Monday, September 28, 2020

ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၇


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကြက်ပေါင်ခြံရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်တို့၌ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့သည့် နေအိမ်များမှ ဒေသခံပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာ အောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကြက်ပေါင်ခြံ) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ဆုထူးပန်ကျောင်းတိုက်နှင့် အမှတ်(၁)အခြေခံ ပညာမူလတန်း ကျောင်း(လယ်ကုန်း)သို့ တပ်မတော်မှ မော်တော်ယာဉ်များ၊ စက်လှေများဖြင့် ကူညီရွှေ့ပြောင်း ပေးခဲ့ပြီး သောက်သုံးရေ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ၊ နန့်ယား- ကာမိုင်း သွားကားလမ်း ပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့သဖြင့် နယ်မြေခံတပ်မတော်သားများက ယာဉ်များ အန္တရာယ် မဖြစ်စေရန် လမ်းနယ်အမှတ်အသားများ ငုတ်ရိုက်ကြိုးတားပေးခြင်းနှင့် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment