တချို့စုန်းပြူးတွေကြောင့်
တပ်မတော်ကြီးဟာ အရောင်ဆိုးခံရတယ်။
---------
တချို့သံယောဇဉ်နည်းလွန်းသူတွေကြောင့်
တပ်မတော်ကြီးဟာ တဖက်အဖွဲ့စည်းတွေရဲ့
ချနင်းစရာ နင်းပြားဖြစ်ရတယ်။
-------------

တချို့နောက်မှ ပေါက်တဲ့ရွှေကြာပင်တွေကြောင့်
တသက်လုံး ပဲဟင်းစားခဲ့သူတွေက
အပြောဆိုခံရတယ်။
--------------
ကိုယ့်အပြစ်တွေကို
ဖုန်းကွယ်ချင်မိတာတစ်ခုတည်းကြောင့်နဲ့လည်း
တပ်မတော်ကြီးမကောင်းဘူးလို့
လွယ်လွယ်ပြောထွက်နိုင်ကြတယ်။
-------------
ဒီတပ်မတော်ကြီးက
သင်ပေးတဲ့ ပညာတွေနဲ့လူဖြစ်ခဲ့ကြပေမဲ့
တချို့ သစ္စာမရှိသူတွေကြောင့်
တပ်မတော်ကြီးဟာ လူ့ပြောစရာဖြစ်ရတယ်။
-------------
တပ်မတော်ဟာ
စည်းမရှိ၊ကမ်းမရှိ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးမဟုတ်။
တပ်မတော်ကို ကျေးဇူးဆပ်ဖို့လည်းမလို။
သို့သော် သစ္စာရှိဖို့တော့လိုသည်။
#ဖိုးစည်
0 comments:
Post a Comment