နိုင်ငံတော်အစိုးရက
ဖွင့်ပေးထားတဲ့
Quarantine Centerတွေမှာ
Qဝင်နေရသူတွေ များပြားလာတော့
နေရာအခက်အခဲတွေရှိလာတယ်
အလှုရှင် ဧရာဝတီဖောင်ဒေးရှင်းက
အကုန်အကျခံပြီး
သုဝဏ္ဏ ဘောလုံးလေ့ကျင့်ရေးကွင်းမှာ
အရေးပေါ်ဆေးရုံဆောက်လုပ်ပေးတယ်
Positiveလူနာ တစ်နေ့ထက်တစ်နေ့
ပို ပို များလာတော့
ရှိသမျှဆေးရုံတွေမှာ
လူနာတွေ ထားဖို့အခက်အခဲတွေရှိလာတယ်
တပ်မတော်ကဖွင့်ပေးထားတဲ့
Quarantine Centerမှာ
ရောက်လာတဲ့Qဝင်သူတွေကို
နေထိုင် စားသောက်ရေး
ဆေးစစ်တာအစ
အကုန်အခမဲ့ကျွေးမွေးပြီး တာဝန်ယူပေးနေတာ
အစိုးရကို ပူပေါင်း ကူညီပေးနေတာပါ
တပ်မတော် Quarantine Centerမှာ Q ဝင်နေတဲ့ သူငယ်ချင်းကို
နေထိုင်တာ စားတာသောက်တာ အဆင်ပြေ မပြေ
သူငယ်ချင်းကိုနေ့တိုင်း
ဆက်သွယ်မေးနေတာပါ။
အဆင်မပြေရင် ကူညီရအောင်ပါ
သူက ဟိုတုန်းထဲက
တပ်ဆိုအမြင်မကြည်တဲ့သူမို့
ရှင်းရှင်းပြောရရင်
ဘာတွေများပြောမလဲနဲ့
လန့်နေတာ အမှန်
ph ဆက်တိုင်း သူနေရ စားရတာ အဆင်ပြေတယ်တဲ့
လိုလေသေးမရှိဘူးတဲ့
ကိုယ့်အိမ်မှာမှ စားဖို့သောက်ဖို့ ပူရဦးမယ်
ထချက်ရဦးမယ်
ခုက အေးဆေးဘဲတဲ့
ယောကျ်ားလေး မိန်းကလေး
အဆောင်ခွဲထားတယ်တဲ့

သန့်ရှင်းရေးဆိုလဲ အမှိုက်ပုံးတွေထဲ
ကိုယ်တွေပစ်ထားသမျှ
အမှိုက်တွေကို
မညီးမညူ PPE ဝတ်စုံဝတ်ပြီး
မိုးရွာထဲလဲ လာသယ်သွားတာ
အားတောင်နာရတယ်တဲ့
ဟဲ့ နင်တို့ Quarantine ဝင်သူတွေကို
တပ်ကလူတွေ ဘယ်ပါတီကို
မဲထည့်ပေးကြပါ ပြောသေးလားလို့
အထွန့်တက်ပြီး မေးမိတော့
No ပါတဲ့ အဲ့ ဒီ အကြောင်း
လုံးဝမပြာပါဘူးတဲ့
ဒါ အမှန်တရားတွေမို့
အမြင်မတူတာတွေကို ဘေးချိတ်ပြီး
ပြည်သူတွေကို စိတ်စေတနာအပြည့်နဲ့
ကူညီပေးနေတဲ့
တပ်မတော်ကဖွင့်ပေးထားတဲ့
Quarantine Centerတွေမှာ
Q ဝင်လူတွေထပ်လက်ခံပေးနိုင်တာမို့
အစိုးရနဲ့တပ်မတော် ညှိနှိုင်းပူးပေါင်းပြီး
ပြည်သူတွေအဆင်ပြေဖို့
လက်တွဲဖြေရှင်းပေးပါလို့
တောင်းဆိုပါရစေရှင်
ချစ်ခြင်းများစွာနဲ့ MyatThaw Honey
0 comments:
Post a Comment