Monday, September 21, 2020

မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ) တပ်ဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ) တပ်ဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ- ၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူများနှင့် UWSA (ဝ)တပ်ဖွဲ့ဝင်များကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၅၁၁ ဦးနှင့် UWSA (ဝ)တပ်ဖွဲ့ဝင် ၇၂ ဦးတို့ကို အပူချိန်တိုင်းတာပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆုံဆို့နာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

0 comments:

Post a Comment