Sunday, September 27, 2020

ပလက်ဝမြို့နယ်တွင် မသင်္ကာဖွယ် အရပ်သား ၂ ဦးအား ထိန်းသိမ်းစစ်ဆေး

ပလက်ဝမြို့နယ်တွင် မသင်္ကာဖွယ် အရပ်သား ၂ ဦးအား ထိန်းသိမ်းစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ - ၂၇
ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ကုလားတန်မြစ်အနောက်ဘက်ခြမ်းရှိလောင်းကဒူးကျေးရွာဘက်မှ ကုလားတန်မြစ်အားဖြတ်ကူး၍ မြစ်အရှေ့ဘက်ခြမ်းသို့မောင်းနှင်လာသည့် စက်လှေတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းစက်လှေပေါ်တွင် ပလက်ဝမြို့၊ ရွာမရပ်ကွက်နေသူများဖြစ်သည့် ထွန်းလင်းဇော်(ဘ)ဦးမောင်လှကျော်နှင့် စိုးကျော်လင်း(ဘ)ဦးသာကျော်မောင်တို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ အဆိုပါနှစ်ဦးမှတစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment