Sunday, September 27, 2020

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်ရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၇

   
တပ်မတော်အနေဖြင့်  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်၊ ပုပိုင်းကျေးရွာနှင့် ဟန်ဒေါက်ကျေးရွာအုပ်စုတို့မှ သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက အလယ်ဟန်ဒေါက်ကျေးရွာ၌ သွားရောက်ပေးအပ်သည်။
    
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ပုပိုင်းကျေးရွာနှင့် ဟန်ဒေါက်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၅၃၄ စု၊ တောင်သူ ၂၁၃၆ ဦးအတွက် ဆန် ၃၃၅ အိတ်၊ ဆီ ၅၉၇ ပိဿာ၊ ဆား ၅၂၃ ပိဿာနှင့် ပဲ ၈၉၆ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ပုပိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူတစ်ဦးတို့က လက်ခံရယူကြပြီး ဟန်ဒေါက်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    
အဆိုပါ စလင်းမြို့နယ်အတွင်းရှိ ပုပိုင်းကျေးရွာနှင့် ဟန်ဒေါက်ကျေးရွာတို့မှ သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၈၃၃ ဧက ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment