တပ်မတော်(ကြည်း၊ ရေ၊ လေ)က ထားဝယ်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်အတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ နယ်မြေခံတပ်နယ်ဧည့်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက ထားဝယ်မြို့၊ မြို့မိ၊ မြို့ဖများထံသို့ သွားရောက် ပေးအပ်လှူဒါန်းကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးက ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများဖြစ်သည့် Surgical Mask ၁၄၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၆၁ စုံ၊ Hand Gel ၄၅ ဘူးနှင့် Hand Sanitizer ၄၅ ခုတို့ကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment