ကောင်းကောင်းသွားပါ ကိုယ့်ဆရာ၊
ကျုပ်တို့ရှိနေသရွေ့ ခင်ဗျားတို့လုံခြုံပါတယ်။
ငါတို့ဘာတွေ လုပ်ပေးခဲ့တယ်၊
ငါတို့ဘာတွေထပ်လုပ်ပေးအုံးမယ်ဆိုတဲ့ စကားတွေနဲ့၊
ခင်ဗျားတို့ကို မဲထည့်အောင် စည်းရုံးပါ။
စစ်သားဟာ ပြည်သူ၊ ပြည်သူဟာ စစ်သား၊
ခွဲခြားလို့မရတဲ့အကြောင်းတွေလဲ ခင်ဗျားလူတွေကိုပြောပြပေးပါ။
၈၈ တုန်းက မွေးခဲ့တဲ့ကလေးတွေက ခု ဗိုလ်ကြီးအဆင့်၊
၈၈ တုန်းက ၃ ပွင့်ဗိုလ်ကြီးအရွယ်က ခု တပ်ချုပ်အဆင့်၊
ခေတ်တွေပြောင်း လူတွေပြောင်းနေပြီ ဖြစ်တဲ့အကြောင်း၊
၆၂၊၈၈ အတိတ်ဟောင်းတွေထဲ ပိတ်နေသူတွေကိုလဲ ရှင်းပြပေးပါ။
ကောင်းကောင်းသွားပါ ကိုယ့်ဆရာ၊
ကျုပ်တို့ရှိနေသရွေ့ ခင်ဗျားတို့လုံခြုံပါတယ်။
ဦးတိမ်
0 comments:
Post a Comment