလူဝေးများအား လူစုခွဲရန် ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်းနင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့် ပစ်ခတ်၍ လူစုခွဲခဲ့ရာ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူဆန္ဒပြသူများမှ အကြမ်းဖက်ရန်ပြုပစ်ခတ်မှုကြောင့် ရဲတပ်သား ဇော်ဇော်အောင်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ ကျော်လင်းထိုက် (၃၀)နှစ်၊ (ဖ)ဦးတင်ဝ၊ ဆိတ်မူရပ်ကွက်၊ ဖားကန့်မြို့နေသူမှာ ထိခိုက်ဒဏ်ရာရှိကာ သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့်လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်











မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်လူ (၇) ဦးအား ကယ်ထုတ်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်လူ (၇) ဦးအား ကယ်ထုတ်ခဲ့

၂၀၂၁ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် (၅၈ လမ်းx ၁၁၂ လမ်း)ထောင့်တွင် လူစုလူဝေးအင်အားစုများမှ စုဝေးအော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းရှိ လူ ၇ ဦးအား (သူလျှို)(သတင်းပေး)ဟု အော်ဟစ်ဆဲဆိုရန်ဖြစ်ပြီး ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိခဲ့ပါသည်။

၎င်းရရှိသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားစုစည်းပြီး လူအုပ်အတွင်း သွားရောက်ကာ ၎င်းတို့ ထိန်းသိမ်းထားရှိသော လူ(၇)ဦးအား ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူ(၂)ဦးအားတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ယခုအချိန်ကာလသည် ဆူပူသူလူဆုလူဝေးအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း ကဲ့သို့ ရက်စက်ကြမ်းကြုပ်စွာ ဆောင်ရွက်လာပြီး အကွပ်မဲ့ကြမ်း ဗရမ်းဗတာ ဆိုသည့် စကားအတိုင်း လုပ်ရပ်များသည် ဥပဒေမဲ့ ဆောင်ရွက်လာနေသည်ကို တွေ့ရှိရသဖြင့် အေးချမ်းလုံခြုံမှုကို လိုလားသည့် ပြည်သူလူထုအနေဖြင့် ၎င်းကဲ့သို့ ဖြစ်စဉ်ဖြစ်ရပ်များ တွင်ပါဝင်မှုမရှိဘဲ ရှောင်ကျဉ်ကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့၌ရဲစခန်းများအား လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်မှုဖြစ်ပွား

 မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့၌ရဲစခန်းများအား လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်၊ မတ်လ၁၄


ပြည်သူလူထု၏ အေးချမ်း သာယာစွာ နေထိုင်စားသောက်မှုကို မလိုလားသည့် မသမာသူ တို့ အနေဖြင့် နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမ ပေါ်သို့လူအုပ်စုများ ရောက်ရှိ အောင်ဆူပူအကြမ်းဖက်မှုများမဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများ နှင့်ရဲတပ်ဖွဲ့စခန်း များ သို့ စီးနင်း ဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများ ကိုတစ်နေ့တစ်ခြားပိုမိုတိုးမြှင့်လုပ်ဆောင် လာနေသည် ကိုတွေ့ရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်နေသူဦးဇော်လွင် မိသားစုအိမ်အား အကြမ်း ဖက် လူအုပ်စုကသတင်းပေးဟုခေါင်းစဉ်တပ်အကြောင်းပြ၍ ရိုက်နှပ်ဖမ်းဆီးခေါ်ဆောင်ကာ၅၉ လမ်းနှင့် ၁၁၂ လမ်းထောင့်ရှိသံဓိသုခဓမ္မာရုံအတွင်းချုပ်နှောင်ထားရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်ကယ်ထုတ်ခဲ့ပြီးလိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်ကိုကျေနပ်မှုမရှိသောအကြမ်းဖက် လူအုပ်စု က နေ့လယ် ၂ နာရီ ၂၀ မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်(မြောက်) ရပ်ကွက်၊ ၇၈ လမ်းနှင့် ၄၂ လမ်းထောင့်ရှိရဲစခန်းနှင့် အောင်မြေသာ စံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ အကွက် ၂၀၀၊ ၂၆ လမ်း၊ ၈၉ x ၉၀ လမ်းကြားရှိရဲစခန်းအား လည်းကောင်း၊နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်ခန့် တွင် မဟာအောင်မြေမြို့နယ်၊ ၈၃ လမ်း၊ ၃၅ x ၃၆ လမ်းရှိရဲစခန်းအား လည်းကောင်း၊ နေ့လယ် ၃ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးလမ်းနှင့် ၆၂ လမ်းထောင့်ရှိရဲစခန်းအား လည်းကောင်း၊ မသာမာသူအချို့က ဆိုင်ကယ် များဖြင့် ဓာတ်ဆီပုလင်း အား မီးရှို့၍ ပစ်ပေါက်ခြင်း၊ လေးခွများဖြင့်ပစ်ခတ်ခြင်းပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများ ထွက်ပြေးသွား ခဲ့ကြောင်းသိရှိရပါသည်။

အလားတူမဟာအောင်မြေမြို့နယ်၊ ၈၁ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား ၊ ရပ်ကွက်အတွင်း လမ်းများပိတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအားသတင်းပေး ဟုစွပ်စွဲကာအကြမ်းဖက်သူလူအုပ်စုက ဝင်/ထွက်လမ်းများတွင် တာယာကွင်းများပုံ၍ မီးရှိို့ခြင်း၊ အသံပေးလက်လုပ်ဗုံးများ ပစ်ခတ်ခြင်း၊ ညာသံပေးအော်ဟစ်ခြင်းစသည့်ဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအချိန်မီသွားရောက်၍ ဒေသတွင်းအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လူစုခွဲဆောင်ရွက်ခဲ့ရသည်။

ဖြစ်စဉ်များတွင် ဆူပူအကြမ်းဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုနှင့်လေးခွဖြင့် ပစ်ခတ်မှုတို့ကြောင့် တပ်ဖွဲ့ဝင်နှင့်အဆောက်အဦများထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ လူစုခွဲခြင်းဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာဆူပူအကြမ်းဖက်သူ အမျိုးသား ၁၅ ဦးအားဥပဒေအရအရေးယူနိုင်ရေးထိန်းသိမ်းထားရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူများအားဥပဒေနှင့်အညီစိစစ်ဖော်ထုတ် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။ 


လှိုင်သာယာ မြို့နယ်ရှိ ရဲလုံခြုံရေး ရဲကင်းနေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အဦနှင့် မော်တော်ယာဉ်များအား မီးရှိုဖျက်ဆီး

လှိုင်သာယာ မြို့နယ်ရှိ ရဲလုံခြုံရေး ရဲကင်းနေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အဦနှင့် မော်တော်ယာဉ်များအား မီးရှိုဖျက်ဆီး

နေပြည်တော် မတ်လ ၁၄

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ ညနေ(၃)နာရီခန့်တွင် လှိုင်သာယာမြို့နယ် ရဲလုံခြုံရေးရဲကင်း အဆောက်အဦအတွင်းသို့ အကြမ်းဖက် လူအုပ်စု အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိလာပြီး ရဲကင်းအဆောက်အဦအတွင်း (သူလျှို)(ဒလန်) ၁ ဦး ဝင်ပြေးသွားကြောင်း၊ ချက်ခြင်းထုတ်ပေးရန်ဟု အော်ဟစ်ပြောဆိုခြင်း၊ ဆဲဆိုပြီး ခဲများ၊ ဓာတ်ဆီပုလင်းများနှင့် စတင်ပစ်ခတ်ခဲ့ပါသည်။ ရဲဝင်းအတွင်းရှိ မော်တော်ယာဉ်များ၊ ရုံးအား ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ပြီး အဓိကရုဏ်နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သော် လည်း အကြမ်းဖက်လူစုများမှ အတင်းဝင်ရောက်စီးနင်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲ၍ ဆုတ်ခွာခဲ့ရပါသည်။

အကြမ်းဖက်လူစုလူဝေးအနေဖြင့် ရဲကင်းအဆောက်အဦ(၅၀ ပေx၄၀ ပေ x၁၇ ပေ) အုတ်တိုက် (၁)ထပ် အဆောက်အဦနှင့် ဂရင်းတိုက်ဂါးယာဉ်တစ်စီး Succed ယာဉ်တစ်စီး၊ ကရောင်းယာဉ်တစ်စီးနှင့် ရဲအမှုဖြင့် သိမ်းဆည်းထားသော ယာဉ်(၂)စီး စုစုပေါင်း ယာဉ် (၅)စီးအားမီးရှို့ဖျက်ဆီးသဖြင့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပါသည်။

ဆူပူသူလူဆုလူဝေးအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ပိုင် အဆောက်အဦများ ၊ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်များအား အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆိုးဝါးသော ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပြီး နိုင်ငံ တကာတွင်လည်း မည်သို့မှ လက်ခံနိုင်ဖွယ်မရှိသော ဆိုးဝါးသောလုပ်ရပ်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များတွင် မီးရှို့မှုများဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များတွင် မီးရှို့မှုများဖြစ်ပွား


၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းရှိ အမှတ်(၄၀)ရှိ Global Fashion အထည်ချုပ် စက်ရုံ၊ အမှတ်(၄၀၆)ရှိ ဝေကြယ်အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ၊ ဦးထွန်းညို လမ်းနှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ အမှတ်(၉၄/၉၅) ယွမ်ဟောင်အထည်ချုပ်စက်ရုံ၊ အမှတ်(၇)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်းမကြီးအနီးရှိ အထည်ချုပ်စက်ရုံ၊ မင်းကြီးမဟာ မင်းခေါင်လမ်းရှိ အမှတ်(၂၇၃)၊ စမ်းမာထက် အထည်ချုပ်စက်ရုံတို့အား မီးရှို့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ လှိုင်သာယာနယ်မြေမီးသတ်စခန်း၊ ရွှေလင်ဗန်းအရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူ လှုပ်ရှားသူများသည် မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍မရအောင် ပိတ်ဆို့ တားဆီးခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာ ခဲ့သော်လည်းအတားအဆီးပိတ်ဆို့မှုများကြောင့် လက်ရှိအချိန်အထိ မီးလောင်ပြင်သို့ ရောက်ရှိ ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

အလားတူ ညနေ ၅ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာလမ်းနှင့်ပုလဲလမ်းထောင့်ရှိ Honor Appareal အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက် သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူများသည် မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင်ပိတ်ဆို့တားဆီးခဲ့ပါသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

အလားတူ ညနေ ၅ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာအနောက်ဘက်ရှိ ဖူဆယ်ဘောလုံးကွင်း အစောင့်နေအိမ်တွင် ဆန္ဒပြဆူပူလှုပ်ရှားသူများမှ မီးရှို့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ မြောက်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြ ဆူပူလှုပ်ရှားသူများမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင်ပိတ်ဆို့ တားဆီးခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။

အလားတူ ညနေ ၅ နာရီ ၂၃ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ ရွှေပြည်သာလမ်းနှင့်ဘုရင့်နောင်လမ်းရှိ Myanmar Solo Moda အထည်ချုပ်စက်ရုံ၊ JCK အထည်ချုပ်စက်ရုံ၊ အမှတ်(၆)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူ များမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင် ပိတ်ဆို့တားဆီးခဲ့ ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ် နိုင်ခဲ့သည်။

ထို့ပြင် စက်မှုဇုန်(၂)၊ ဒေါ်ဖွားရှင်လမ်း၊ အမှတ်(၁၁/၁၂)ရှိ Myanmar Sunview Co.,Ltd အတည်ချုပ်စက်ရုံအား ညနေ ၅ နာရီနာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ သံချပ်ဝန် ဦးညွန့်လမ်း၊ အမှတ်(၈၉/၉၀)ရှိ Suntime JCK အထည်ချုပ်စက်ရုံအား ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် (၁၅၇/၁၅၈)ရှိ Wanxinda အိတ်ချုပ်စက်ရုံအား ည ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရန် ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူများမှ မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင် ပိတ်ဆို့တားဆီးခဲ့ ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှသာ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ် နိုင်ခဲ့သည်။

၎င်းအပြင် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းရှိ မြဝတီဘဏ်ရှိ ATM စက်အား ဆူပူအကြမ်းဖက်သူလူတစ်စုက ဓာတ်ဆီပုလင်း ၄ ပုလင်းဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။

Saturday, March 13, 2021

အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မတ် - ၁၃

Covid-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘန်းယဉ်မြို့၊ ဆီဆိုင်မြို့နယ်၊ လွိုင်လင်မြို့၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မိုင်းနောင်မြို့၊ ကျေးသီးမြို့၊ နမ့်စန်မြို့နှင့် ကာယားပြည်နယ်၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းခုတ်မြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမ်းမြို့နယ်၊ တပ်တောင်မြို့နယ်ခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နှင့် မြို့လှမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲများ၊အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်းများတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝင်းများအတွင်း အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၃







မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင် ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းင်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဆေးရုံ၌ အထက်တန်းသူနာပြု ၆ ဦးတို့ဖြင့် ဒေသခံပြည်သူများကို ဆေးထည့်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့သာ ဆောင်ရွက်ပေးနိုင်သဖြင့် ဆေးကုသရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများက အနောက် မြောက်တိုင်းစစ်ဌာနချုပ်သို့ အကူအညီတောင်းခံလာခဲ့သည်။ ထို့ကြောင့် မတ် ၁၂ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့အား အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ က ကြိုဆိုခဲ့ကြောင်းနှင့် သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေး သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။

CDM လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းထားသော အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ၊ ကြို့ကုန်းမီးရထားဝန်ထမ်းအိမ်ရာ၊ နံ့သာကုန်းရပ်ကွက်မီးရထားဝန်ထမ်းအိမ်ရာနှင့် လှိုင်မြို့နယ် မီးရထားဝန်ထမ်း အိမ်ရာတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့

 CDM လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းထားသော အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ၊ ကြို့ကုန်းမီးရထားဝန်ထမ်းအိမ်ရာ၊ နံ့သာကုန်းရပ်ကွက်မီးရထားဝန်ထမ်းအိမ်ရာနှင့် လှိုင်မြို့နယ် မီးရထားဝန်ထမ်း အိမ်ရာတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော်၊ မတ် - ၁၃




နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော အုပ်စုများက အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၄ ရက်မှစ၍ နိုင်ငံတစ်ဝန်း လမ်းပန်း ဆက်သွယ်ရေးတွင်အဓိကကျသော ပစ်မှတ်များအဖြစ် မီးရထားလမ်းများအား ပိတ်ဆို့ခြင်း၊ ကားလမ်းများအား ပိတ်ဆို့တားဆီးခြင်းများအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အဓိကကျသော မီးရထားဝန်ထမ်းများအား CDM တွင် ပါဝင်စေ၍ နိုင်ငံအတွင်း လမ်းပန်း ဆက်သွယ်ရေးကိစ္စရပ်များ ရပ်တန့်သွားစေရန် အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ရပ်တန့်အောင် ဆောင်ရွက် လျက်ရှိသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် အုပ်စုများ၏ သွေးထိုး လှုံ့ဆော်မှုကြောင့် CDM တွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မလွှကုန်း မီးရထား ဘူတာဝန်းအား မတ်လ ၁၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်ညှိနှိုင်း ရှင်းလင်းပြီး အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်းကို သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဖျက်အမှောင့်သမားများ၏ CDM လုပ်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေး စည်းရုံးသိမ်းသွင်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်၍ အင်းစိန်မီးရထား စက်ခေါင်းစက်ရုံ၊ ကြို့ကုန်းမီးရထားဝန်ထမ်းအိမ်ရာ၊ နံ့သာကုန်းရပ်ကွက်မီးရထားဝန်ထမ်း အိမ်ရာနှင့် လှိုင်မြို့နယ်မီးရထားဝန်ထမ်းအိမ်ရာတို့ရှိ အချို့သော ဝန်ထမ်းများသည် CDM တွင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ CDM တွင်ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်၍ ဝန်ထမ်းများ၊ မိသားစု ဝင်များနှင့်တွေ့ဆုံဆွေးနွေး မှုများ ဆောင်ရွက်ပြီး အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ CDM ပါဝင်ခဲ့သည့် ဝန်ထမ်းမိသားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများအရ မီးရထားဝန်းအသီးသီးတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်းကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝန်ထမ်းအချို့မှာ အဖျက်အမှောင့်သမားများ၏ ဝါဒဖြန့်ချိ မှုများ၊ ကောလဟာလသတင်းများကြောင့် ပြင်ပသို့ ထွက်ခွာသွားခဲ့သော်လည်း အများစုမှာ လက်ရှိနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းများ၏ လုံခြုံရေးနှင့် လိုအပ်သည့် အကူအညီများကို တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လူမှုကွန်ရက်များနှင့် ၎င်းမီဒီယာများပေါ်မှ သတင်းမှားများ လုပ်ကြံဖန်တီးမှုများ ကြောင့် အကြမ်းဖက်ဆူပူဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားကို အလွန်အကျွံသုံးစွဲဖြေရှင်းကြောင်း ဝေဖန်စွပ်စွဲမှုများ ရှိနေသော်လည်း လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ဆူပူအကြမ်းဖက်မှုများ ဖြေရှင်းရာတွင် အကြမ်းဖက်လူအုပ်စု၏ လုပ်ဆောင်ချက် ပေါ်မူတည်၍ ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အနည်းဆုံး အင်အား အနိမ့်ဆုံး အဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီးရမိ

 မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ၊ မတ် - ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် တရားမဝင်ဘင်္ဂါလီများရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေး ရာ မတ် ၁၂ ရက် မွန်းတည့် ၁၂ နာရီတွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာ အတွင်း၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၂ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်

နေပြည်တော်၊ မတ် - ၁၃





မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဆူပူအကြမ်းဖက်သူများအနေဖြင့် အစိုးရလုပ်ငန်း ယန္တရားလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းများအား နည်းလမ်းမျိုးစုံ အသုံးပြု၍ ပိတ်ဆို့ခြင်းများအပါအဝင် အခြားအဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိ သည်။

ထိုသို့ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်း ဆူပူအကြမ်းဖက်လိုသူလူတစ်စုက ရပ်ကွက် အတွင်း ဝင်ထွက်သွားလာနိုင်သည့် လမ်းများအား သဲအိတ်များဖြင့် ပိတ်ဆို့ခြင်း၊ သုံးညှောင့်သံဆူး အတားအဆီးများ ချထားခြင်း၊ အုတ်ခဲ၊ ကျောက်ခဲများ ချထားခြင်းစသည့် နည်းလမ်းများဖြင့် လမ်းများပိတ်ဆို့၍ ဆူပူဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများအား ပိတ်ဆို့ပြီး ဆူပူဆန္ဒ ပြမှုများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စဉ် ဆူပူအကြမ်းဖက်သူများက ညာသံပေး အော်ဟစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မီးခိုးဗုံးများ၊ လောင်ကျွမ်းပေါက်ကွဲစေတတ်သော မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ Air Short Gun ၊ လက်လုပ်သေနတ် များ၊ တုတ်၊ ဓားများ၊ ဂျင်ကလိများ၊ လေးခွများဖြင့် ပစ်ခတ်၍ အကြမ်းဖက် လူအုပ်စု(Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက်ချက်များကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ ယခုလိုဘဲတွေ့ရှိခဲ့ရပါသည် ။

ထိုကဲ့သို့ အကြမ်းဖက် လူအုပ်စု(Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက် လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပိတ်ဆို့ထားသည့်အတားအဆီးများအား အဆင့်ဆင့် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများအသုံးပြုခဲ့ သည့် သံဒိုင်းများ၊ သံတုတ်များ၊ ဂျင်ကလိများ၊ ဓားရှည်များ၊ လက်လုပ်မိုင်းများအား သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်ဆူပူမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေး ဆူပူဆန္ဒပြသူများ၏ စုရပ်အဖြစ် သတ်မှတ်ထားသည့် နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်မံရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများအသုံးပြုသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခဲသီးအသုံးပြုပစ်ခတ်နိုင်သည့်သေနတ်များ၊ ကျည်ကာအင်္ကျီများ၊ မီးသတ်ဆေးဗူးများ၊ ဝါးဆစ်မိုင်းများ၊ တိတ်များဖြင့် ပတ်ထားသော လက်လုပ်မိုင်းများ၊ ဒိုင်းကာများ၊ တုတ်၊ ဓားများအား ထပ်မံ၍သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ဆန္ဒပြသူများအနက်မှ အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၉ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။

ဆူပူဆန္ဒပြသူလူတစ်စုအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ဟန့်တားနှောင့်ယှက် မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကိုလည်း ဖိအားပေး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်းများကို ဆောင်ရွက်ခြင်း၊ အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်အား ခြိမ်းခြောက်သည်အထိ မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လူအုပ်စု (Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၃


ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကြက်ဆင်တံတား ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် လည်းကောင်း၊ အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်နေရာများနှင့် ကျေးရွာချင်းဆက်လမ်းလမ်းများတွင် လည်းကောင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။



ခိုလမ်မြို့၌ တည်ထားကိုးကွယ်မည့် ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံးချမ်းသာရ ဆုပြည့်ဝစေတီတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကျင်းပ

ခိုလမ်မြို့၌ တည်ထားကိုးကွယ်မည့် ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံးချမ်းသာရ ဆုပြည့်ဝစေတီတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် - ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စေတနာရှင်တိုင်းရင်းသားပြည်သူများက တည်ထားကိုးကွယ်မည့် ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံးချမ်းသာရဆုပြည့်ဝစေတီ တော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နမ်စန့်မြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ သုခိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ အာလောက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားအလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သုခိတာရုံကျောင်းတိုက်ဆရာတော် ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရတနာအုတ်မြစ်တော်များ ဆက်ကပ်လှူဒါန်းကြရာ သံဃာတော်များက မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်များနှင့် တိုင်းမှူးက မင်္ဂလာအချိန်၌ အုတ်မြစ်တော်စီခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြပြီး သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ဂါထာတော် ကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သုခိတာရုံကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားများ နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား တိုင်းစစ်ဌာနချုပ်၊ သံလွင်ရိပ်သာ သို့ ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။




ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်၊ မတ် - ၁၃




COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ဃဥဠှီု-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ် ယူလျက်ရှိကြသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။

Friday, March 12, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြုတစ်လတာ

 နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြုတစ်လတာ 



အိုးစည်ဗုံမောင်းတို့ အချက်ကျကျ၊ အချိုးညီညီပေါင်းစပ်ထားတဲ့ မြန်မာနိုင်ငံသားတိုင်း ကြားဖူးနေကျ ရွှေအိုးစည်တေးသွားက ကမ်းစပ်မှာ ပျံ့လွင့်နေပါတယ်။ တရွေ့ရွေ့နဲ့ကမ်းကို နီးကပ်လာတဲ့ သင်္ဘောကြီးသုံးစင်းကို မြင်တွေ့နေရပါတယ်။ သင်္ဘောကုန်းပတ်ပေါ်မှာတော့ အမိမြေကို ခြေချခွင့်ရကြသူတွေ စိတ်လှုပ်ရှားနေကြပါတယ်။ ကမ်းစပ်မှာလည်း ပြည်တော်ပြန်တွေအပြင် သွားရောက်ခေါ်ဆောင်၊ စောင့်ရှောက် ကူညီပေးကြတဲ့ တပ်မတော်သားတွေကိုပေးအပ်မယ့် အောင်ပွဲခံ သပြေနုတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ပြည်သူတွေက ကြိုဆိုနေကြပါပြီ။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ အခက်အခဲ တွေ့နေကြတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်တို့ဟာ တပ်မတော်စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နဲ့ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ကို စီးနင်းရင်း ပြန်လည်ရောက်ရှိလာခဲ့တဲ့ မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ နိုင်ငံရပ်ခြားမှာ ကာလကြာရှည်စွာ ပိတ်မိ၊  ဒုက္ခခံနေရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမှာ ဖြစ်တယ်ဆိုတဲ့ လမ်းညွှန်မှာကြားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းရဲ့ အောင်မြင်မှု တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးတို့ တပ်မတော်ရေယာဉ်တွေနဲ့  မလေးရှားနိုင်ငံ လူမွတ်ရေတပ်ဆိပ်ကမ်းကနေ ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ကမ်းဆီကို ပြန်လည် ခေါ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ လမ်းခရီးစဉ် တစ်လျှောက်မှာလည်း   လုံခြုံရေး၊ စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ အပြည့်အဝ တာဝန်ယူ ပေးခဲ့တဲ့အတွက် ပြည်ပရောက်မြန်မာများအတွက် အားတက်ဖွယ် မျှော်လင့်ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခုဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သက်တမ်းဟာတစ်လတာပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်လတာအတွင်းမှာ အထက်မှာဖော်ပြခဲ့တဲ့ ပြည်ပမှာ အခက်အခဲကြုံနေရပြီး ပြည်တော်ပြန်ခွင့်မရခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို အခက်အခဲအမျိုးမျိုးကြားကနေ အောင်အောင်မြင်မြင်နဲ့ ခေါ်ယူနိုင်ခဲ့တာအပြင် များပြားလှတဲ့ နိုင်ငံတော်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များ၊ ပြည်သူများရဲ့ အခက်အခဲများစွာကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။  ဒီနေရာမှာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖြတ်သန်းမှု တစ်လတာအတွင်း ဆောင်ရွက်ချက်တွေ၊  ကြိုးပမ်းမှုတွေနဲ့ ပြည်သူ့အတွက် လုပ်ငန်း ဖော်ဆောင်မှုတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေက ဖေဖော်ဝါရီလ  ၁  ရက်နေ့စွဲနဲ့   အမိန့် တစ်ရပ်ကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်တဲ့   အမိန့်တစ်ရပ်ဖြစ်ပြီး အပြည့်အစုံ ကတော့ - (၁) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများ ရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။  (၂) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည် ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာ လွဲမှားနေသည့် မဲစာရင်းများ ဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည် ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။ (၃) မဲစာရင်းပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ်  ရွှေ့ဆိုင်းပေးခြင်း မရှိသည့်အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို  မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာ ဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲ အလံလွှင့်ထူခြင်းများ အပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကိုများစွာ ထိခိုက်စေလျက် ရှိသည်။ (၄) အဆိုပါပြဿနာများကို မှန်ကန်စွာဖြေရှင်းခြင်း မပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။   (၅) မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈  ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်သည်။ (၆) အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်း ဖြစ်ကြောင်းနှင့်   အရေးပေါ် အခြေအနေအား   ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ  ဤအမိန့်ထုတ်ပြန်သည့် နေ့မှစ၍   တစ်နှစ်သတ်မှတ်လိုက်သည်ဟူ၍ ဖော်ပြပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ကြေညာချက်အမှတ် (၁/၂၀၂၁) ကို ယင်းနေ့မှာပင် စတင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာပါရှိတဲ့ ရှေ့ဆက်သွားမယ့် ဆောင်ရွက်ချက်ငါးချက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် Road Map လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။

အဲဒီကြေညာချက်အတွင်းမှာ -  (၁)၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်  ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံ အသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများ ရှိနေသဖြင့်   ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပျက်ကွက် ခဲ့ပါသည်။  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း   ဆောင်ရွက်ရန်   ဆက်လက်ပျက်ကွက်ခဲ့သည်။   နိုင်ငံတော် သမ္မတအား အမျိုးသားကာကွယ်ရေးနှင့်     လုံခြုံရေးကောင်စီ အစည်းအဝေး    ခေါ်ယူဖြေရှင်း ပေးရန်     နှစ်ကြိမ်တင်ပြ ခဲ့သော်လည်း ငြင်းပယ်ခဲ့ပါသည်။  (၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို    ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို   ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ (၃) လတ်တလောဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို   အရှိန်အဟုန်မပျက် ထိထိရောက်ရောက်  ဆက်လက် ဆောင်ရွက်သွားမည်။ (၄) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    ထိခိုက်ခဲ့သည့်   စီးပွားရေး လုပ်ငန်းများအား   ဖြစ်နိုင်သမျှနည်းလမ်း များဖြင့်  အမြန်ဆုံးကုစားသွားမည်။  (၅) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။  (၆) အရေးပေါ်ကာလဆိုင်ရာ    ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ    (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး   တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန် စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်ဟူ၍ ဖော်ပြပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက် နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်အား ယာယီသမ္မတထံက လွှဲပြောင်းတာဝန်ပေးထားတဲ့ ယနေ့မှစ၍ ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း၊ နိုင်ငံတော်တာဝန် ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိသော တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားမယ် ဆိုတာကို အတိအလင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ  ၂  ရက်နေ့မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို တပ်မတော်တာဝန်ရှိ သူများနဲ့အတူ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို တပ်မတော်နှင့်အတူ  ထမ်းရွက်ကြမယ့် အရပ်သားပုဂ္ဂိုလ်များပါဝင်လျက် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ထို့အတူ ထိုနေ့ရက်တွေမှာပဲ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းဆိုင်ရာများ   ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို တိုင်းပြည်အတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်မယ့် အတွေ့အကြုံ ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကို စတင်ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အစရှိသည့် စီမံအုပ်ချုပ်ရေး အဖွဲ့များ၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့များနဲ့ နိုင်ငံတော်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမယ့် ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ခန့်အပ်ခဲ့ပြီး တာဝန်များ အပ်နှင်းခဲ့ပါတယ်။

ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း အဖွဲ့ဝင်ခုနစ်ဦးတို့ဖြင့်  ပြန်လည်ဖြည့်စွက် ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယင်းဦးတည်ချက် တွေမှာ နိုင်ငံရေးဦးတည်ချက် သုံးရပ်၊ စီးပွားရေး ဦးတည်ချက် သုံးရပ်နဲ့ လူမှုရေးဦးတည်ချက် သုံးရပ်တို့ ပါရှိပါတယ်။

နိုင်ငံရေး

(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊

(ခ) တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ် (NCA)ပါအတိုင်း   အလေးထားလုပ်ဆောင်ရေး၊

(ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံ များအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး၊

စီးပွားရေး

(က) စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း   ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

(ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

(ဂ) ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး၊

လူမှုရေး

(က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊

(ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊

(ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးစတဲ့ ဦးတည်ချက်တွေ ထားရှိဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံရေးဦးတည်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုများ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ “ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားတဲ့ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လက်ရှိသွားနေတဲ့  နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) အတိုင်းမပြောင်းလဲဘဲ ဆက်လက်တည်ရှိပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသွားမှာဖြစ်ပါတယ်” ဟု အလေးအနက်ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

 တိုင်းပြည်တည်ငြိမ်အေးချမ်းခြင်းနှင့် တရားဥပဒေစိုးမိုးခြင်း၊ ပြည်သူများအေးချမ်း စွာနေထိုင်ခြင်းကို ပျက်စီးစေမည့်လုပ်ရပ်များ မဖြစ်ပွားစေရေးအတွက်  နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် မြို့နယ်များတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ထုတ်ပြန်ခဲ့ပြီး ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။

ထို့ပြင်  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက   သဝဏ်လွှာပေးပို့ကာ တိုင်းရင်းသားပြည်သူများအားလုံး လက်တွဲ ညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန်နှင့် ကပ်ရောဂါကာလအတွင်း ဖြစ်စေကာမူ  တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှု လျော့ပါးစေရန်၊ ကပ်ရောဂါအလွန် ကာလများတွင်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူတကွ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။   အဲဒီမိန့်ခွန်းထဲမှာ ပြည်သူလူထုအပေါ်    စေတနာထားကာ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေး လျက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင် နိုင်ရန်အတွက် အစီအမံများကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယခုနှစ်ပြည်ထောင်စုနေ့၌ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ  အကျဉ်းသား၊  အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊     နိုင်ငံအချင်းချင်း   မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျ ခံနေကြသော  အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးခဲ့ပါတယ်။

နိုင်ငံတကာနှင့်ဆက်ဆံရေး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ရှေ့ဆက် လျှောက်လှမ်းမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံခြားရေးမူဝါဒများကို လည်း ဖေဖော်ဝါရီလ   ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ်ဖြစ်သူအား လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ  အကြီးအကဲများအားလည်းကောင်း    ဗီဒီယိုကွန်ဖရင့်ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက   ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် နှစ်နိုင်ငံတပ်မတော်တို့ ကိုဗစ်အလွန်ကာလများတွင် သင်တန်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပခဲ့တဲ့  လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာလည်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး  ဦးမြင့်သူက မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးတွင်   ဗြိတိန်နှင့် အီးယူတို့မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေဆိုင်ရာ   အဆိုမူကြမ်းတစ်ရပ် တင်သွင်းခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ ၁/၂၀၂၁ အစည်းအဝေးကိုလည်း   ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း   နိုင်ငံခြားရေးရာမူဝါဒ  ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံခြားရေးမူဝါဒများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လျက်ရှိသည့်အခြေအနေများ၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိ နေကြသည့် မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ   အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် နိုင်ငံတကာနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို  ဆွေးနွေးခဲ့ကြပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သြစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice  Admiral David Johnston AO RAN   နဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး သိရှိလိုသည့် အချက်များကိုလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ  ၂၄  ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ  ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး   ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊  ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့  နိုင်ငံခြားရေးဝန်ကြီးတို့နဲ့  သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။    

 ဆက်လက်ဖော်ပြပါမည်။

ဦးဇော်မြတ်လင်းကို အသုံးချပြီး ဖြန့်ဝေခဲ့သည့် မဟုတ်မမှန် သတင်းများအား သက်သေနှင့်တကွ ပြန်လည်ဖြေရှင်းခြင်း

 ဦးဇော်မြတ်လင်းကို အသုံးချပြီး ဖြန့်ဝေခဲ့သည့် မဟုတ်မမှန် သတင်းများအား သက်သေနှင့်တကွ ပြန်လည်ဖြေရှင်းခြင်း

ပုံတစ်ပုံချင်းစီကိုကြည့်သွားပေးပါ ခင်ဗျာ ဦးဇော်မြတ်လင်း၏ မိသားစုဝင်များကို အားနာသော်လည်း ဦးဇော်မြတ်လင်း သေဆုံးမှုကို အသုံးချပြီး မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေခြင်း အတွက်ကြောင့် ပြန်လည် ဖြေရှင်းခြင်းဖြစ်ပါသည်။


လိမ်ညာထားသည့်သတင်းပုံရိပ်များ

လိမ်ညာထားသည့်သတင်းပုံရိပ်များ