အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်မှ လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ကူညီပို့ဆောင်
နေပြည်တော်၊စက်တင်ဘာ- ၂၃

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိဆရာတော် အဂ္ဂမဟာပဏ္ဏိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမဟာ သဒ္ဓမ္မဇောတိကဓဇမှ COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် လှူဒါန်းသည့် ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ကူညီပို့ဆောင်ပေးသည်။
အဆိုပါလှူဒါန်းမှုသည်ရန်ကုန်တိုင်းဒေသကြီး ၊တာမွေမြို့နယ်၊ အလို တော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဏိတအဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇမဟာသဒ္ဓမ္မဇောတိကဓဇမှ ရခိုင်ပြည်နယ် အတွင်း COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စစ်တွေမြို့အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတထံသို့ COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေး ပစ္စည်းများကိုပေးပို့လှူဒါန်းခြင်းဖြစ်သည်။

ထိုသို့ပေးပို့လှူဒါန်းရာတွင် တပ်မတော်ပို့ဆောင်ရေးလေယာဉ်နှင့် အတူ COVID-19 ရောဂါကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ပစ္စည်းများဖြစ်သော ဘေစင်ရေပိုက်(၂)တွဲ၊ ဘေစင်ရေခွက်(၄)တွဲ၊ ရေပိုက်(၃)မျိုးပါ(၂)ဖာ၊ Mask (၉)ပုံး၊ လက်ညှစ်ဆေးဖြန်းဘူ(၉)ပုံး၊ ဆိုင်းဘုတ်(၄)တွဲ၊ စားသောက်ကုန်များ တင်ဆောင်သွားကြောင်းနှင့် စစ်တွေတပ်နယ်အတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်း များကိုပါ သယ်ဆောင်သွား ကြောင်းသတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment