Thursday, September 3, 2020

ဖာပွန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ

ဖာပွန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၃


ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေနံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာဝင်း၌ သွားရောက်တွေ့ဆုံသည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment