သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးဖမ်းလုပ်သားများအဆင်ပြေရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ငါးများထပ်မံ ဝယ်ယူဖြန့်ဖြူးရောင်းချပေး
နေပြည်တော်၊ စက်တင်ဘာ - ၂၃

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ မြို့ပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရေလုပ်သားများ ဖမ်းယူရရှိသော ငါးများအား ပို့ဆောင်ဖြန့်ဖြူးနိုင်မှုမရှိခြင်းနှင့် လာရောက်ဝယ်ယူသူ နည်းပါးလာခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ် တပ်နယ်မှ တပ်မတော်သားများက ကျိုက္ခမီမြို့ရှိ ငါးအရောင်းဒိုင်သို့ သွားရောက်၍ ငါးဓားလွယ် ပိဿာချိန် ၁၂၀၀ ကို ရေလုပ်သားများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ထပ်မံဝယ်ယူပေးခဲ့သည်။
ထိုသို့ဝယ်ယူခဲ့သည့် ငါးများကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ် များသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၀ ရက်တွင်လည်း ငါးပိဿာချိန် ၁၂၀၀ အား ဝယ်ယူဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။
ရေလုပ်သားများအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက် နေသည့် ကာလအတွင်း တပ်မတော်မှ ယခုကဲ့သို့ ငါးများဝယ်ယူ ဖြန့်ဖြူးပေးသည့်အတွက် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment