COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံ
နေပြည်တော်၊ စက်တင်ဘာ - ၂၇

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ
စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူ မရှိကြောင်း သိရှိရသည်။
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂ ဦးကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက် ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့်မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများအနက်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ COVID-19 ရောဂါ တွေ့ရှိရသဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၃၅၆ ဦး နှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၁၄ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ ကုသပေးနိုင်ရန်အတွက် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို စက်တင်ဘာ ၂၅ ရက်မှ စတင်လက်ခံလျက်ရှိရာ ယနေ့ည ၇ နာရီအထိ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၆၀ ပါးနှင့် အရပ်သား ၁၄၉ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် သံဃာတော် ၁၈၈ ပါး လက်ခံကုသပေးလျက်ရှိကြောင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၁၄၂ ဦးကို စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် လည်းကောင်း၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၆ ပါးကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း စတင်လက်ခံကုသ ပေးလျက်ရှိကြောင်းနှင့် အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀၀ ဦးထားရှိရန် လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌လည်းကောင်း၊ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် မရမ်းကုန်းမြို့နယ်ရှိ နယ်မြေခံတပ်၌ ၄၂၀ ဦးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၂၅၀ ဦးတို့ကိုလည်းကောင်းထားရှိရန် အသီးသီးပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ ထားရှိကုသပေးမှုနှင့် အဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စားရိပ်သာ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ဆေးရုံသုံးစက်ကိရိယာများနှင့် ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူ ပြုပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုများ ကို ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
0 comments:
Post a Comment