Thursday, September 3, 2020

ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်

ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ စင်တင်ဘာ - ၃


ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ကျဆင်း သွားသဖြင့် ယာယီရေဘေးရှောင်စခန်းများတွင် ခေတ္တနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ များကို ၎င်းင်းတို့၏ နေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခြင်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်းတွင် ပန်းတောင်းမြို့၊ မြသိန်းတန် ဘုန်းတော်ကြီးကျောင်း တွင်နေထိုင်သည့် ခတ္တိယရပ်ကွက်မှ ရေဘေးရှောင်ပြည်သူ ၂၄ ဦးနှင့် တောင်လတ်ကြီးဘုရားသို့ ပြောင်းရွှေ့နေထိုင်သည့် တောင်(၂)ရပ်ကွက်မှ ရေဘေးရှောင်ပြည်သူ ၁၁ ဦးတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ နယ်မြေခံတပ်မတော်သား များက တပ်မတော်မော်တော်ယာဉ်များဖြင့် ၎င်းင်းတို့၏ နေအိမ်များသို့ ပြန်လည်ကူညီရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment